ကချင်ပြည်နယ်
နမ္မတီး မြို့က မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမှုတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက်
မနှိမ်နင်းနိုင်လို့ အထက်တန်း ကျောင်းသားတွေပါ မူးယစ်ဆေး သုံးစွဲမှု ပိုများလာတယ်လို့
ကျောင်းသား မိဘတွေက စိုးရိမ် ပူပန် နေကြပါတယ်။
ကျောင်းသား
လူငယ်တွေပါ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုမိုတွင်ကျယ် လာတာဟာ အာဏာပိုင်တွေက အခကြေးငွေယူပြီး
ထိရောက်စွာ မနှိမ်နင်းတာကြောင့်လို့ နမ္မတီးမြို့ခံတွေက ပြောပါတယ်။
တခါတရံ
နေပြည်တော်က လာပြီး ရှောင်တခင် ဖမ်းဆီးမှုတွေ လုပ်ပေမဲ့လည်း ပပျောက်မသွားဘူးလို့ ဆိုပါတယ်။
မူးယစ်ဆေးကို
အောက်ခြေ လူတန်းစားတွေပါ အသုံးပြုနိုင်အောင် ရောာင်းဝယ် ဖေါက်ကားနေတာလို့ မြို့ခံ ကျောင်းသား
မိဘ တစ်ဦးက ပြောပြပါတယ်။
“မဖမ်းတော့
ကျောင်းသား လူငယ်တွေ မူးယစ်ဆေးဝါးကို တော်တော်လေး သုံးစွဲလာကြတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ
အနေနဲ့ အဲဒါတွေကို ထိန်စေချင်တယ်။ မထိန်းပဲထားတော့ ပိုဆိုးတာပေါ့။ ဒီမူးယစ်ဆေးဝါးနဲ့
ကလေးတွေဟာ ကိုယ်ကျင့်တရားပိုင်းတွေ ပျက်စီးလာတယ်။ အာဏာပိုင်တွေ မသိပဲ မနေပါဘူး။ သိရဲ့သားနဲ့
ငွေကြေးယူပြီး လွတ်ထားတာလား ဘယ်လိုကြောင့်တော့လည်း မပြောတတ်ဘူး။”
ဒါနဲ့
ပတ်သက်လို့ နမ္မတီးမြို့ ရဲစခန်းက ထိထိရောက်ရောက် နှိမ်နင်းနေတယ်လို့ ဒုရဲအုပ် ဇော်ဝမ်းက
ပြောပါတယ်။
“ဒီနှစ်ထဲမှာ
အမှု ၂၀ကျောင် ဖမ်းပြီးပါတယ်။ မြို့တွင်းဆို မြစ်ကြီးနား ဖားကန့် လမ်းတစ်လျောက်ပေါ့။
သတင်းရတဲ့ အိမ်ကို သွားရှာလို့ တွေ့တဲ့အခါမှာ သက်သေခံပစ္စည်းနဲ့ တွေ့တဲ့အခါမှာ သူထိုက်သင့်တဲ့
အပြစ်ဒဏ် ကျပါတယ်။ ဒီလထဲဆိုရင် ၃မှုရှိတယ်။ ဒါတွေက လိုင်ဇာ တဖက်ကမ်းက လာတယ်။ အများအားဖြင့်
နံပါတ်ဖိုးပေါ့။”
ဒုရဲအုပ်
ဇော်ဝမ်းက အရေးယူတယ် ပြောပေမဲ့ နောက်ကျောင်းသား မိဘတစ်ဦးက အရေးယူတာ မရှိလို့ မူးယစ်ဆေးဝါး
ရောင်းဝယ်မှုတွေ များနေပြီး အလုပ်အကိုင်မရှိတဲ့ ဘွဲ့ရလူငယ်တွေပါ မူးယစ်ဆေးဝါးနောက် လိုက်နေကြတယ်လို့
ပြောပြပြန်ပါတယ်။
“ကျောင်းသားတွေနဲ့
ပတ်သက်ပြီး အာဏာပိုင် အဖွဲ့အစည်းတွေ သိနေတာပဲ။ ကိုယ့်တူ ကိုယ့်သားတွေလည်း ရှိနေတာပဲ။
အထက်တန်း ကျောင်းသားတွေဆိုပေမဲ့ စမ်းချင်တဲ့ အရွယ်တွေ ဖြစ်နေတယ်။မိဘတွေလည်း မသိဘူး
ဆရာ၊ ဆရာမတွေလည်း မသိဘူးဆိုတော့ စိုးရိမ်စရာပေါ့။ ထိထိရောက်ရောက် တားမြစ်ထားတာ ဆိုရင်တော့
ဆိုးဆိုးရွားရွား မရှိနိုင်ဘူးထင်တယ်။”
နမ္မတီး
မြို့မှာ မူးယစ်ဆေးဝါး ကိစ္စအပြင် ရပ်ကွက် လူကြီးတွေရဲ့ သားသမီးတွေလည်း လောင်းကြေး သိန်း
လေးငါးဆယ်ရှိတဲ့ ဖဲဝိုင်းတွေကို တစ်နေ့တစ်နေရာ ပြောင်းပြီးတော့ ကစားနေတယ်လို့ မြို့ခံတွေက
ပြောပြကြပါတယ်။
အာဏာပိုင်တွေက
မျက်ကွယ်ပြုထားလို့ မြို့ခံတွေ မကျေမနပ် ဖြစ်နေကြပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်
မယကရုံးကို ဆက်သွယ်လို့ မရပါဘူး။




