19
Jun

ကျောင်းသူ၊ကျောင်းသားများ မူးယစ်ဆေးသုံး၊ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်းမြင့်မား



မုံရွာမြို့ရှိ တက္ကသိုလ် ကျောင်းသားတွေကြားမှာ
မူးယစ်ဆေးဝါး သုံးစွဲမှုတွေ များပြားနေကြောင်း သိရပါတယ်။ မုံရွာမြို့မှာ ခုမှ ဖွင့်လှစ်ထားတဲ့
စီးပွားရေး တက္ကသိုလ်နဲ့ တက္ကသိုလ် ကျောင်းကြီးအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းချမှုတွေ
သိသိသာသာ ရှိနေကြောင်း သိရပါတယ်။ဒါ့ကြောင့် ကျောင်းသူ ကျောင်းသား အတော်များများမှာ
မူးယစ်ဆေး သုံးစွဲမှုတွေ ပိုများလာတာလို့ ဆိုပါတယ်။

 

ရောင်းချသူတွေကလည်း မြန်မာပြည်
မြောက်ပိုင်းကနေ ကျောင်းလာတက်တဲ့ အဆောင်နေ ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်
ဆေးသုံးစွဲမှုနဲ့ ပက်သက်ပြီး မုံရွာမြို့ စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးက
ပြောပါတယ်။

 

“အများဆုံး သုံးတာက ဘိန်းမည်းနဲ့
နံပါတ်ဖိုး၊ ပထမပိုင်း သူတို့ ဒီအတိုင်း ရှူနေရာကနေ နောက်ပိုင်းမှာ အတော်များများက
အပ်တွေ ဘာတွေနဲ့ သုံးတဲ့အဆင့်အထိ ဖြစ်နေပြီ။ (၁၀) လောက်မှာ (၃) ယောက်လောက်က မိန်းကလေးတွေ။”မူးယစ်ဆေးဝါး
သုံးစွဲမှု နောက်ဆက်တွဲ အနေနဲ့ မုံရွာမြို့မှာ ခုဆိုရင် မြို့တွင်း သူခိုး သောင်းကျန်းမှုတွေ
ပေါများလာသလို ငွေလိမ်တောင်းမှုတွေ၊ စာရိတ္တပျက်ပြားမှုတွေ များပြားလာတယ်လို့ သိရပါတယ်။
ဖမ်းမိတဲ့သူ အများစုက မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

 

 

ဒါပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်
သုံးစွဲမှုတွေကိုတော့ သက်ဆိုင်ရာက အရေးယူတာ မရှိဘူးလို့ အဲဒီ စီးပွားရေး တက္ကသိုလ် ကျောင်းသာကပဲ
ပြောပါတယ်။“သက်ဆိုင်ရာက ဖမ်းတာ၊ ဆီးတာ ဘာမှ မလုပ်ကြလို့၊ ကျတော့် အထင်ကတော့ ကျောင်းသားတွေ
နိုင်ငံရေးဘက် စိတ်မပါအောင်လို့ နံပါတ်ဖိုး သုံးတာ၊ ဆေးချတာတွေ ဒီမုံရွာဘက်မှာ ဖမ်းဆီးတာတွေ
ဘာမှမကြားဘူး၊ အဆောင်နေ ကျောင်းသားတွေဆိုရင် ပါလာတဲ့ ဆိုင်ကယ်ရောင်း၊ နောက်ဆုံးရှိတာ
အကုန်ရောင်းပြီး ဆေးသုံးကြတော့တာ။”

 

မုံရွာ အထက်တန်း ကျောင်းသားလောကမှာလည်း
မူးယစ် စိတ်ကြွဆေးပြား သုံးစွဲမှု တဖြည်းဖြည်း များလာတယ်လို့ သိရပါတယ်။ မူးယစ်ဆေး သုံးစွဲမှုတွေထဲက
ဘိန်းဖြူထိုးတဲ့ အကျိုးဆက်အနေနဲ့ မုံရွာမြို့ လူငယ်၊ ကျောင်းသားတွေကြားမှာ အိတ်ခ်ျအိုင်ဗွီ
ရောဂါ ဖြစ်ပွားမှုနှုန်း တော်တော့် ကိုမြင့်မားလွန်းပြီး လူငယ်တွေရဲ့ အသုဘကို လူကြီးတွေက
လိုက်ပို့နေရတယ်လို့ ဆေးရုံအသိုင်းအဝန်းကနေတစ်ဆင့် သိရပါတယ်။



မုံရွာမြို့ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများ
မူးယစ်ဆေးသုံး၊ (DVB)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top