ရန်ကုန်မြို့
အမှတ်(၅) ဇီဝကလမ်း၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) အစည်းအဝေး ခန်းမဆောင်တွင်
ကျင်းပလျက်ရှိသော ကျန်းမာရေး ညီလာခံ၏ ပထမထပ်၌ မျိုးဆက်ပွား ကျန်းမာရေး အတွက် အပြုအမူ
ပြောင်းလဲ ရေဆေးပညာပေး ဟောပြောပွဲ တစ်ရပ် ဇန်နဝါရီ (၂၈)ရက် နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ရာ
ဒေါက်တာခင်မောင်လွင် (ညွှန်ကြားရေးမှူး) ဗဟိုကျန်းမာရေး ပညာဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနက
အောက်ပါအတိုင်း ပညာပေးတင်ပြ ဆွေးနွေးပါတယ်။
ဒေါက်တာ
ခင်မောင်လွင်က မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေဟာ သိရုံလေးနဲ့ မပြီးဘူး၊
မျိုးဆက်ပွားတာဝန်တွေ ဆောင်ကြတဲ့နေရာမှာ မသိဘဲနဲ့ ကလေးအဖေတွေ ကလေးအမေတွေ ဖြစ်လာကြတယ်။
မသိကြ၍ အဖေမှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရလာတတ်ကြတယ်။ ဒီမသိမှုတွေကို သိလာအောင် သတိနှင့်
ယှဉ်၍လုပ်ဆောင် နိုင်ကြရန် သိသင့်သိထိုက်တဲ့ အလုပ်တွေ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ
ကျွန်တော်တို့က အသိပညာ ပေးတာဖြစ်တယ်။
အသိပညာပေးတဲ့နေရာမှာလူတွေကို
စိတ်ဝင်စားအောင်လဲလုပ်တယ်၊ သူတို့ကိုယ်တိုင်ကပဲ တာဝန်ယူ ဆောင်ရွက်တဲ့ ကျေးရွာကျေးလက်
လူထုအခြေခံတဲ့ ကလေးတွေ တိုးတက်များပြားလာအောင် လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးဆိုတာ
ရပ်ရွာဒေသလူထုက မိမိကိုယ်တိုင်က ကျန်းမာအောင် ဆောင်ရွက်မှ ဒါတွေမီခိုနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့က
စေတနာ့ဝန်ထမ်းအဖြစ် လောလောဆယ်က လူငါးသောင်း မွေးထုတ်ထားပါတယ်။ စေတနာ့ဝန်ထမ်းတွေ အနေနဲ့
ပင်မအလုပ်က ဘာလဲဆိုတော့ ကျေးလက်ဒေသ အောက်ခြေလူထုနဲ့ တံတားခင်းပေးတာဘဲဖြစ်ပါတယ်။ သူတို့ကလုံးဝဆေးကု
မပေးပါဘူး။ ဆေးကုပေးနေတဲ့လူ၊ ဆေးကုပေးနေတဲ့ ကျန်းမာရေးဌာနတွေကို လူထုကစနစ်တကျ သွားရောက်နိုင်အောင်
စီစဉ်ပေးပါတယ်။ ဒီစေတနာဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်မိခင်တွေကို ဒီကိုယ်ဝန်ဆောင်ရတဲ့ ကာလအတွင်းမှာ
ကိုယ်ဝန်ဆောင်သွားပြရမယ့် ဆေးခန်းကို သိပေမယ့်လဲ မလာနိုင်ဘူး၊ ကျန်းမာရေး ကာကွယ်ဆေးထိုးပေးထားရင်
မိခင်ရောကလေးတွေအတွက်ပါ ရောဂါကာကွယ်နိုင်တယ်။
အာဟာရနဲ့
အသိပညာပေးတယ်၊ သံဓာတ်နဲ့ပတ်သက်တာကို အခမဲ့တိုက်ကျွေးတယ်။ လိုအပ်တဲ့ ကလေးအနေအထားကို
ပြုပြင်ပေးတယ်။ ကိုယ်ဝန်ဆောင်ဆီးစစ်တာ၊ သွေးစစ်တာ ဆောင်ရွက်ပေးတယ်။ ကိုယ်ဝန်ဆောင်မှာ
HIV ကူးစက်နေတာတောင် သူမွေးဖွားလာတဲ့ ကလေးမကူးစက်နိုင်အောင် စောင့်ရှောက်ကုသပေးတဲ့
နည်းပညာတွေ ကမ္ဘာမှာ ပေါ်လာပြီ၊ HIV ရောဂါကို ကုသရန် နတ္ထိဆေး မရှိ ဆိုတာပြောကြပေမယ့်
ကလေးကိုတော့ HIV မကူးစက်နိုင်ရန် ကြိုတင်ကာကွယ်နိုင်ပါတယ်။
တကယ်လို့
ဝေးလံနေတဲ့ ကျေးလက် တောရွာတွေမှာ တကယ်လို့ဖြစ်လာရင် ကျွန်တော်တို့ရဲ့ စေတနာဝန်ထမ်းတွေက
တိုက်တွန်းတယ်၊ ပညာပေးတယ်၊ သွေးဆောင်ခေါ်ယူရတယ်၊ ကိုယ်ဝန်ဆောင်မှာ အန္တရာယ် လက္ခဏာတွေရှိလာတဲ့အခါမှာ
လွှဲပြောင်းပေးပို့ရန် တာဝန်ယူတယ်။ ဆေးရုံသွားရန် ငွေရေးကြေးရေး မပြည့်စုံသူ ကိုယ်ဝန်ဆောင်အတွက်
ငွေကြေးစိုက်ထုတ်နိုင်ရင် ဖြစ်စေ၊ ငွေကြေးမစိုက်ထုတ်နိုင်ခဲ့ရင် တတ်နိုင်တဲ့ မိသားစုများထံမှ
အလှူခံပြီး ဆေးရုံအရောက် ပို့ပေးတယ်။ စေတနာဝန်ထမ်းအဖွဲ့ဝင်ချင်းစုဆောင်းကာ ငွေ(၂ဝဝဝဝ)လောက်
စိုက်ထုတ် အကူအညီ ပေးတာ ကျွန်တော်ကြားလဲကြားဖူးတယ်။ ကိုယ်တိုင်လည်းတွေ့ခဲ့ဖူးပါတယ်။
စေတနာဝန်ထမ်းတွေ ကိုယ်တိုင်ငွေလဲပါဝင်တယ်။ အိမ်ခြေ (၃ဝ)ကို တစ်ယောက်ကျ ဝိုင်းဝန်းကူညီပေးလိုက်ကြတာ၊
ကိုယ်ဝန်ဆောင် အန္တရာယ်ကင်းသွားခဲ့တာ အများကြီးရှိပါတယ်။
ဒါ့အပြင်တိုးချဲ့ပြီးတော့
ဘာလုပ်မလဲဆိုတော့ မွေးကလေးဌာနမှာ အခုဆိုရင် မြန်မာနိုင်ငံမှာ တော်တော်များများဟာ အိမ်မှာမွေးကြတယ်၊
သားဖွားဆရာမနဲ့ မွေးတဲ့လူလဲရှိတယ်။ အိမ်တွေမှာမွေးတဲ့ ကိုယ်ဝန်ဆောင်လူနာကို စောင့်ရှောက်နိုင်တဲ့
အားကိုးနိုင်တဲ့ စေတနာဝန်ထမ်းတွေ ဖြစ်လာအောင် ကျွန်တော်တို့ကထပ်ပြီး တိုက်တွန်းနေတယ်၊
ကလေးမွေးပြီး ကလေးသန့်သန့်ရှင်းရှင်း ဖြစ်ဖို့ မီးတွင်းကာလ (၅)ရက်ဖြစ်စေ၊ (၇)ရက်ဖြစ်စေ
ကူညီနိုင်တဲ့အတွက် ကလေးသေနှုန်း လျော့ကျနိုင်တယ်။ စေတနာဝန်ထမ်းအများကြီး မျိုးဆက်ပွား
သင်တန်းနဲ့ဆုံစည်းရာ ရိပ်မွန်ဆိုတဲ့ တံတားလေးဖွဲ့ထားပါတယ်။
တချို့ရွာက
လူတွေက အိမ်လှူတယ်၊ ငွေတတ်နိုင်တဲ့လူက ငွေလှူတယ်၊ ဒါမှမဟုတ် အဲဒီရပ်ရွာက လူတွေစုဝေးပြီးမြေလွတ်မှာ
အိမ်ကလေးဆောက်လှူတယ်၊ အဲဒီမှာသားဖွား ဆရာမခေါ်တယ်၊ ရွာနီးစပ်က လူနာရှိရင် သားဖွားဆရာမ
သွားခေါ်လို့ရတယ်။ ဒီလို ကျန်းမာရေး စေတနာဝန်ထမ်းတွေ ရှိလာတဲ့အတွက် ဒေသန္တရကျန်းမာရေးဌာနတွေ
အတွက်များစွာ အကူအညီရရှိနိုင်ပါတယ်။ ဥပမာ ကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်းတွေက ကျန်းမာရေးပညာပေး
ဗဟုသုတတွေကို ရွာမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေကို ဘာအစားအစာ ရှောင်သင့်တယ်။
ပညာပေးပြောတာနဲ့
ရွာမှာရှိတဲ့ကိုယ်ဝန်ဆောင်တွေများစွာ အကျိုးရှိကြမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လက်ထဲကို
ကြက်ဥတစ်လုံး မြေပဲတစ်ဆုပ်၊ နှမ်းပျစ်တစ်ခု ပေးကမ်း ကျွေးလိုက်ရရင် ဒီကိုယ်ဝန်ဆောင်ဟာ
လောလောဆယ် အာဟာရပြည့်အား ရှိစေနိုင်ပါတယ်။ မွေးဖို့လဲအားရှိနိုင်မယ် မွေးဖွားပြီးကလေးမှာလဲ
အားရှိမယ် ကံဆိုးလို့မီးဖွားရတာ ခက်ခဲလဲ ကျွန်တော်တို့က ကြိုတင်စီမံ ပြီးတော့ ပြုစုပေးရမှာဖြစ်ပါတယ်။
နောက်တစ်ခုက လူငယ်လေးတွေနဲ့ ပတ်သက်ပြီးတော့ အသက်(၁၅)နှစ်က (၂၄)နှစ်ရှိ လူငယ်ကလေးတွေမျိုးဆက်ပွား
ကျန်းမာရေး အသိပညာပေးတယ်။ အခြားသော ကျန်းမာရေးလုပ်ငန်းများကို အဲဒီနည်းနဲ့ အခြေခံပြီး
စည်းရုံးခဲ့ပါတယ်။ အခုမျိုးဆက်ပွား လူငယ် စေတနာဝန်ထမ်းအဖွဲ့တွေကို ဝမ်းတွင်းကုန်းမြို့နယ်
ပြည့်စုံကုန်းကျေးရွာမှာ တစ်ခုချောက်မြို့နယ် သပြုကျေးရွာမှာတစ်ခု၊ လားရှိုးမြို့နယ်
ကုန်းသလား ကျေးရွာမှာ တစ်ခုကို ယခုဖေဖော်ဝါရီ(၅)ရက်နေ့မှ စတင်ဖွဲ့စည်းပါမယ်။ ကျွန်တော်တို့
ကျန်းမာရေး ပညာပေးအဖွဲ့က သွားရောက်ဖွင့်လှစ်ပေးမှာပါ။
နောက်ထပ်တခြားမြို့နယ်ကလည်း
လုပ်ချင်တယ်လို့ပြောပါတယ်။ ကျွန်တော်တို့အဖွဲ့က အသိပညာ ပေးတဲ့စာအုပ် စာတမ်းကအစ သားဖွား
ဆရာမ ဒေသန္တရဆရာဝန်၊ မျိုးဆက်ပွား စေတနာဝန်ထမ်း လူငယ်တွေတွေ့ဆုံ၍ ဆုံဆည်းရာ ကျန်းမာရေးအဖွဲ့၊
လေးဖွဲ့ဖွဲ့ စည်းပေးပါမယ်၊ ရပ်ကွက်ရပ်ရွာ ကျေးရွာ လူထုကလဲ ဗီရိုလေးဖြစ်စေ ထိုင်ခုံလေးဖြစ်စေ
တတ်နိုင်သလောက် လာရောက်ကူညီမှု ပြုပါကြောင်း ဒေါက်တာ ဦးခင်မောင်လွင် (ညွှန်ကြားရေးမှူး)က
ဆွေးနွေး ဟောပြော သွားပါတယ်။




