ယနေ့ညနေပိုင်းက
မြန်မာပြည်သားများ ပါဝင်မည့် ဂေးတို့၏ စီတန်းလမ်းလျှောက်ပွဲကို ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့ရှိ ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားသည့် ညဈေး (night
bazzar)တ၀ိုက်တွင် အကြီးအကျယ်ပြုလုပ်ရန်
စီစဉ်ထားသော်လည်း ဒေသခံအချို့၏ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရသည်။ အဆိုပါပွဲတွင်
မြန်မာပြည်မှ ဂေး ၂၀ နီးပါး ပါဝင်ဆင်နွှဲရန် ချင်းမိုင်တွင် စုဝေးခဲ့ကြကြောင်း
သိရသည်။
ရာနှင့်ချီသည့် အနီရောင်ဝတ် ကန့်ကွက် ဆန္ဒပြသူများက ဂေးများ
စုဝေးသည့်နေရာကို ပိတ်ဆို့ထားကြသည်။ ဂေးများ ထိုနေရာမှ ထွက်ခွာခြင်းမပြုနိုင်ရန်
ဝိုင်းထားကြသည်။ အဆိုပါ ခြံဝင်းထဲမှ ထွက်ခွာမည့် ကားထဲတွင် ဂေးများ ရှိမရှိ
စစ်ဆေးပြီးမှ ထွက်ခွာခွင့်ပြုသည်။ ထိုင်းရဲတို့က ဂေးတို့ကို အကာအကွယ် ပေးထားရသည်။
ဂေးများလှည့်လည်မည့် ညဈေးသို့
သွားရောက်ပြီး အင်အားပြနေသည့် ၀တ်စုံနီ ဆန္ဒပြသမားများ။ ဂေးပွဲတော်သည် ဒေသခံတို့၏
ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည်ဟု ၎င်းတို့က ဆိုသည်။
စီတန်းလှည့်လည်ရန်
ပြင်ဆင်ထားသည့် ဂေးတို့၏ ကားတစီး။ ယမန်နှစ်က လှည့်လည်ပွဲမှာ ယခုနှစ်ကဲ့သို့
မဟုတ်ဘဲ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့သည်။
ဂေးများပါဝင်သည့် ချင်းမိုင်မှ စီတန်းလမ်းလျောက်ပွဲကို ဒေသခံတို့ပိတ်ပင်




