လိင်တူချစ်သူ
အမျိုးသား လူငယ်လေးတွေအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာ ဗဟုသုတပေးတဲ့ ရုပ်မြင်သံကြား
ဇာတ်လမ်းကို ထိုင်းနိုင်ငံမှာ မကြာခင်က ထုတ်လွှင့်ပြသနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ
ရုပ်သံဇာတ်လမ်းလေးထဲမှာ ချစ်ကြိုက် ပွေ့ဖက် နမ်းရှုပ်တဲ့ ဇာတ်ဝင်ခန်းတွေ အမြောက်အများလည်း
ပါဝင်တယ်လို့ သိရပါတယ်။ ဇာတ်ကားရဲ့ နာမည်လေးကတော့ Love Audition လို့ ခေါ်ပါတယ်။
ဒီလိုမျိုး
ဇာတ်လမ်းလေးတွေဟာ အမှန်တကယ်ဆိုရင် ထိုင်းနိုင်ငံမှာ အလွန်အင်မတန်ကို ပြသခဲတဲ့ ဇာတ်လမ်းမျိုး
ဖြစ်ပါတယ်။
ဒီရုပ်သံဇာတ်လမ်းကို
ကြည့်နေရင်းတောင် လိင်ပိုင်းဆိုင်ရာ ပညာပေးတဲ့ ဇာတ်ကားမှန်း မသိရလောက်အောင်ကို မသိမသာ
ရိုက်ကူး တင်ပြထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမပိုင်း
ရုပ်သံဇာတ်လမ်းတွဲကို သက်တူရွယ်တူ ဆယ်ကျော်သက် သူငယ်ချင်း လူငယ်လေး သုံးယောက်ရဲ့ အကြောင်းကို
ရိုက်ကူးထားတာဖြစ်ပြီး အဲဒီလူငယ်သုံးယောက်က လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုတယ်ဆိုတဲ့
သတင်းစကားမျိုးကို ထည့်သွင်း ထားတယ်လို့လည်း သိရပါတယ်။
ဒီရုပ်မြင်သံကြား
ဇာတ်လမ်းလေးကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အရွယ် လိင်တူချစ်သူ အမျိုးသားတွေအတွက် အဓိကရည်ရွယ်ထားတာ
ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင်
ဇာတ်လမ်းရဲ့ အဓိက ရည်ရွယ်ချက်က လိင်တူချစ်သူ လူငယ်လေးတွေ အနေနဲ့ ဆတ်စလူးခါတဲ့ အမျိုးသမီး
လေးတွေ လိုနေတာ၊ ပွေ့ဖက်နမ်းရှုပ်တာ၊ လိင်မှုရသ အသစ်အဆန်းတွေကို ရှာဖွေတာ အစရှိတဲ့ အပြုအမူတွေဟာ
ရှက်ရွံဖွယ် အမှုတွေ မဟုတ်ကြောင်းကိုလည်း မသိမသာ အသားပေး တင်ပြထားတယ်လို့လည်း ဆိုကြပါတယ်။
ဇာတ်လမ်းထဲမှာ
အဓိကပေးချင်တဲ့ သတင်းစကားကတော့ လိင်ဆက်ဆံတဲ့ အခါတိုင်းမှာ ကွန်ဒုံးကို အသုံးပြုကြဖို့
အတွက် ပညာပေး ရိုက်ကူးတင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ
ရုပ်သံဇာတ်လမ်းနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ ၀ိထီရာ က “ထိုင်းနိုင်ငံမှာ တကယ့်အရေးပါတဲ့
ပင်မ မီဒီယာ ရေစီးကြောင်းထဲမှာ အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးနဲ့ ပတ်သက်လို့ ပညာပေးတဲ့
ရုပ်သံဇာတ်လမ်း၊ ဒါမှမဟုတ် ဗွီဒီယို ရုပ်ရှင်ဇာတ်ကားတွေက အရမ်းကို နည်းပါးပါတယ်။ အထူးသဖြင့်
ဂေးတွေအတွက်ဆိုရင် မရှိသလောက်ကို ရှားပါတယ်။ ပြီးတော့ ဒီမီဒီယာမှာ အမှန်တကယ် လူမှုအသိုင်းအ၀ိုင်းမှာ
ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို တင်ဆက်ပြသဖို့ အလွန်အင်မတန်မှ အားနည်းနေသလို အဲဒီ အကြောင်းအရာတွေကို
ပညာပေးဖို့ ဆိုတာကလည်း သတိမေ့ နေကြသလိုပါပဲ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
လောလောဆယ်
ကြည့်ပြီးတဲ့ သူတွေကတော့ ဒီဇာတ်ကားလေး အရမ်းကောင်းတယ်လို့ မှတ်ချက် ပေးကြတယ်လို့ ထုတ်လုပ်သူ
ဝိထီရာက ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
ဒီဇာတ်ကား
ဖြစ်မြောက်ဖို့အတွက် အဓိက ကူညီပံ့ပိုးပေးတဲ့ အလှူရှင် အဖွဲ့အစည်းကတော့ UCDCP လို့ခေါ်တဲ့
အမေရိကန် အခြေစိုက် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းကပဲ ဖြစ်ပါတယ်။
ပထမပိုင်း
ရုပ်သံဇာတ်လမ်းတွဲကို အခုအခါ youtube.com မှာ တိုက်ရိုက်ကြည့်ရှု နိုင်ပြီလို့ သိရပါတယ်။
ဒုတိယတွဲကိုတော့ ကုလသမဂ္ဂ အေဂျင်စီ UNESCO က ကူညီထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။
အခုလိုမျိုး
လိင်မှုကိစ္စတွေကို ထင်ဟပ်ပြသတဲ့ ရုပ်သံဇာတ်လမ်းမျိုးကို ရှေးရိုးစွဲ ၀ါဒီတွေ အများအပြား
ရှိနေသေးတဲ့ ထိုင်းနိုင်ငံမှာ မြင်တွေ့ရဖို့ဆိုတာ အလွန်အင်မတန်မှကို ခက်ခဲတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ
ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ထုတ်ဖော်ပြောဆိုချက်အရ လိင်တူချင်း ဆက်ဆံတဲ့ လူငယ် လူရွယ်တွေထဲမှာ
အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း ပိုမိုမြင့်တက်နေတယ်လို့ ထုတ်ပြန်ကြေညာ ခဲ့သလို အဲဒီလို
ကူးစက်ခံရတဲ့ လူငယ်တွေကြားထဲက အဓိက အကြောင်းအရာက ကွန်ဒုံးသုံးစွဲခြင်း မရှိတဲ့အတွက်ကြောင့်
ဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်းကျန်းမာရေး
အသိပညာ မြှင့်တင်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Thai Halth ရဲ့ လတ်တလော ထုတ်ဖော်ပြောဆိုချက်
အရ ဆိုရင် အသက် ၉ နှစ်ကနေ ၁၁ နှစ် အရွယ်ကြားမှာရှိတဲ့ လူငယ် လူရွယ်လေးတွေဟာ လိင်မှုပိုင်းဆိုင်ရာနဲ့
ပတ်သက်တဲ့ အသိပညာ ဗဟုသုတကို သူတို့နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေ ဆီကပဲ သင်ယူတတ်မြောက်ကြတာ
ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်
လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ သတင်းအချက်အလက် တွေဟာ အမြောက်အများ ပြန့်လွင့်နေတယ်လို့
ဆိုပါတယ်။
၂၀၀၈
ခုနှစ်က UNAIDS အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက် အရ အသက် ၁၅ နှစ်ကနေ ၂၄ နှစ် ကြားမှာရှိတဲ့
လူငယ်ထုတွေကြားမှာ ၄၀ ရာခိုင်နှုန်းဟာ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်လို့ မှန်ကန်တိကျတဲ့
သတင်း အချက်အလက်တွေ မရှိဘူးလို့ ဆိုပါတယ်။
အခုလိုမျိုး
ဖြစ်ပျက်ရတဲ့ ပြဿနာ အရင်းအမြစ်တွေရဲ့ အဓိက အကြောင်းအရင်းဟာ ဆိုလို့ရှိရင် ထိုင်းနိုင်ငံရဲ့
ပင်မ မီဒီယာ ရေစီးကြောင်းတွေမှာ လိင်မှုပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ရှက်ရွံဖွယ်
အကြောင်းအရာ တစ်ခုလို အမြဲတမ်း တင်ပြနေသလို စာသင်ကျောင်းတွေမှာလည်း လိင်မှုပိုင်းဆိုင်ရာနဲ့
ပတ်သက်တဲ့ အသိပညာ ဗဟုသုတပေးတဲ့ သင်ခန်းစာတွေ အလွန်အင်မတန်မှ ရှားပါး မှုကြောင့်လို့လည်း
ဆိုပါတယ်။
အခုအခါမှာ
ထိုင်းပညာရေး ၀န်ကြီးဌာနက လိင်ပိုင်းဆိုင်ရာ ပညာပေးတဲ့ ကျောင်းသင်ခန်းစာ တွေကို သင်ရိုးညွှန်းတန်းမှာ
ထည့်သွင်းနိုင်ဖို့အတွက် စတင်ပြင်ဆင် နေပြီလို့လည်း သိရပါတယ်။
သက်တံ့အယ်ဒီတာအဖွဲ့
Source
- Bangkok Post,
August
14, 2010
Coloursrainbow - ဂေးတွေအတွက်
လိင်ပိုင်းဆိုင်ရာ ပညာပေးဇာတ်လမ်းကို ထိုင်းရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသ




