22
Mar

ဂေး (သို့မဟုတ်) လိင်တူချစ်သူ

မေး ။ ။ Gay လို့ခေါ်တဲ့ လိင်တူချစ်သူဖြစ်ကြတာ သဘောတရားကြောင့်ဖြစ်တာလား
ဒါမှမဟုတ် စိတ် ပိုင်းဆိုင်ရာဝေဒနာ တခုခုကြောင့်၊ စိတ်ဒဏ်ရာရရှိမှုကြောင့်ဖြစ်တာလား။
နောက်ပြီး အဲဒီလို Gay ဖြစ် ရာကနေ ဆန့်ကျင်ဘက်လိင်ကိုပဲ စိတ်ဝင်စားတဲ့ အခြေနေပြောင်းလဲမှုတွေဖြစ်နိုင်သလား။

 

ဖြေ ။ ။ ဒီကိစ္စဟာ ကျန်းမာရေးနဲ့လည်း ဆိုင်သလို
လူ့အခွင်းအရေးနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ နောက်ပြီး လိင်တူချစ်သူလို့ခေါ်တဲ့
Gay Issue ဟာ sensitive ဖြစ်တယ်။ ထိလွယ် ရှလွယ်တဲ့ ကိစ္စတရပ်ဖြစ်ပြီး အပြောအဆိုမမှားဖို့လည်း
အရေးကြီးတာဆိုတော့ ဒီကိစ္စကို ဆေးသိပ္ပံနည်းအရ အဲဒီတွေ့ရှိချက်တွေပေါ်မှာ အခြေခံပြီး ဆွေးနွေးပြောဆိုရမှာဖြစ်သလို
လူ့အခွင့် အရေး ရှုထောင့်ဘက်ကလည်း ကြည့်ရမှာဖြစ်တယ်။ အဲဒီ ဆွေးနွေးချက်တွေမှာ စိတ်ပညာရှင်
စိတ် ကျန်းမာရေးဆိုင်ရာ အထူးကု ဆရာဝန်ကြီးတွေရဲ့ သုတေသန သုံးသပ်ချက်တွေကိုလည်း မှီငြမ်းပြော
ဆိုရမှာဖြစ်ပါတယ်။

 

မေး ။ ။ ကောင်းပါတယ်။ ဒီကိစ္စဟာ အင်မတန်
sensitive ဖြစ်တဲ့ Issue ဖြစ်နေတာမို့ လူတွေက သိပ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတာ
မရှိကြသေးဘူး။

 

ဖြေ ။ ။  ဟုတ်ပါတယ်။ ဒီတော့ အပိုင်း (၃) ပိုင်းခွဲပြီး ဆွေးနွေးကြမယ်။
ပထမပိုင်းက သူ့ရဲ့သမိုင်း ကြောင်းရာဇဝင်၊ ဒုတိယကတော့ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုအနေအထားမှ
Gay ဖြစ်သွားတယ်။ တတိယပိုင်း နောက်ဆုံးပိုင်းမှာတော့ Gay ဆိုတာ တသက်လုံး ဒီလိုပဲဖြစ်မလား။
အစတုန်းက Gay မဟုတ်ဘူး၊ နောက်ပိုင်းမှ Gay ဖြစ်သွားတယ်။ ဒါမှမဟုတ် Gay ဖြစ်ပြီးမှ နောက်ပိုင်းမှ
Gay မဟုတ် တော့ဘူး။ အဲဒီလိုမျိုး ပြောင်းလဲသွားနိုင်သလားဆိုတာ ဆွေးနွေးကြေတာပေါ့။ ပထပိုင်းအနေနဲ့
သမိုင်း ကြောင်းကို ပြောရရင် Gay ဆိုတဲ့ စကားလုံး အဓိပ္ပါယ်က ပျော်ရွင်မှု carefree
ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

 

မေး ။ ။ ၁၉ ရာစုခေတ်ကိုရောက်တော့ Homosexually
လိင်တူချစ်သူလို့ သုံးနှုန်းလာကြတယ်။ သက္ကရာဇ် ၁၆၃၇ ကနေ ၁၉ရာစုနှစ်ထိ Gay ဆိုတာရှိခဲ့ပေမဲ့
သိုသိုသိပ်သိပ် အုံ့ပုန်းဘဝနဲ့ပဲ နေခဲ့ကြ တယ်။ အဲဒီအချိန်တုန်းက ဘာကြောင့် ပေါ်ပေါ်ထင်ထင်မနေခဲ့ကြတာလဲ။

 

ဖြေ ။ ။ ဘာကြောင့်ဘဲဆိုတော့ အဲဒီခေတ်တုန်းက
Gay ဆိုတာ သဘာဝမကျတဲ့၊ မဖြစ်သင့်တဲ့၊ လူ့ဂုဏ်သိက္ခာမရှိတဲ့ ကိစ္စရပ်လို့ သတ်မှတ်ကြတယ်။
စာတမ်းတွေအရ ၁၇ ရာစုတုန်းက Gay ဆိုတာ လူသားတွေ ထိန်းချုပ်ရမဲ့ ထိန်းသိမ်းသင့်တဲ့ အပြုအမှုကို
ဂရုမထားတဲ့ လူတွေ Gay Woman ဆိုတာ ခန္ပ္ဓ္ဓာကိုယ်ရင်းနှီးတဲ့ အမျိုးသမီးတွေလို့ သတ်မှတ်ပြီး
Gay Man တွေကိုတော့ Womanizer မိန်းမ လိုက်စားသူတွေကို ခေါ်ဝေါ်ခဲ့ကြတယ်။ အမျိုးသားတွေ
ပျော်ပါးတဲ့နေရာကိုတော့ Gay House လို့ ခေါ်ခဲ့ကြတယ်။ လူ့လောက ပတ်ဝန်းကျင် အသိုင်းဝိုင်းက
Gay ဆိုတာ သာမန်လူသားတွေထဲက လူ တွေပဲဖြစ်တယ်ဆိုတာကို လက်မခံခဲ့ကြဘူး။

 

မေး ။
။ ၁၉ ရာစုကိုရောက်တော့ ဘယ်လိုပြောင်းလဲလာသလဲ။

 

ဖြေ ။ ။၁၉၂၀
- ၃၀ လောက်မှာ ကမ္ဘာကျော်စာရေးဆရာ၊ ကဗျာဆရာ Oscar Wilde ဟာ သူ Gay ပါပဲ ဆိုတာ ပေါ်ပေါ်ထင်ထင်
ကြေညာခဲ့ပါတယ်။ ပတ်ဝန်းကျင်ကလဲ ပိုမိုလက်ခံခဲ့တယ်။ ဒါတောင်မှ Britain မှာဆိုရင် ၁၉၆၇
Sexual offences Act ဥပဒေအရ Gay ဟာ တရားမဝင်းဘူးဆိုတဲ့ ဥပဒေ ထုပ်ပြန်ထားတာ ရှိပါသေးတယ်။

 

တချိန်ထဲမှာပဲ
၁၈၈၆ ခုနှစ်က စိတ်ပညာပါရဂူ Dr Richard Vonkrafft Ebing ဆိုတာက Gay ပေါင်း (၂၀၀) ကျော်ကို
သုတေသနပြုခဲ့ပြီး သူ့ရဲ့မှတ်ချက်ကတော့ ဦးနှောက်ထံမှာ တခုခု ချို့ယွင်းပြီး ပြောင်း
ပြန်ဖြစ်နေလို့ ဒီလိုဖြစ်တာလို့ ပြောခဲ့တယ်။ မိခင်ရဲ့ ဝမ်းတွင်းမှာတုန်းက ဒါမှမဟုတ်
မွေးဖွားစဉ် ကာလ မှာ ဦးနှောက်ထဲက နားလည်မှုအပိုင်း၊ အသိဥာဏ် အပိုင်းတွေဟာ
Inversion လို့ ပြောင်းပြန်လှန်ပြီး ခေါ်ခဲ့ကြတယ်ဆိုတာ သက်သေပြခဲ့တယ်။ အဲဒါ ၁၉၅၂ ခုနှစ်အထိ
American Psychiatric Association ဒီကစ္စကို Mental disorder စိတ်ပိုင်းဆိုင်ရာ မူမမှန်မူ၊
မတည်ငြိမ်းမူလို့ သတ်မှတ်ခဲ့ကြ တယ်။ သို့သော်လည်း ၁၉၇၃ ခုနှစ်လောက်ကျတော့ Gay ဆိုတာ
စိတ်ရောဂါ မဟုတ် ဘူး။ သူတို့ ၁၉၅၂ ခုနှစ်က တင်ပြချက်ကို ထောက်ကူပေးဖို့ သက်သေအထောက်ထားတွေ
မရရှိခဲ့ဘူး။ ဒါကြောင့် Gay ဆိုတာ စိတ်ကျန်းမာရေးပြဿနာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

 

မေး ။
။ ၁၉၇၀ နောက်ပိုင်းကာလ ဒီဘက်ခေတ်သစ်မှာ Gay ဆိုတာ ပိုပြီး လက်ခံလာကြတဲ့ သဘော ကို ပြောတာပေါ့နော်။
နာမည်ကြီး အမေရီကန် ရုပ်ရှင်မင်းသား၊ အဆိုတော်တွေမှာလည်း Gay တွေရှိနေပြီး Gay ဖြစ်တဲ့အတွက်
ပိုပြီးတော့ popular ဖြစ်လာသလိုပဲ။ နိုင်ငံခြားက နာမည်ကြီး အဆို တော် Elton John ဆိုရင်
တကယ့်ပေါ်ပေါ်ထင်ထင် Super Gay ကြီးပဲနော်။

 

ဖြေ ။ ။
ဒီဘက်ခေတ်မှာ လူမှုရေးအရ၊ လူ့အခွင့်အရေးအရ Gay ကိုပဲ ပိုပြီးလက်ခံလာကြတာ ရှိပါ တယ်။
လူတဦးတယောက်ကို လိင်စိတ်ဝင်းစားမှုပေါ်မှာ အခြေခံပြီး ခွဲခြားဆက်ဆံမှု မပြုကြဘူး။
Gay ဖြစ်လို့ နှိမ်စရာမဟုတ်ဘူုးဆိုပြီး နားလည်းမှုပေးလာကြတယ်။ ၁၉၉၇ ခုနှစ် WHO ကထုတ်ပြန်ထားတဲ့
Gay ဆိုတာ Mental Illness ပဲ။ စိတ်ကျန်းမာရေး မကောင်းတဲ့ ပြဿနာပဲ။ ဒါပေမဲ့ ၁၉၉၀ မေလ
၁၇ ရက်မှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် WHO ညီလာခံမှာ ဒီစာရင်းကနေ ပယ်ဖျက်ခဲ့တာကို Britain,
Australia နဲ့ American နိုင်ငံတွေက စိတ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက ထောက်ခံခဲ့တယ်။
အတိုချုံး ပြောမယ်ဆိုရင် ၁၉ ရာစုမတိုင်ခင် ကာလအထိ Gay တွေကို ခွဲခြားဆက်ဆံခဲ့ကြတယ်။
ပတ်ဝန်းကျင်က ကျဉ်ဖယ်ခဲ့ကြတယ်။ ၁၉ ရာစုနောက်ပိုင်းမှာတော့ ပိုပြီးပွင့်လင်းလာတယ်။ လက်ခံ
လာကြတဲ့အပြင် ဒါဟာ စိတ်ရောဂါမဟုတ်ဘူး၊ မှုမှန်သဘာဝတရားပဲလို့ ပြောကြတယ်။ အခုဆိုရင်
American မှာ လိင်တူခြင်း တရားဝင်ထိမ်းမြားလက်ထပ်ခွင့် ဥပဒေတွေ ရှိနေတယ်။ ကလေးမွေးစား
ခွင့်လည်းရှိတယ်။ လိင်တူမိဘက မွေးစားတဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့
ကျန်းမာရေး ဟာလည်း သာမန် ကလေးတွေလိုပါပဲ။ ဘာမှထိခိုက်မှုမရှိဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့
ဒါတွေဟာ နိုင်ငံတကာမှာရှိတဲ့ ဆေးသိပ္ပံပညာရှင်တွေ အားလုံးရဲ့ရာခိုင်နှုန်းပြည့် မှတ်ချက်တွေတော့
မဟုတ်ပါ ဘူး။ ဘာကြောင့် Gay လိင်တူ ချစ်သူတွေ ဖြစ်ကြသလဲဆိုတဲ့ အကြောင်းရင်းကို လေ့လာ
ထားတဲ့ စာတမ်းတွေ အများကြီးရှိပါသေးတယ်။

 

ဥပမ အမေရီကန်နိုင်ငံ
Colorado ပြည်နယ်က Dr Cameron ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်းကြီး ရဲ့စာတမ်းနဲ့ အခြားပညာရှင်များ
လေ့လာထားတာကတော့ Gay ဖြစ်တယ်ဆိုတာ အဓိကအကြောင်း သုံးခုကြောင့်လို့ ဆိုပါတယ်။ နံပါတ်တစ်ကတော့
မွေးကထဲက Gay ဖြစ်နေတာတွေ၊

 

သူ့ပင်ကိုယ်သဘာဝအတိုင်း
ဖြစ်နေတာ၊ Gay ဖြစ်ချင်တယ်လို့ ရွေးချယ်ပြီး ဖြစ်လာတာမဟုတ်ဘူး။ နံပါတ်နှစ်ကတော့ ဆေးသိပ္ပံနည်းအရ
Gene (သို့) ဟော်မုန်းပြဿနာကြောင့် ဖြစ်နိုင်တယ်။ နံပါတ်သုံး ကတော့ ကြီးပြင်းလာရာ ပတ်ဝန်းကျင်
(သို့) ငယ်စဉ်အခါတုန်းက လိင်ပိုင်းဆိုင်ရာ ခါးသီးတဲ့ အတွေ့ အကြုံ ရှိခဲ့ဖူးသူတွေ ဖြစ်နိုင်တယ်။

 

အဲဒီသုံးချက်အရ
မိခင်ဝမ်းကကျွတ်ပြီး အရွယ်ရောက်တဲ့ အချိန်ကစလို့ Gay ဖြစ်နေတဲ့သူတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ
ချို့ယွင်းမှု တစုံတရာမတွေ့ရဘူး။ Gene ပြဿနာကြောင့်ဆိုတာလည်း သက်သေမပြနိုင်ဘူး။

 

ဟော်မုန်းနဲ့ပတ်သက်လို့တော့
Gay အမျိုးသားမှာ ယောကျာ်းဟော်မုန်းဖြစ်တဲ့ Testosterone နည်းနေ ပြီး မိန်းမဟော်မုန်းတွေ
များနေလို့လားလို့ စမ်းသပ်တော့လည်း သက်သေအခိုင်အမာ မရလဲ့ဘူး။ အချက်သုံးချက်ထဲမှာ တတိယအချက်ဖြစ်တဲ့
မိမိကြီးပြင်းရာ ပတ်ဝန်းကျင်မှာဖြစ်ပျက်ခဲ့တဲ့ အတွေ့ အကြုံတွေရဲ့ လွှမ်းမိုးမှုကြောင့်
ဖြစ်နိုင်ခြေရှိတယ်ဆိုတာ Social Theorists တွေက အများကြီး လေ့လာခဲ့တယ်။

 

မေး ။
။ အဲဒီလေ့လာချက်တွေကို ထပ်ပြီးရှင်းပြပေးပါဦး။

 

ဖြေ ။ ။
Gay ဖြစ်တယ်ဆိုတာ ပတ်ဝန်းကျင်းရဲ့ လွှမ်းမိုးမှုနဲ့ သက်ဆိုင်မှုရှိတယ်လို့  ၁၉၄၀ ခုနှစ်မှာ Kinsey ဆိုတဲ့ ပညာရှင်က တင်ပြခဲ့တယ်။
၁၉၉၀ ဝန်းကျင်းမှာ Dr Cameron နဲ့အဖွဲ့ရဲ့ လေ့လာချက် အရ  Gay ဖြစ်တဲ့သူတွေဟာ အများအားဖြင့် သူတို့ရဲ့ ပထမဆုံး
လိင်အတွေ့အကြုံဟာ လိင်တူချင်းစ ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါထက်ပိုဆိုးတာက လိင်တူချင်းဆက်ဆံဖို့
မိတ်ဆက်ပေးသူ တွေက အတွေ့အကြုံရှိတဲ့ လူကြီး Gay တွေဖြစ်တယ်။ အဲဒီလူကြီးတွေက လူငယ်တွေကို
လိင်တူချင်းစိတ်ဝင် စားအောင် မြူဆွယ်သင်ပြပေး၊ မိတ်ဆက်ပေးခဲ့ကြတာကို တွေ့ခဲ့ကြတယ်။
အဲဒီ တွေ့ရှိချက်က တနေ ရာထဲမှာမဟုတ်ပဲ ကမ္ဘာအခြားနေရာတွေမှာလည်း အလားတူတွေ့ထားတယ်။ ဗြိတိန်မှာ
ယောကျာ်း လေး (၃၅) ရာခိုင်နှုန်းမှာ သူတို့ကို ယောကျာ်းလူကြီး Gay က ဒီနည်းနဲ့ သင်ပြ
မြူဆွယ်ခဲ့တယ်လို့ ဆိုတယ်။ အမေရိကန်မှာ ယောကျာ်းလေး (၃၇) ရာခိုင်နှုန်းကလဲ ဒီလိုပဲ ပြောခဲ့တယ်။
အဲဒီလူငယ် တွေကို ဆက်ပြီးလေ့လာခဲ့တဲ့အခါ ပထမဆုံးအတွေ့အကြုံမှာ လိင်တူချင်းဖြစ်သွားကြပြီး၊
အဲဒီ သာယာ မှုကိုပဲ စွဲလမ်းသွားတဲ့အတွက် နောက်ထပ်အဖော်ရှာတဲ့အခါ မှာလည်း လိင်တူချင်းကိုပဲ
စိတ်ဝင်စား သွားပါတော့တယ်။ အခုလိုမျိုး အတွေအကြုံရှိပေမယ့် မြူဆွယ်ခံ ရတဲ့ လူငယ်တိုင်း
Gay ဖြစ်သွားတာ တော့ မဟုတ်ကြပါဘူး။

 

မေး ။
။ ဘယ်လိုအခြေအနေတွေက တွန်းအားပေး ဖြစ်စေတာလည်း။

 

ဖြေ ။ ။
အများဆုံးကတော့ မိသားစုပြဿနာ ဖြစ်ပါတယ်။ မိဘမဲ့တဲ့ကလေး ဒါမှမဟုတ် ငယ်ရွယ်စဉ် မိဘအုပ်ထိန်းမှုအောက်မှာ
မကြီးပြင်းရတဲ့ကလေး၊ မိဘနဲ့တကွဲတပြားဖြစ်နေရတဲ့ ကလေးတွေမှာ Gay ဖြစ်ဖို့ အလားအလာပိုများတယ်။
ဘာလို့လည်းဆိုတော့ သူတို့မှာ အတုယူစရာ Role Model မရှိဘူး။ ယောကျာ်းလေးဆိုရင် သူတို့ရဲ့အဖေဟာ
အတုယူစရာပဲ၊ အဖေလုပ်တာလိုက်လုပ်မယ်၊ အတုခိုးမယ်။ အဲဒီအခါမှာ သူဟာယောကျာ်းစစ်စစ်ပါပဲဆိုတာ
အလိုလို သိမြင်လာတယ်လေ။ မိန်းကလေးဆိုလည်း ထိုနည်းတူပဲပေါ့။ သူမိခင်ဟာ သူရဲ့ Role
Model ဖြစ်တော့ သဘာဝအတိုင်း သူဟာ မိန်းကလေး စစ်စစ်ဖြစ်သွားတယ်။

 

နောက်တွန်းအားတခုကတော့
မိမိရဲ့ပတ်ဝန်းကျင်မှာ ဒါမျိုးတွေပဲ တချိန်လုံးတွေ့မြင်ရတဲ့အခါ ဟိုလူ့ ကြည့်လဲ Gay၊
ဒီလူ့ကြည့်လဲ Gay ဒါမျိုးဖြစ်နေတယ်။ Gay ဖြစ်တာ ရှက်စရာ၊ ဂုဏ်ငယ်စရာ မဟုတ် ဘူး၊ ပျော်စရာတောင်ကောင်းသေးတယ်ဆိုပြီး
အသိစိတ်ဝင်းသွားတဲ့အခါ Gay ဖြစ်စေဖို့ တွန်းပို့ပေး လိုက်တာပဲ။

 

မေး ။
။ လိင်တူချစ်သူဘဝကနေ ဆန့်ကျင်းဘက်လိင်ကိုစိတ်ဝင်းစားတဲ့ဘဝ ပြန်ပြီးပြောင်းလဲတာမျိုး
ရှိသလား။

 

ဖြေ ။ ။
ပြောင်းလဲနိုင်ပါတယ်။ တကယ်ပြောင်းလဲသွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပညာရှင် တွေပြောတာက
လူ့ဦးနှောက် အရှေ့ဘက်ခြမ်းမှာ Frontal lobe လို့ခေါ်တဲ့ အပြုမူကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းရှိတယ်။
စိတ်ခံစားချက်ကိုလွှတ်ပေးပြီး သာယာမှုနောက်ကို လိုက်ချင်ပေမယ့် ဦးနှောက် က ထိန်းချုပ်လို့ရတယ်။
ဥပမာပေးရရင် အိမ်ထောင်ရှိသူတွေမှာ ကိုယ့်အိမ်ထောက်ဖက် ထက်ပိုပြီး ငယ်ရွယ်ချောမောတဲ့
မက်မောစရာတယောက်ယောက်ကို တွေ့တဲ့အခါ လွန်မသွားအောင် ထိန်းချုပ် ရတာမျိုး၊ အရက်ကြိုက်ပေမဲ့
အရက်သောက်ချင်စိတ်ကို ထိန်းချုပ်ရတာမျိုး ဦးနှောက်နဲ့ ထိန်းလို့ရပါ တယ်။

 

တချို့မှာလည်း
ဒီလိုတမင် ကြိုးစားဖန်တီးရတာမျိုး မဟုတ်ဘဲ သူ့အလိုလျှောက်ပြောင်းလဲသွားတာမျိုး လည်း
တွေ့ရဖူးပါတယ်။ ကာယကံရှင်ပေါ်မှာ အများကြီးမှုတည်ပါတယ်။ အရေးကြီးဆုံးက ကိုယ့်ကို ကိုယ်
ပြန်မြင်ဖို့ပါပဲ။ ကိုယ်ဟာဘာလဲ၊ ကိုယ်ဘာတွေလုပ်နေလည်းဆိုတဲ့ mindfulness လေးရှိလာရင်
 အောင်မြင်မှုအတွက် အဓိက ခြေလှန်းပါပဲ။

 

မေး ။
။ လိင်တူချစ်တူကိစ္စဟာ လူ့အခွင့်ရေးကိစ္စတရပ်ဖြစ်တယ်။ လူတိုင်းမှာ လွတ်လပ်စွာသာယာမှု၊
တပ်မက်မှုခံစားခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ဘယ်လိုသုံးသပ်သလဲ။

 

ဖြေ ။ ။
လိင်တူချစ်သူကိစ္စဟာ လူ့အခွင့်အရေးတရပ်ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူ့အခွင့် အရေးကို
အဓိပ္ပါယ်ကောက်မလွဲဖို့နဲ့ အလွဲသုံးစားမလုပ်မိဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးကို လေးစား
စွာနဲ့ Gay များကို ခွဲခြားဆက်ဆံမှုမလုပ်မိဖို့ အရေးကြီးပါတယ်။ ဥပမာ အလုပ်အကိုင်ရှာဖွေရာမှာ၊
ရာထူးကြီးကြီးပေးတဲ့နေရာမှာ နှိမ်လို့မရပါဘူး။ လိုအပ်တဲ့ အရေအသွေးနဲ့ပြည့်စုံတယ်ဆိုရင်
လူသား အားလုံးမှာ ညီမျှတဲ့ခံစားခွင့် ရှိကြပါတယ်။ တချိန်ထဲမှာပဲ Gay တွေအနေနဲ့ကလည်း
လူ့အခွင့်အရေး ကို အလွဲသုံးစားမလုပ်မိကြဖို့ သတိထားသင့်တယ်လို့ ယူဆမိတယ်။ လူ့အခွင့်အရေးကို
အကြောင်းပြ ပြီး အရွယ်မရောက်သေးသူများကို အားကျစိတ်ဝင်လာအောင် Campaign၊ လုပ်တာမျိုး
Gay ဆိုတာ ပျော်စရာကြီးပါလားလို့ အသိစိတ်ဖြစ်လာအောင် နှိုးဆွပေးတာကျတော့ လူ့အခွင့်အရေးကို
အလွဲသုံး စားလုပ်ရာကျနေတယ်။

 

နောက်တချက်က
Gay မိမိရဲ့ လူ့အခွင့်အရေးကို တောင်ဆိုကာကွယ်သလို တခြားလူရဲ့အခွင့်အရေး ကို ကာကွယ်ပေးဖို့
GBV လို့ ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကို ကာကွယ်ပေးဖို့ လိုအပ်ပါ တယ်။

 

မေး ။ ။ အဲဒီ GBV ဆိုတာကို ထပ်ပြီး ရှင်းပြပေးပါဦး။

 

ဖြေ ။ ။
GBV ဆိုတဲ့ အရှည်ကောက်က Gender Based Violence လို့ခေါ်ပါတယ်။ လိင်ပေါ်မှာ အခြေခံပြီး
အကြမ်းဖက်အနိုင်ကျင့်ခြင်းကို ဆိုလိုပါတယ်။ အမျိုးသမီးတယောက်ကို အမျိုးသားက အလိုမတူပဲ
လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်လိုက်တယ်ဆိုရင် ဒါဟာ GBV ကေ့စ် ဖြစ်ပါတယ်။ တရား ဥပဒေမရ
အရေးယူလို့ရပါတယ်။ တကယ်ဆိုရင် အမျိုးသားက အမျိုးသမီးကို သားမယားပြုကျင့်တဲ့ အဆင့်ထိ
မရောက်ဘဲ လက်ဆွဲတာ၊ ပခုံးကိုဖက်တာဆိုရင်တောင် ကာဣနြေ္ဒပျက်ပြားမှုနဲ့ တရားစွဲလို့ ရတယ်။
သို့သော်လည်း လိင်တူချင်းမှာ အဲဒီလိုမျိုး လုပ်တာကို GBV ကေ့စ် အနေနဲ့ ဘယ်လို တရား
စွဲမလဲ။ လိင်တူချင်းမှာ ဒီလိုအခြေနေတွေက အင်မတန်ပြောရခက်တယ်။ ပြုကျင့်ခံရသူ ယောကျာ်း
ကိုယ်တိုင်က သူဟာ GBV လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံနေရတယ်ဆိုတာ မသိကြ ဘူး။

 

မေး ။
။ Sodomy ကို တရားမဝင် လိင်ဆက်ဆံချင်းလို့ဆိုပြီး အရေးယူတဲ့ ဥပဒေတွေ နိုင်ငံတကာမှာ
ရှိတယ်မို့လား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Malaysia မှာ အစိုးရပိုင်းထဲကတယောက်တောင်
အရေး ယူခံလိုက်ရတယ် မဟုတ်လား။

 

ဖြေ ။ ။
Sodomy လို့ခေါ်တဲ့ သဘာဝမဟုတ်တဲ့ စအိုပေါက် ပြုကျင့်တဲ့ကိစ္စဆိုရငိတော့ သဘောမတူ ရင် အရေးယူလို့ရပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ အဲဒီအဆင့်မရောက်ခင်  လိင်တူချင်းထိကပါး
ရိကပါး လုပ်တာမျိုးကျတော့ အင်မတန်ပြောရခက်တဲ့ ကိစ္စမျိုးဖြစ်နေပါတယ်။ အမျိုးသမီးနဲ့
အမျိုးသား နှစ်ဦး မှောင်ရိပ်မှာ၊ ဆိတ်ကွယ်ရာမှာ နှစ်ယောက်ထဲရှိနေရင် ပတ်ဝန်းကျင်က
အမြင်မတော်တဲ့ကိစ္စ ဖြစ်တဲ့ အတွက် ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုကို ခံရပါလိမ့်မယ်။ ဒါပေမဲ့
လိင်တူချင်း နှစ်ယောက်ထဲရှိနေ တာ မျိုးကျတော့ ပတ်ဝန်းကျင်းကို မှူစရာမလိုဘူး။ အင်မတန်
လွတ်လပ်တယ်။ ဒီလိုနဲ့ပဲ လောကကြီး အကြောင်းကို ပြည့်ပြည့်စုံစုံမသိသေးတဲ့ ဆယ်ကျော်သက်အရွယ်
လူငယ်လူရွယ်လေး တွေ လူ့အခွင့် အရေး ဆုံးရှူံးနေကြတာကို သူတို့ကိုယ်တိုင်မသိကြဘူး။ ကျမကိုယ်တိုင်
နယ်စပ်ဒေသမှာ HIV နဲ့ လူ့အခွင့်အရေး သုတေသနလုပ်တုန်းက အင်တာဗျူးမှာ လူငယ်လေးတွေ ပြောကြတာရှိတယ်။
အထူး သဖြင့် မျက်နှာဖြူ နိုင်ငံခြားသား Gay တွေဟာ အဲဒီဒေသကိုလာတယ်။ သူတို့အခန်းကိုခေါ်ပြီး
အရက် တိုက်တယ်။ အရက်မူးရင် သူတို့ကို ထိကပါးရိကပါးလုပ်တယ်။ လိင်တူချင်းလဲဖြစ်နေတော့
နောက်တာ ပြောင်တာလို့ပဲ ထင်မိတာပေါ့။ နောက်တော့မှ တဖြည်းဖြည်းသိလာရတယ်လို့ ပြောကြ တယ်။

 

မေး ။
။ ဟုတ်တာပေါ့နော်။ အဲဒီလို မသိမသာကနေ နောက်တဆင့်ပိုပြီးတော့ ရင်းနှီးလာ၊ ရဲတင်း လာတော့
Sodomy အဆင့်ကိုရောက်တဲ့အခါ နှစ်ဦးသဘောတူဖြစ်သွားပြီး GBV လို့ပြောလို့ မရဘူး ဖြစ်သွားတာပေါ့။

 

ဖြေ ။ ။
ဟုတ်တယ်။ နှစ်ဦးသဘောတူဖြစ်တာဆိုတော့ တိုင်တန်းအရေးယူလို့လဲ မရတော့ဘူး။ ဒီနေရာမှာ ကြုံလို့
Sodomy ရဲ့ကျန်းမာရေး ဆိုးကျိုးကို နည်းနည်း ပြောပြချင်တယ်။ အမေရိကန်နိုင်ငံ
Cancer အထူးကုပါရဂူတွေရဲ့ စာတမ်းတွေမှာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ စအိုဝ Cancer ဖြစ်တဲ့
အရေအတွက် ပိုများလာတာ တွေ့ရကြောင်းနဲ့ အဲဒီ စအိုဝ Cancer ဖြစ်တဲ့သူတွေမှာ (၇၀) ရာခိုင်နှုန်း
ကျော်ဟာ Gay တွေဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ ဒါ့အပြင် HIV အပါအဝင် အခြားကူးစက်ရောဂါ ဖြစ်နိုင်ခြေလည်း
ပိုများတယ်ဆိုတာ ထင်ရှားတဲ့ သာဓကတွေလည်းရှိပါတယ်။ နိဂုံးချုပ် ပြောချင်တာ ကတော့ Gay
ဖြစ်ရခြင်း အကြောင်းအရင်းမှာ ကြောင်းကျိုးဆက်စပ်မှုတွေလည်း အမျိုးမျိုးရှိတော့ ဘာကြောင့်
Gay ဖြစ်ရလဲဆိုတာ သိပ္ပံနည်းကျ သက်သေပြလို့မရပါဘူး။ Gay ဖြစ်တာ ကောင်းတယ်၊ မကောင်းဘူးလို့လဲ
ဝေဖန်လို့မရပါဘူး။ အရေးကြီးတာက gay တွေရဲ့ လူ့အခွင်းအရေး ကို ကာကွယ် မြှင့်တင်ပေးဖို့၊
ခွဲခြားဆက်ဆံမှုမပြုဖို့၊ Gay အခွင့်အရေးကို လေးစားကြဖို့ အားပေးတိုက်တွန်း လိုပါ တယ်။
တချိန်တည်းမှာပဲ Gay မဖြစ်သေးသူတွေ၊ ဖြစ်ချင်သလိုလိုတွေကို တော့ Gay အဖြစ်ရောက် မသွားအောင်၊
Gay ဖြစ်ပွားမှု နည်းသွားအောင်တော့ လုပ်ဆောင်ပေးသင့် တယ်။

 

ဒေါက်တာခင်စောဝင်း

 

( လောကကြီးမှာ အရာအားလုံးဟာ သူ့နေရာနဲ့သူ သဘာဝကျကျလေး
ဖြစ်နေမှသာ ပိုမိုလှပပြီး ပျော်ရွှင်စရာကောင်းတဲ့ သဘာဝလောကကြီး ဖြစ်သွားမှာပေါ့ )

 

နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ် -  မတ် ၂၀၁၁

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top