10
Sep

စေတနာရှင် ကုသိုလ်ရှင်များအား တိုက်တွန်း နိုးဆော်

မင်္ဂလာတောင်ညွန့် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း တည်ထောင်ထားသော HIV AIDS PREVENTION AND CARE SECTION သည် HIV AIDS ရောဂါ ဝေဒနာ ခံစားနေရသည့် လူများကို ပြုစု စောက်ရှောက် သည့် ဂေဟာ တစ်ခုဖြစ်သည်။

အဆိုပါ ဂေဟာတွင် လူနာရှင်(180) ခန့်ရှိပြီး ၄င်းတို့အတွက် နေထိုင် စားသောက် စရိတ်များနှင့် ဆေးဝါး များ၏ကုန်ကျစရိတ်မှာ သိန်း(200)နှင့် သိန်း(300)ခန့်ကြားတွင်ရှိပါသည်။ အဆိုပါ ကုန်ကျစရိတ်များကို နိုင်ငံ တကာမှ အလှူရှင်များ ၊ အဖွဲ့အစည်းများနှင့် NGO များမှ ကူညီ ထောက်ပံ့ နေကြသည်ဟု အများက ထင်မှတ်လျက် ရှိကြသည်။ သို့သော် အဆိုပါ အဖွဲ့စည်းများထံမှ မည်သည့်ထောက်ပံ့မူ တစ်စုံတစ်ရာ မရရှိ  ဘဲ ပြည်တွင်းမှ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမူများဖြင့်သာ ခက်ခက်ခဲခဲ ရပ်တည် နေရခြင်းဖြစ်ပါသည်။

တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို အဆိုပါ ရောဂါဝေဒနာရှင်များ၏ ကိုယ်ခံအားကျဆင်းမှုကို အခွင့်ကောင်းယူကာ ပြင်ပမှ ရောဂါများ ထပ်မံဝင်ရောက်လျက်ရှိသဖြင့် အဆိုပါ ရောဂါဝေဒနာရှင်များမှာ TB အသည်းရောင်၊ အသည်းဝါ ဘီပိုး၊ စီပိုးများ ထပ်မံခံစားနေရပါသဖြင့် ဆေးဝါးကုသမှုများ အဆမတန် ထပ်မံမြင့်တက်လျက် ရှိပါသည်။ သို့ပါသောကြောင့် စေတနာရှင် ကုသိုလ်ရှင်များ အနေဖြင့် မိမိတတ်အားသရွေ့ သွားရောက် လှူဒါန်းခြင်း၊ မိတ်ဆွေ အပေါင်းအသင်းများအား တစ်ဆင့်စကား ဖြန့်ဝေပေးခြင်းဖြင့် ခိုကိုးရာမဲ့နေသော ဝေဒနာရှင်များ၏ ဘ၀ကို ကူညီဖေးမပေးပါရန်  တိုက်တွန်း နိုးဆော်လိုက်ပါသည်။

ဂေဟာလိပ်စာ - ၁၈(ခ)၊ ၃၇၆၊ ကမ္ဘောဇ(၂)လမ်း၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်

ပလောင် - စေတနာရှင် ကုသိုလ်ရှင်များအား တိုက်တွန်း နိုးဆော် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top