အချို့သောဆေးခန်း
များသည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်မရှိကြောင်း လက်မှတ်အတုများ ထုတ်ပေးနေကြောင်း
Marie Stopes International (Myanmar မှ ပြော သည်။
အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်ဖြစ်လျှင် အပြစ်တင်ခံရခြင်းများနှင့် သိက္ခာကျမှုအဖြစ် လူမှုပတ်ဝန်းကျင်
သတ်မှတ်မှုများကြောင့် ယင်းကဲသို့ လိမ်လည်မှုများ များပြားလာနေသည်။
မင်္ဂလာဆောင်ရန်အတွက်
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် မရှိကြောင်း လိမ်ညာမှုများနှင့် သမီးရည်း စားချင်း
လိမ်ညာဆက်ဆံခြင်းများသည် ကာယကံရှင်တို့နှင့် ၎င်းတို့၏လူမှုအဖွဲ့ အစည်းအတွက် ထိခိုက်မှုများဖြစ်ပေါ်စေပြီး
ရောဂါဘယပြန့်ပွားမှုများ ဖြစ်ပေါ်စေသည်။
"လက်မှတ်အတုအတွက်
ကျွန်တော်တို့ကို လာညှိတာတွေရှိတယ်။ ကျွန်တော်တို့မလုပ်ပေးခဲ့ဘူး။ ဒါတွေဟာ ခွဲခြားဆက်ဆံမှုတွေကြောင့်
ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပဲ"ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။
အချို့သောသူများသည်
ရောဂါမရှိသည့်တိုင် ၎င်း၏ထိမ်းမြားမှု အတွက် သို့မဟုတ် သမီးရည်းစားချင်း ယုံကြည်မှုသက်သေအတွက်
ရောဂါကင်းရှင်းကြောင်း လက်မှတ်အတုများကို လိမ်လည်ပြုလုပ်ကြခြင်း ဖြစ်သည်။
ယင်းအတွက်
လက်မှတ်အတု ပြုလုပ်ပေးသည့် ဆေးခန်းများတွင် တာဝန်ရှိပြီး ကျန်းမာရေးဆိုင်ရာ လူမှုဆိုးကျိုးများ
မဖြစ်ပေါ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားရန် လိုအပ်မည်
ဖြစ်သည်။
"အမျိုးသမီးတစ်ယောက်
အနေနဲ့ကတော့ ဒီခေတ်မှာ ကိုယ့်ဘ၀အတွက် ရွေးချယ်မယ့် လူတစ်ယာက်ကို အေ့ဒ်စ်ရောဂါ စစ်ဆေးစေချင်တယ်။
ဒါပေမဲ့ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ဒီလို လုပ်ဖို့က အယုံအကြည်ကင်းမဲ့မှုအဖြစ် အိမ်ထောင်ရေးပြိုကွဲဖို့က
အလေးသာ နေဆဲပဲ"ဟု အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
ကမ္ဘာပေါ်တွင်
ယင်းကဲ့သို့ သော အေ့ဒ်စ်ရောဂါကင်းရှင်းကြောင်း လက်မှတ်အတုလုပ်ဆောင်မှု အများ အပြားရှိနေပြီး
ယင်းသို့ဖြစ်ရခြင်းသည် နှိမ့်ချခွဲခြား ဖယ်ကြဉ်ခြင်းများကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း
ဆေးပညာ အသိုင်းအ၀ိုင်းမှ ယူဆထားသည်။
ရန်ကုန်တိုင်းမ်
- ဆေးခန်းအချို့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် မရှိကြောင်း လက်မှတ်အတုများထုတ်ပေးနေ




