ကျန်းမာရေး ဆေးစစ်မှုများ
ပြုလုပ်ရာတွင် အဖြေရလဒ်မှားယွင်းစွာ ထွက်ပေါ်သည့် ဖြစ်ရပ်များရှိနေပြီး
ထိုသို့မဖြစ်စေရန် သက်ဆိုင်ရာမှ စစ်ဆေး အရေးယူမှုများပြုလုပ်လျက် ရှိကြောင်း
သတင်းရရှိပါသည်။
ထိုသို့အဖြေရလဒ်မတူညီရခြင်း၏
အဓိကအကြောင်းရင်းများမှာ လူနာအား သွေးဖောက်သည့်အချိန်၊ ထို
သွေးအားစစ်ဆေးသည့်အချိန်၊ သွေးဖောက်စဉ်၌ လူနာအစားစားပြီးခြင်း၊ မစားထားခြင်း၊
ကိုယ် လက်လှုပ်ရှား မှု အခြေအနေများ သာမကအသုံးပြုသည့် နည်းပညာ၊ စက်ပစ္စည်းများစသည့် အ
ကြောင်းရင်းများ အပေါ် မူတည်ကာ ကွာခြားကွဲပြားနိုင်ကြောင်း သိရှိရပါသည်။ ဓာတ်ခွဲစစ်ဆေး
သည့် ဓာတ်ခွဲခန်း၏နည်းပညာနှင့် အရည်အသွေး မပြည့်မီခြင်းတို့ ကလည်း
အဖြေရလဒ်အမှန်မထွက် ရှိခြင်း ၏ အဓိကအကြောင်းရင်းလည်း ဖြစ်နိုင်ကြောင်း
ရောဂါဗေဒဆရာဝန် များထံမှ သိရှိရပါသည်။
"ရောဂါစစ်ဆေးတဲ့အခါမှာ
လူနာရဲ့လှုပ်ရှားသွားလာမှုအခြေ အနေတွေနဲ့အသုံးပြုတဲ့နည်းပညာ၊ စက် ပစ္စည်းတွေပေါ်မူတည်ပြီးရလဒ်
အဖြေမတူညီနိုင်ပါဘူး။ ဥပမာပြော ရရင် လူနာက မနက် ခြောက်နာရီ မှာ သွေးဖောက်တယ်။
ဓာတ်ခွဲခန်း တစ်ခုမှာ သွေးစစ်ဆေးတယ်။ သူက သူ့ရလဒ်ကိုမကျေနပ် သေး လို့
နောက်တစ်နာရီအကြာမှာ တခြား ဓာတ်ခွဲခန်းမှာ ထပ်စစ်မယ်။ ဒီလို နဲ့အချိန်ခြားပြီး
နောက်ဓာတ်ခွဲ ခန်းတစ်ခုမှာ ထပ်စစ်မယ်။ အဖြေရလဒ်တွေက ကွဲပြားနေတာတွေ့ရပါမယ်။
တစ်ခုရှိတာက အရည် အသွေးပြည့်မီတဲ့ ဓာတ်ခွဲခန်းမှာ ဆေးစစ်ရင်တောင်
လူနာရဲ့သွေးဖောက်ချိန် မတူညီတာကြောင့် အဖြေကွာခြားနိုင်ပါတယ်။ လူနာကြောင့်လည်း
ဖြစ်နိုင်သလို အရည်အသွေး မပြည့်မီတဲ့ ဓာတ်ခွဲခန်း တွေမှာ စစ်ဆေးရင်လည်း
အဖြေမှန်မရရှိနိုင်ပါဘူး" ဟု ရောဂါဗေဒဆရာဝန်ကြီး တစ်ဦးက ရှင်းပြခဲ့ ပါသည်။
ယခုအခါ ကျန်းမာရေးဝန်ကြီး ဌာနမှ
အရည်အသွေးမပြည့်မီသည့် ဓာတ်ခွဲခန်းများကို စစ်ဆေးတွေ့ရှိပါ က သက်ဆိုင်ရာ
တည်ဆဲဥပဒေများ အရအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပြည်သူ့ ကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့်အိန္ဒိယ၊ ထိုင်း၊ ဟောင် ကောင်၊
သြစတြေးလျ၊ ဂျပန်၊ အမေရိကန်စသည့် နိုင်ငံများနှင့် ပူးပေါင်းကာ ကျန်းမာရေး ဓာတ်ခွဲ
ခန်းများ၏ အရည်အသွေးများမြှင့်တင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း
သိရပါသည်။
ရောဂါများကို စစ်ဆေးပြီး ရရှိသည့်
အဖြေကို ကိုယ်တိုင်ဖတ်ရှု ကောက်ချက်ချမှု မပြုလုပ်သင့်ဘဲ တတ်ကျွမ်းနားလည်သူများ၏
ကောက်ချက်ချမှုကိုသာ ရယူသင့်ကြောင်း သိရှိရပါသည်။ ဥပမာအား ဖြင့် HBs Ag- Positive
သည် ရောဂါရှိခြင်းကို ဖော်ညွှန်းခြင်းဖြစ်ပြီး HBs Ag- Positive သည်အဆိုပါ ရောဂါအတွက်
ကိုယ်ခံစွမ်းအား Antibody ရှိနေခြင်းကိုဖော်ပြခြင်းဖြစ်ကြောင်း၊ ထို့အပြင်
ရောဂါများ ကိုရှာဖွေရာတွင် ပမာဏစစ်ဆေးခြင်း (scnee ming) နှင့် အတည်ပြုစစ် ဆေးမှု
(Confirm matory Test) ဟူ ၍ကွဲပြားချက်များရှိကြောင်း သိရသည်။
"နိုင်ငံခြားသွားမယ့်သူတွေဆိုလည်း
အေးဂျင့်တွေက ချိတ်ဆက်ထားတဲ့ ဆေးခန်းတွေမှာပဲ ဆေးစစ် ရတော့ အဖြေရလဒ်က မှန်လား၊
မမှန်လားဆိုတာ မသိရပါဘူး။ အချို့ဆို လူစားထိုးပြီး ဆေးစစ်တာ တွေရှိသလို
သွားရောက်မယ့်သူမှာ ရောဂါ ရှိရဲ့သားနဲ့ မရှိဘူးဆိုပြီး ပို့ပေးတာတွေ
ရှိပါတယ်"ဟု အလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။
အစိုးရ အသိအမှတ်ပြုဓာတ်
ခွဲခန်းများတွင်သာ စစ်ဆေးသင့်ကြောင်း၊ ရောဂါပိုးတစ်ခုခုကို စစ်ဆေး ရာတွင်
ဓာတ်ခွဲခန်းများစွာတွင် စစ်ဆေးခြင်း ထက်တိကျမှန်ကန်သည့် ဓာတ်ခွဲခန်းတစ်ခုကိုသာ
ရွေး ချယ်စစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များ က သုံးသပ်ခဲ့ကြပါသည်။
ELEVEN
MEDIA GROUP - ဆေးစစ်မှုပြုလုပ်ရာတွင်
ရလဒ်အဖြေမှားယွင်းသည့် ဖြစ်ရပ်များရှိနေပြီး သက်ဆိုင်ရာမှ စစ်ဆေးအရေးယူမှုများ
ပြုလုပ်လာကြောင်း သိရ




