8
Mar

ဆေးစစ်ပြီးမှ ကိုယ်ဝန်ဆောင်ဖို့  သတိပေးတဲ့ သားသည်မိခင်

ကျမက မုဆိုးမတစ်ယောက် HIV ပိုးကူးစက်ခံနေရတဲ့ ဝေဒနာရှင်တစ်ဦးပါ။ ကျမမှာ သမီးလေးတစ်ယောက်ရှိတယ် တစ်နှစ်ကျော် အရွယ်လေးပါ။ ကျမရဲ့ ခင်ပွန်းက မနှစ်က ဆုံးသွားပါတယ်။ သူဆုံးသွားတုန်းကဆိုရင် အတော့်ကို ဒုက္ခရောက်တာဘဲ သမီးလေးကလဲ မွေးကာစ ကျမကလည်း သွေးနုသားနုနဲ့ ဆိုတော့လေ။ ကျမတို့ နှစ်ယောက်က မိဘသဘောတူလို့  ပေးစားပြီး ယူထားရတာ မဟုတ်ဘူး။ အခုကျမ ခင်ပွန်း နဲ့ ခိုးရာ လိုက်ခဲ့မိလို့ ကျမ မိဘတွေက အမွေပြတ် စွန့် လွတ်ထားတာပါ။<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />

 

သူကတော့ ငယ်စဉ်တုန်းက ချူချာလို့  ဆေးရုံခဏခဏ တက်ရတယ်လို့ တော့ သိထားပါတယ်။ သူများတွေလို ပွေတာ မကြားဖူးလို့  သူ့ မှာ ဒီ ရောဂါ ရှိမှန်း သိခါစကဆိုရင် ကျမဖြင့် ယုံတောင်မယုံနိုင်ဘူး ခုတော့သူက ဒီရောဂါဝေဒနာကြောင့် ဘ၀တစ်ပါးကို ပြောင်းသွားပြီလေ။ အခု လက်ရှိမှာတော့ ကျမတင်မကဘူး သမီးလေး မှာပါ HIV Positive  တွေ့ တယ်လို့ လွန်ခဲ့တဲ့ လကမှ သိရတယ်ရှင် မိခင်တစ်ယောက် အနေနဲ့  ဒီလို ဆိုးရွားတဲ့ ရောဂါကို ကိုယ်ကသာ ခံစားရပါစေ ကိုယ့်ရဲ့ ရင်သွေးကိုတော့ ဘယ်အဖြစ်ခံနိုင်မှာလဲ။ ဒါတွေကို တွေးမိရင် ကျမရင်ထဲမှာ ခံစားရတာ နေ့ တိုင်းနေ့ တိုင်းပါဘဲ။ သမီးလေး မျက်နှာကိုမြင်တိုင်း မြင်တိုင်း ၀မ်းနည်းရတယ်။ ငိုရလွန်းလို့  မျက်လုံးတွေတောင် ရောင်နေခဲ့ ရတယ်။ ကျမကလည်း ရောဂါသည် သမီးလေးကလည်း လူမမည် ကျမဘ၀ ဘယ်လို စခန်းသွားရမလဲ မသိသေးဘူး။ မိဘတွေကလည်း အဝေး မှာဆိုတော့ ပိုဆိုသွားတာပေါ့။ ကျမမှာ တစ်ယောက်တည်း ရုန်းကန်နေရတယ် ၀မ်းရေးအတွက် ဝေဒနာက တစ်ဖက် ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ကဲ့ ရဲ့မှုတွေ ကတဖုံနဲ့  ကျမတစ်ယောက်တည်း အားတင်းနေရတယ်။ ကျမ သမီးလေးအတွက် အသက်ဆက်ရှင် ချင်သေးတယ်။ ကံဆိုးရှာတဲ့ ကျမသမီးလေး လူ့ လောကထဲ ရောက်လာတာတောင် ဒုက္ခတွေနဲ့ ရှင်။ ကျမ ကိုယ်ဝန်မဆောင်ခင် ကတည်းက ကျမစဉ်းစားမိ ခဲ့ဖို့ ကောင်းတယ် အသိဉာဏ်ကင်းမဲ့ မိခဲ့တဲ့ကျမ ကိုယ်ဝန်မဆောင်ခင် သွေးစစ်ဖို့ လိုတယ် ဆိုတာကိုလည်း မသိခဲ့ဘူး။ ဒါကြောင့် ကျမလို့ မဖြစ်ရအောင် အသိပေး ချင်ပါတယ်။ မိန်းကလေးတွေ အနေနဲ့  ကိုယ်ဝန်မဆောင်ခင် ကိုယ်ဝန်မဆောင်ခင် ကိုယ်ဝန်ယူသင့် မယူသင့် ဆိုတာကို တတ်သိနားလည်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ ဒါတွေကို မသိလို့ ကျမဘ၀ သောကတွေနဲ့ ဒုက္ခဝေဒနာ ခံစားနေရပြီလေ။ ဒါကြောင့် ကျမလို မခံစားရအောင် သတိပေးပါရစေရှင်။

 

Good Health Journal No,121. 14/3/2007

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top