ဒီနေ့လည်း မဖြတ်နိုင်ဘူး။ မနက်ဖြန်လည်း မဖြတ်နိုင်ဘူးဆိုရင် တစ်ခါသုံး ဆေးထိုးအပ်တွေကို သုံးဖို့ ကျွန်တော်တို့က ပညာပြန်ပေးရတာပေါ့။ အဲဒီလိုမျိုး သူတို့ သုံးနေရင်းကနေ တစ်ခါသုံး ဆေးထိုးအပ်သုံးမယ်။ တဖြည်းဖြည်း သူပြောင်းလဲချင်တယ်ဆို ဖြတ်တဲ့ လုပ်ငန်းကိုရောက်လာမယ်။
ဆရာအနေနဲ့ ဒီကလူငယ်တွေကို ဘယ်လိုမျိုး ချဉ်းကပ်လဲ။ ဘယ်လိုမျိုးတွေ ပံ့ပိုးပေးလဲ။
ဆရာကတော့ အဓိကကတော့ Local NGO ပါ။ ကျွန်တော်တို့ ဥက္ကဋ္ဌက မူးယစ်စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးပေါ့။ သူက မူးယစ်ဆေးရုံ တွေမှာ ရွာသာကြီးတို့။ ရွာသာကြီးကနေ နောက်ဆုံး လက်ထောက်ကထိကကနေ ပင်စင်ယူပြီး ဒီအဖွဲ့ကို တည်ထောင်ခဲ့တာပေါ့။ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အပေါ်မူတည်ပြီးတော့မှ ဒီအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ ချဉ်းကပ်တာပေါ့။ INGO လိုပုံစံ မျိုးတော့ မဟုတ်ဘူး၊ Local NGO ဖြစ်တဲ့ အခါကျတော့ အဓိကက ကျန်းမာရေး အဖွဲ့အစည်းပေါ့။ လက်ရှိလုပ်နေတဲ့ ပရောဂျက်ကလည်း အိပ်ခ်ျအိုင်ဗွီလျှော့ချရေး ပရောဂျက် လုပ်တာပေါ့။ ဒီမူးယစ် ဆေးသုံးတဲ့ ကလေးတွေကလည်း ကျွန်တော် တို့မှာ အချိန်ပြည့် ဝန်ထမ်းတွေရှိတယ်။ အချိန်ပြည့် ဝန်ထမ်းတွေကတော့ မူးယစ် ဆေးဝါးနဲ့ မပတ်သက်တဲ့ အချိန်ပြည့် ဝန်ထမ်းတွေပေါ့။ တချို့စေတနာ့ဝန်ထမ်း ဆိုရင်တော့ မူးယစ်ဆေးကုသွားတဲ့ ကလေးတွေပေါ့။ ဥပမာဆို မက်သဒုန်း အစားထိုးတဲ့ ဆေးစားသွားတဲ့ ကလေး တွေရှိတာပေါ့။ အဲဒီ ကလေးတွေလည်း ပါဝင်ပြီး ချိတ်ဆက်ပြီးတော့ ရင်းရင်း နှီးနှီးပညာပေး လုပ်ငန်းတွေ လုပ်တယ်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်တယ်။ အဓိကတော့ အိပ်ခ်ျအိုင်ဗွီ မပြန့်ပွားသွားအောင် ပညာပေး လုပ်ငန်း တွေလုပ်တာပေါ့။ ကချင်ပြည်နယ်မှာတော့ ခြောက်မြို့နယ်မှာ ရှိတာပေါ့။ မိုးမောက် အပါအဝင်။ Local NGO လည်း ဖြစ်တော့လေ။ ရပ်မိရပ်ဖတွေနဲ့ တွဲပြီးတော့မှ သူတို့လိုအပ်တာတွေကို လိုက်လုပ်ပေးတယ်။
အိပ်ခ်ျအိုင်ဗွီ မပြန့်ပွားအောင် ကာကွယ်တဲ့ စီမံချက်တွေထဲမှာ ဆေးထိုး အပ်တွေနဲ့ ပတ်သက်ပြီး အထူးဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေရှိလား။
နိုင်ငံတော်ရဲ့ National Stergetic Plan ဆိုတာရှိတယ်။ အိပ်ခ်ျအိုင်ဗွီလုပ် မယ်ဆိုရင် အဲဒီထဲမှာကို Harm Reduction လုပ်သွားတာပေါ့။ အဓိက အန္တရာယ် တားဆီးလျှော့ချရေးလို့ ခေါ်တယ်။ မူးယစ်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ သူက Stregy သုံးခုနဲ့ လုပ်တာပေါ့။ (၁) က Demand Reduction သုံးစွဲတာ ကိုလျှော့ချဖို့။ ဒါတွေက လက်ရှိလည်း ကြိုးစားပြီးလုပ်နေတယ်။ နောက် Supply Reduction။ ထုတ်တာကို သိပ်မထွက်တော့အောင် လုပ်တယ်။ ဘိန်း အစားထိုး စိုက်တာတို့။ အဲဒီနှစ်ခုကတော့ စီမံချက်နဲ့ လုပ်နေတယ်။ နောက်ဆုံး Harm Reduction ကတော့ ကျန်းမာရေး နဲ့ပတ်သက်တဲ့ ဆရာဝန်တွေလည်း ပါရတာပေါ့။ အန္တရာယ် တားဆီးလျှော့ချရေး ဆိုတာတွေကို လုပ်လာရတယ်။
ဘာတွေကို အန္တရာယ် တားဆီးလျှော့ချလဲ။
Harm Reduction က ဆိုင်ကယ်စီး တာနဲ့ တူတာပေါ့။ ဆိုင်ကယ်မစီးနဲ့လို့ တားလို့မရဘူးလေ။ စီးတယ်။ မမှောက်နဲ့ဆိုလည်း မှောက်ဦးမှာပဲ။ ခေါင်းမကွဲနဲ့ ဆိုလည်း ကွဲဦးမှာပဲ။ မသေနဲ့ဆိုလည်း သေဦးမှာပဲ။ တကယ်လည်းပဲ ဆေးရုံမှာ ဒုတိယ အသေအများဆုံးက ခေါင်းကွဲပြီး သေတာ။ ဆိုင်ကယ်လည်း စီးမယ်။ မှောက်လည်းမှောက်မယ်ဆိုရင် မသေအောင် ဘာလုပ်ခိုင်းလဲဆိုတော့ ဆိုင်ကယ်ဦးထုပ် ဆောင်းခိုင်းတာပေါ့။ အန္တရာယ်တားဆီး လျှော့ချရေးဆိုတာ အဲဒီလိုပေါ့။ မသုံးနဲ့ ဆိုလည်း သုံးနေဦးမယ့်သူက ဒီလမ်းစ တစ်ခုကရှိနေတဲ့အခါကျတော့ သုံးနေတဲ့ အချိန်မှာလည်းမသုံးအောင် အန္တရာယ် ပညာပေးပြောတယ်။ ပြောနေရင်းနဲ့ကနေပြီးတော့မှ သုံးလည်းသုံးနေတယ်။ ဘယ်လိုမှ မလွှဲမရှောင်သာ။ တချို့ကလည်း ပြန် ကျဆုံးတယ်။ ပြန်သုံးဖြစ်လာတယ်။ မူးယစ်ဆေးဖြတ်တာကလည်း မလွယ်ဘူးပေါ့။ အဲဒီကြားထဲမှာ ကျွန်တော်တို့က ပညာပေးလုပ်ငန်းတွေ လုပ်ပြီး ဆေးထိုးအပ်တွေကို ဒီကွန်ဒုံးတွေလုပ်ခဲ့ သလိုပေါ့။ ပြည့်တန်ဆာတွေမှာ ကွန်ဒုံး တွေဝေခဲ့သလိုပဲ။ အန္တရာယ်တွေ တစ်ယောက်နဲ့ တစ်ယောက် မရောက်သွား အောင်ပေါ့။ ဆေးထိုးအပ်ကနေ HIVကူးတဲ့နှုန်းက တအားမြန်တယ်။
ဒီနယ်မြေတစ်ဝိုက်မှာ ဆေးထိုးအပ် သုံးကြတဲ့ IDU User တွေက၊ အရင်တုန်း ကဆိုရင် တစ်ခါသုံးအပ်မသုံးတဲ့ အလေ့အကျင့်တွေ ဘယ်လိုရှိလဲ။ ဘယ်လောက်ထိ ပညာရလာလဲ။
မိုးမောက် အနေနဲ့ကတော့ ကျွန်တော်တို့က ၂ဝ၁ဝ လောက်ကမှ စဝင်တာပေါ့။ အဲဒီမတိုင်ခင်ကတော့ အခုထက်ထိလည်း တချို့နေရာတွေတော့ ရှိတုန်းပဲ။ တချို့ ကလေးတွေကဆိုရင် ဗန်းမော်တွေ ဘာတွေမှာနေရင်း ပြုရင်းနဲ့ပဲ နီးစပ်ရာတွေ ဖြစ်သွားတယ်။ ဗဟုသုတ အပိုင်းမှာဆိုရင် တဖြည်းဖြည်းနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်လာတဲ့ အခါကျတော့ အတိုင်းအတာ တစ်ခုထိရောက်လာပြီ။ အခုလက်ရှိမှာ ဆိုရင် ၁၉၉ဝ ကနေ ၂ဝဝဝ ကာလထိ ဆိုရင် အရင်က ၂၅ ရာခိုင်နှုန်းလောက် ဖြစ်ရာကနေ အခု ၂ဝ ရာခိုင်နှုန်း လောက်ကိုကျလာတာ။ Zero ကျဖို့ဆို တာတော့ တော်တော်လေးကိုလုပ်ရဦး မှာပါ။ ချက်ချင်းကြီးကတော့ မနက်ဖြန်၊ သန်ဘက်ခါ အဲဒီလိုမျိုးတော့ မပြောင်းလဲ နိုင်ဘူး။ လူတွေရဲ Behaviour Change ဆိုတာကလည်း တော်တော်လေးကိုလုပ် ယူရတာပါ။
မူးယစ်ဆေးသုံးစွဲနေတဲ့ လူငယ်တွေ၊ IDU တွေဆိုရင် ဆရာတို့ဘက်က အိပ်ခ်ျအိုင်ဗွီလျှော့ချချင်တဲ့ အတွက် ဆေးထိုးအပ်တွေ သူတို့ အလွယ်တကူသုံးနိုင်တယ်။ မူးယစ်ဆေး သုံးတာကလည်း တစ်ဖက်က ဥပဒေနဲ့ ငြိစွန်းနေတော့ ဆရာ တို့အနေနဲ့ လုပ်ဆောင်ရတဲ့ အပိုင်း ဘယ်လို အခက်အခဲရှိလဲ။
အဓိကကတော့ မိတ်ဖက် အဖွဲ့အစည်းပေါ့။ Partnership လုပ်တာပေါ့။ ဆရာ အနေနဲ့က တခြားနိုင်ငံက လာလုပ်တာလည်း မဟုတ်ဘူး။ ဒီနိုင်ငံ၊ ဒီဒေသ အကြောင်းကို နားလည်တဲ့ သူတွေပဲ လုပ်တာဆိုတဲ့ အတွက် အရေးကြီးဆုံးက အမြဲတမ်း အကြံပြုနိုင်တဲ့ ဆရာကြီးတွေနဲ့ လက်တွဲပြီး လုပ်တယ်။ အစဉ်သဖြင့် ကျွန်တော်တို့က ကျန်းမာရေး ဝန်ကြီးဌာန ဆိုလည်း သူ့မိခင်ဌာနပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနရယ်၊ အထူးသဖြင့် မူးယစ် အထူးတပ်ဖွဲ့ရယ်။ မြစ်ကြီးနားမှာ ဆိုရင်တော့ ရဲမှူးစိုင်းသိန်းဇော် အပါအဝင် ဆရာကြီးတို့နဲ့ Plan ထားတာကတော့ သုံးလ တစ်ကြိမ်လောက်ကို Harm Reduction Coordination Committee ဆိုပြီး ဖွဲ့ထားတယ်။ အဲဒီထဲမှာ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးပါမယ်။ ဒီဘက်ကဆိုရင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတွေ ပါမယ်။ ကော်မတီဖွဲ့ပြီးတော့ အမြဲဆွေးနွေး ပွဲတွေလုပ်ပါတယ်။
ဆရာတို့ ဒီမူးယစ်ဆေး သုံးစွဲတဲ့ သူတွေကို အပ်ပေးတဲ့ အချိန်မှာ Peer to Peer တွေရဲ့ လုပ်ဆောင်ချက် အခန်းကဏ္ဍ တွေပြောပြပေးပါ။
အဲ့ဒါလည်း အရေးတော့ကြီးတာပေါ့။ ကျွန်တော်တို့ ဆရာရဲ့ Peer ထားတယ် ဆိုတာ၊ Peer ဆိုတဲ့ အဓိပ္ပာယ်က ဘဝတူ ပညာပေး၊ သို့သော် ဘဝတူဆိုပေမယ့် များသောအားဖြင့် ကျွန်တော်တို့ထား လိုက်တဲ့ Peer တွေက ဆေးကုနေတဲ့ သူတွေများတယ်။ မက်သဒုန်းလို ဟာမျိုးပေါ့။ သူကနှစ်နှစ်လောက် အနည်းဆုံး သောက်ရမယ်။ အဲဒီလိုဆေးလည်း သောက်နေရင်းနဲ့ ကျွန်တော်တို့ အလုပ်ကို ကူညီပေးတာပေါ့။ Peer တွေရဲ့ အားသာ ချက်က သူကိုယ်တိုင်လည်း ဒီဘဝမှာ နေခဲ့ဖူးတဲ့ အခါကျတော့ ကျွန်တော်တို့ စကားပြောတာကအစ သူတို့ဘာသာ စကားသူတို့ရှိတယ်။ သူတို့အချင်းချင်း ပြောတဲ့ Message တွေကလည်း အရမ်း ထိရောက်တယ်လို့ သူ Networking ပေါ့။ အလွယ်တကူ ချိတ်ဆက်နိုင်တယ်။ Control တော့ပြန်လုပ်ရတယ်။ Quality Control ပေါ့။ သူတို့ရဲ့ စေတနာ စိတ်ဓာတ်ကို အဓိကအားထားပြီးတော့ လုပ်ရတယ်။ ဆေးသုံးတဲ့ သဘာဝတွေ မဟုတ်ရင် မသိနိုင်ဘူးလေ။ သူတို့အခန်းကဏ္ဍက တော်တော်အရေးကြီးပါတယ်။
ပြည်ထောင်စု နေ့စဉ် - ဆေးထိုးအပ်ကနေ HIV ကူးတဲ့နှုန်းက တအားမြန်တယ်




