မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ်ရှိ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီက Cipla နှင့် Vimal Co., Ltd တို့မှ ကြီးမှူး ကျင်းပသော ဆေးပညာ နှီးနှော ဖလှယ်ပွဲနှင့် ဆေးဝါးသစ် မိတ်ဆက်ပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးပညာ နှီးနှောဖလှယ်ပွဲသို့ သမားတော်ကြီးများ၊ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ကြီးများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆရာဝန်ကြီးများ၊ ရင်ခေါင်း အထူးကု ဆရာဝန်ကြီးများ၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီးများ တက်ရောက် ကြသည်။ အခမ်းအနားတွင် မန္တလေး ဆေးပညာ ဌာနမှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ အောင်ကြီးမှ သဘာပတိအဖြစ် ဆောင်ရွက်၍ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ရဲမြမှ ART Simplified ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက် လာသူများ၏ သိလိုသည့် မေးမြန်းချက် များအပေါ် ပြန်လည် ဖြေကြား ဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားအား HIV နှင့် AIDS ရောဂါ ကုသရန် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်သော Viraday အမည်ရှိ ဆေးအား တင်သွင်း ဖြန့်ချိသည့် Cipla နှင့် Vimal Co., Ltd မှ ကူညီ ပံ့ပိုး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မန္တလေး ၊ ၉-၄-၂၀၁၃
မြဝတီ - ဆေးပညာ နှီးနှောဖလှယ်ပွဲ နှင့် ART ဆေးဝါးအသစ် မိတ်ဆက်ပွဲကျင်းပ




