ကျွန်တော့အဖွား
ငယ်ငယ်တုန်းကပြောတာ သတိရမိတယ်။ “စစ်ကြီးပြီးတော့ တီဘီဖြစ်တဲ့သူ အားလုံးလိုလို သေတာပဲ။
ပိုက်ဆံတတ်နိုင်လို့ ဒါဂျီလင်တို့ဘာတို့ သွားကုတဲ့လူလောက်ပဲရှင်တယ်” မှန်ပါတယ်။ တစ်ထောင့်ကိုးရာ့ငါးဆယ်
ခုနှစ်နောက်ပိုင်း စထရက်ပတိုမိုက်ဆင် ထိုးဆေး ပေါ်လာတော့မှ တီဘီရောဂါရှင်တွေ အသက်ရှင်ဖို့
မျှော်လင့်ချက်ရှိလာတာပါ။
ဒီနောက်ပိုင်း
တီဘီရောဂါကုသမှုဟာ ဆရာဝန်များအတွက် ထမင်းစားရေသောက်လို လွယ်ကူတဲ့ ကုထုံး ဖြစ်လာပါတယ်။
အိုင်ဆိုနီရာဇစ်လို ဆေးမျိုးပေါ်လာ ပြီးနောက် လူနေမှုအဆင့်အတန်း မြင့်မားတဲ့ဖွံ့ဖြိုးပြီး
နိုင်ငံတွေမှာ လူတွေရဲ့ကျန်းမာရေးအတွက် လုံလောက်တဲ့ဆေးတွေ ပေးနိုင်တဲ့အပြင် တီဘီကာကွယ်ရေးကို
စနစ်တကျလုပ်ဆောင်ကြလို့ တီဘီလုံးဝ ပပျောက်တဲ့အဆင့်အထိ ရောက်ခဲ့ပါတယ်။
တီဘီရောဂါသည်
လူဆင်းရဲတွေရဲ့ရောဂါလို့ သတ်မှတ်ရအောင် ဆင်းရဲပြီး လူဦးရေ ထူထပ်တဲ့ နိုင်ငံတွေရဲ့ ရောဂါအဖြစ်
ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ အေအိုင်ဒီအက် ရောဂါပေါ်လာပြီးတဲ့နောက်မှာ ကမ္ဘာတလွှားမှာ တီဘီရောဂါပြန်ပြီး
ခေါင်းထောင်လာပါတယ်။ တီဘီရောဂါပိုးသည် မိုက်ကို ဘက်တီးရီးယား အုပ်စုဝင် တီဘီဘက်တီးရီးယားပိုးကြောင့်
ဖြစ်ပါတယ်။
အဓိကအဖြစ်များဆုံးက
အဆုပ်တီဘီပါ။ လူရဲ့ခန္ဓာ အစိတ်အပိုင်းအားလုံး လိုလိုတီဘီရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြားတီဘီ၊
အူတီဘီ၊ အရိုးတီဘီတို့ဟာ လူသိများတဲ့ တီဘီရောဂါများ ဖြစ်ပါတယ်။
အရိုးတီဘီ
ကမ္ဘာ့လူဦးရေရဲ့
သုံးပုံတပုံမှာတီဘီပိုးရှိတယ်လို့ WHO မှခန့်မှန်းပါတယ်။ ဒီအထဲကအများစုမှာ တီဘီရောဂါလကဏ္ခာ
မတွေ့ရပါ။ ဘာလို့လဲဆိုတော့ လူသာမန်ရဲ့ ကိုယ်ခံအားက တီဘီပိုးကို မပွါးအောင်ထိန်းထားလို့ပါ။
ခုခံအား
ကျဆင်းရောဂါရှိတဲ့သူဟာ တီဘီရောဂါပိုးကို မခုခံနိုင်တဲ့အတွက် ဆေးတွေကို အပြင်းစား သုံးရပါတယ်။
နောက်ဆုံး ဒီဆေးအပြင်းစားတွေကလဲ AIDS ရောဂါရှင်ကို မကယ်နိုင်တဲ့အပြင်သူ့ထံမှ HIV သာမက
ဆေးမတိုးတဲ့ တီဘီပါ နီးစပ်သူများကို ကူးစက်နိုင်ပါတယ်။
တီဘီနှင့်HIV
-AIDS ဝေဒနာသည်
နောက်ထပ်
အကြောင်းတခုကတော့ တီဘီဆေးများကို မကျွမ်းကျင်တဲ့ ရမ်းကုများ၊ ဒါမှမဟုတ် လူနာကိုယ်တိုင်
ဆေးဝယ်သောက်ခြင်းတို့ကြောင့် ဆေးမတိုးတဲ့ တီဘီ ပိုပြီးပြန့်ပွါးလာပါတယ်။
MDR-TB
(Multi Drug Resistant Tuberculosis)
အိုင်ဆိုနီရာဇစ်နဲ့
ရိုင်ဖယ်ပင်စင် အခြေခံ တီဘီဆေးမတိုးတဲ့အဆင့်ပါ။ ပိုပြီးအဆင့်မြင့်တဲ့ ဆေးနဲ့ကုသရင်
ပျောက်ကင်းနိုင်ပါသေးတယ်။
XDR
–TB( Extensively Drug Resistant Tuberculosis)
တီဘီရဲ့
ပထမနဲ့ ဒုတိယအဆင့် ဆေးတွေမတိုးတော့ပါ။ AIDS လူနာတွေမှာ အများဆုံးတွေ့ရပါတယ်။ ကုသရန်မလွယ်တော့ပါ။
တီဘီလည်ပင်းကျိတ်
စံနစ်တကျကုရင်ပျောက်သည်
ဒါဆိုရင်ဘာလုပ်ရမလဲ၊
တလထက်ပို ပြီးချောင်းဆိုးရင် ညနေပိုင်းတငွေ့ငွေ့ဖျားရင် ကိုယ်အလေးချိန် ရုတ်တရက်တရက်
သိသာစွာကျသွားရင် ချောင်းဆိုး သွေးပါရင် ကိုယ်မှာအကျိတ် (မနာမကြင်ပါ) အထူးသဖြင့်လည်ပင်းမှာ
တွေ့ရင် မိမိနှင့်အတူနေသူမှာ တီဘီရောဂါရှိရင် နီးရာဆေးခန်းမှ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြပါ။
မိမိ အပျော်အပါး လိုက်စားမိခဲ့ရင် ဆရာဝန်ကိုမရှက်မကြောက် ပြောပြပါ။ အခုခေတ်မှာ HIV
ပိုးကိုထိန်းထားနိုင်တဲ့ ARV ဆေးတွေရှိနေပါပြီ။ တီဘီအတွက်လဲ ဆေးကောင်းတွေ ရှိနေပါပြီ။အရေးကြီးတာက
နောက်မကျခင် ဆေးကုသခံယူဖို့ပါပဲ။
Kaythayarzar
- ဆေးမတိုးတဲ့ တီဘီ




