ဆေးမတိုးသည့် တီဘီရောဂါ အသွင်ကွဲများတွင် XDR ရောဂါသည် ဆေးလုံးဝ နီးပါးမတိုးသည့်ရောဂါ ပုံစံတစ်မျိုးဖြစ်သည်။ ပထမဆင့် ဆေးများလုံးဝ မထိရောက် သည့်အပြင်၊ ဒုတိယအဆင့် ဆေးသုံးမျိုးလည်း အရာမထင်သည်ကို တွေ့ရသည်။ ထိုတီဘီအမျိုးအစား စွဲကပ်ခံရသူ အမေရိကန်လူမျိုးတစ်ဦးသည် မေလ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ အက်တလန်တာမှပဲရစ်၊ ပရိပ်၊မွန်ထရီရယ် မှတဆင့်အမေရိကန်သို့ ပြန်ရောက်လာသည်။ ပြည်ထောင်စု အစိုးရ၏ အမိန့်ဖြင့် ပြင်ပဆက်သွယ်မှုများ ဖြတ်၍ဆေးရုံ၏
သီးသန့်ခန်းတွင် တစ်ဦးတည်းထားရှိလေသည်။
တီဘီရောဂါသည် နှာချေခြင်း၊ ချောင်းဆိုးခြင်းဖြင့်ပြန့်ပွားသည်။ ဤရောဂါမျိုးစိတ်သည် အသက်ဆုံးရှုံးနိုင်ခြင်း၊ ခေတ်သစ်ပို့ဆောင်ရေး စနစ်၏လျှင်မြန်ခြင်း
တို့ကြောင့် ဆား - ကူးစက်ရောဂါကဲ့သို့ လျှင်မြန်စွာ ပြန့်နှံှံ့မည်စိုးရိမ်သဖြင့်
ချက်ချင်းအရေးယူ ဆောင်ရွက်ရန်လိုအပ်သည်။ ထို့ကြောင့် အထက်ဖော်ပြပါ နေ့ရက်တွင် အတ္တ္တလန်တိတ် သမုဒ္ဒ္ဓရာဖြတ်ကျော် ပျံသန်းသော လေကြောင်းလိုင်း နှစ်ခုမှဝန်ထမ်းများနှင့် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးရန်
ညွှန်ကြားခဲ့ရသည်။
“ရောဂါထိန်းချုပ် တားမြစ်ရေးဗဟိုဌာန”(CDC)သည် ဒေသကျန်းမာရေး ဌာနများ၊ လေကြောင်းလိုင်းများ၊ နိုင်ငံတကာ ကျန်းမာရေးဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ အမေရိကန်နိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။
ယခင်နှစ်က တီဘီရောဂါရှင် ၁၃၇၆၇ ဦးသာရှိသည်။ မနှစ်က XDR-တီဘီရောဂါသည် နှစ်ဦးသာတွေ့ရှိခဲ့သည်။ တစ်ကမ္ဘ္ဘာလုံးတွင် နှစ်စဉ် လူ ၁.၆ သန်းခန့် ဤရောဂါဖြင့်သေဆုံးလျှက်ရှိကြသည်။




