လူကိုသေစေနိုင်သော ဆေးမတိုးသည့် တီဘီရောဂါပိုးကို
အမေရိကန်နိုင်ငံသား ကိုးသောင်းကျော် နှစ်စဉ် ကူးစက်ခံနေရပြီး အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုသည်
AIDS ရောဂါဖြစ်ပွားခြင်းကြောင့်
သေဆုံးသူ အရေအတွက်ထက်
ကျော်လွန်သွားနိုင်ကြောင်း အမေရိကန်နိုင်ငံ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူ တစ်ဦး၏ လေ့လာတွေ့ရှိချက် အသစ်အရသိရှိရသည်။
လူတစ်သိန်းလျှင် ၃၂ ဦး ဆေးမတိုးသည့် တီဘီရောဂါပိုး
ကူးစက်ခံရမှုကို ထိတ်လန့်ဖွယ်တွေ့ရှိရကြောင်း အမေရိကန် ဆေးပညာအသင်း ဂျာနယ်တွင် ဖော်ပြထားသည်။
မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ ကူးစက်ရောဂါဖြစ်ပွားစေသော ဘက်တီးရီးယား ပိုးများကို
ဆေးရုံများတွင် အများဆုံး တွေ့ရလေ့ရှိပြီး
အကျဉ်းထောင်၊ အားကစားရုံ၊ အချုပ်ခန်း နှင့် မြို့ပြ ဆင်းရဲသား ပတ်ဝန်းကျင်များသို့
တဆင့် ကူးစက်ပြန့်ပွားလေ့ရှိကြောင်း သိရသည်။
ကျန်းမာရေးအသိပညာ ရှိခြင်းသည် အသက်အန္တရာယ်ကို
ထိခိုက်နိုင်သော ကူးစက် ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း
အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ ပြောကြား ခဲ့သည်။
သို့ပါ၍ ကူးစက်ရောဂါ အန္တရာယ်မှ ကင်းဝေစေရန် -
-လက်ကိုဆပ်ပြာနှင့် သေချာကျနစွာ ဆေးကြောသန့်စင်ပါ။
-ထိခိုက်ပွန်းပဲ့ ရှနာများကို ပတ်တီးနှင့် လုံခြုံစွာဖုံးအုပ်ထားပါ။
-တခြားသူများ၏ ထိခိုက်ဒဏ်ရာနှင့် ပတ်တ်ီးများအား
တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။
- တစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်သော မျက်နှာသုတ်ပ၀ါ၊
မုတ်ဆိတ်ရိတ်ဓါး စသည်တို့ကို မျှဝေသုံးစွဲခြင်း
မှ ရှောင်ရှားရန် အထူးလိုအပ်ပေသည်။
(အေပီ)




