ဆေးကုသရန် ခက်ခဲသည့် ဆေးယဉ်ပါး တီဘီရောဂါကို
ဆေးသုတေသနဦးစီး ဌာန(အောက်မြန်မာပြည်)မှ သုတေသနပြု အောင်မြင်ခဲ့သည့် မြန်မာ
တိုင်းရင်းဆေးဝါးများဖြင့် ပေါင်းစပ် ကုသပေးနိုင်တော့မည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ပါမောက္ခ ဒေါက်တာပိုင်စိုးက ပြောသည်။
''ဆေးယဉ်ပါးနေတဲ့ တီဘီလူနာ ၄၄ ယောက်ကို စမ်းသပ်ကုတဲ့အခါ သုတေ
သနအောင်မြင်မှုက မယုံနိုင်အောင် ၈၃ ရာခိုင်နှုန်းကျော်အထိ အောင်မြင်တာကို တွေ့ရတယ်''ဟု ယင်းကဆိုသည်။
အနောက်တိုင်းဆေးဝါးများဖြင့် ဆေးယဉ်ပါးတီဘီရောဂါကို ကုသရာတွင်
ဈေးနှုန်းကြီးမြင့်ခြင်း၊ ဘေးထွက် ဆိုးကျိုး များခြင်းနှင့် အချိန်ကာလ ကြာမြင့်စွာ
သောက်သုံးရခြင်းတို့ကြောင့် လူနာများတွင် အခက်အခဲဖြင့် ရင်ဆိုင် ကြရ သည့်အတွက်
တိုင်းရင်းဆေးများ နှင့် သုတေသနပြုမှုကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သည်။
တိုင်းရင်းဆေးများကို ပြည်တွင်းမှ ရရှိသည့်
တိုင်းရင်းဆေးပင် ကုန်ကြမ်းများဖြင့် ရောဂါကြီးတစ်ခုကို အောင်မြင်စွာ
ကုသပေးနိုင်သည့်အတွက် ကုန်ကျစရိတ် သက်သာစွာ ကုသပေးနိုင်တော့ မည်ဖြစ်ကြောင်း ယင်းက ပြောသည်။
မြန်မာတိုင်းရင်းဆေးပင် ၁၁ မျိုးကို ဆေးအနှစ်အမျိုးမျိုး
ထုတ်ယူကာ ဓာတ်ခွဲခန်းတွင် တီဘီရောဂါပိုးအပေါ် အာနိသင်သက်ရောက်မှုရှိမရှိ သုတေသန
ပြုလုပ်ခဲ့ရာ ယင်းဆေးပင်များအနက်မှ ငါးမျိုးတွင် တီဘီပိုး သေစေ နိုင်သော
အာနိသင်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်း ဆေးပင်များတွင် လတ်တလောနှင့်
ရေရှည်အဆိပ်သင့်မှု၊ ဘေးထွက်ဆိုး ကျိုးရှိမရှိကို ကြွက်ဖြူလေးများအား စမ်းသပ်တိုက်ကျွေးရာ ယင်းအာနိသင်များ မတွေ့ရှိရသည့်အတွက် လူပုဂ္ဂိုလ်များတွင်
သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ပိုးမွှား ဗေဒဆရာဝန် ဒေါက်တာ ဒေါ်တီတီ က
ပြောသည်။
ထို့ကြောင့် ၂ဝဝဝ ပြည့်နှစ်၌ သုတေသန စမ်းသပ်မှုဆိုင်ရာကျင့်ဝတ်
ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တီဘီ ရောဂါ ကု ပထမအဆင့်နှင့် ဒုတိယ အဆင့်ဆေးများဖြင့်
မပျောက်ကင်းနိုင်တော့သည့် ဆေးယဉ်ပါးတီဘီ ရောဂါ လူနာ ငါးဦးအား ဒုတိယအဆင့် တီဘီ
ရောဂါကု အနောက်တိုင်းရင်းဆေး သုံးမျိုးနှင့် တိုင်းရင်းဆေးငါးမျိုး တွဲဖက်ကာ
နှစ်နှစ်ကြာ ဆေးပေးကုသခြင်းဖြင့် ငါးနှစ်အထိ တီဘီရောဂါ ပြန်လည်
ဖြစ်ပွားခြင်းမရှိဟု လက်တွေ့ ဆေးပေး ကုသခဲ့သည့် တီဘီရောဂါကု ဆရာဝန် ကြီးတစ်ဦးက
ပြောသည်။
မြန်မာတိုင်းမ်
- အတွဲ ၂၂၊ အမှတ် ၄၂၃ (၁၇ - ၂၃၊ ၇၊
၂ဝဝ၉)




