1
Aug

ဆေးယဉ်ပါး တီဘီလူနာများ အတွက် ဆေးသစ်ထုတ်ရန် သုတေသနပြု



ဆေးယဉ်ပါး တီဘီလူနာများအား မြန်မာတိုင်းရင်းဆေး ၅မျိုးနှင့်
နိုင်ငံခြားဖြစ် ဆေးဝါး၃မျိုးတို့ကို
တွဲဖက်တိုက်ပြီး ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့သဖြင့် အဆိုပါ
ဆေးဝါးများမှ အာနိသင်ရှိသော အစိတ်အပိုင်းကို ထုတ်ယူပြီးနောက် အနောက်တိုင်း ဆေးဝါးကဲ့သို
ထုတ်လုပ်ရန် ဆက်လက်၍ သုတေသနပြု ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း
ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ သတင်းရရှိသည်။

                      

တစ်လလျှင် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ ကုန်ကျနိုင်သော
ဆေးယဉ်ပါး   တီဘီလူနာများ

သောက်သုံးသည့် နိုင်ငံခြားဆေး နေရာတွင်
အစားထိုး သုံးစွဲနိုင်ပြီး၊ ထက်ဝက်ကျော် ကုန်ကျ 
စရိတ်သက်သာမည့်
ထိုဆေးဝါးများဖြင့် ဆေးယဉ်ပါး တီဘီလူနာ ၄၄ ဦးကို တိုက်ကျွေး ကုသခဲ့ရာ ၈၀ရာခိုင်နှုန်းမှာ
ပြန်လည်ကောင်းမွန်
လာကြသည်ကို တွေ့ရှိရကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)မှ
သတင်းရရှိသည်။

 

ယခုလက်ရှိ ထုတ်လုပ်နေသည့် ဆေးဝါးများမှာ နေ့စဉ်သောက်သုံးနေရသည့်
အရည်အတွက် များပြားသဖြင့် အာနိသင်ရှိသော
အစိတ်အပိုင်းကို ထုတ်ယူပြီး အနောက်တိုင်း ဆေးဝါးကဲ့သို့ အရေအတွက်
နည်းနည်းဖြင့် အာနိသင်   တိုးမြှင့်ထုတ်လုပ်နိုင်ရန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ 
WHO နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိကြောင်း အဆိုပါပုဂ္ဂုလ်က ဆက်ပြောသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီဆေးယဉ်ပါးမှု ပြဿနာ အဖြစ်များသောနိုင်ငံ
၂၇ နိုင်ငံတွင် ပါဝင်လာပြီး၊ ကျန်းမာရေး ၀န်ကြီးဌာန၏ ၂၀၀၇-၀၈ စစ်တမ်းအရ တီဘီ
လူနာသစ်များ၌ ဆေးယဉ်ပါးသူ
၎ ဒသမ ၂ရာခိုင်နှုန်းနှင့် ပြန်ကုသနေသော တီဘီ လူနာများတွင်
ဆေးယဉ်ပါးသူ ၁၀    ရာခိုင်နှုန်းရှိကြောင်း
သိရသည်။   ကမ္ဘာ
ကျန်းမာရေးအဖွဲ့
WHO ၏ သတ်မှတ်ချက်အရ ဆေးယဉ်ပါး
တီဘီဖြစ်ပွားမှု ၄ ရာခိုင်နှုန်းထက် ပိုမိုပါက
Hight  Rate အဖြစ် သတ်မှတ်ကြောင်း
၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ်
7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top