ဆေးလိပ်သည် အဆုတ်၏ တည်ဆောက်ထားမှု ပုံသဏ္ဌာန်နှင့်
ရောဂါပိုးဝင်လျှင် ခန္တာကိုယ်မှ တုံ့ ပြန်သည့် ခုခံနိုင်မှု စွမ်းရည်တို့ ကို
ပြောင်းလဲ စေသည်ဟု သုတေသီတို့ ကဆိုပါသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ် မသောက်သူများနှင့်
နှိုင်းယှဉ်ပါက HIV ပိုးကို ပိုမိုရရှိစေ ရှိသည်ဟု လေ့လာမှု အသစ်တစ်ခုတွင် တွေ
့ရှိခဲ့သည်။
ယေဘုံယျအားဖြင့် ဆေးလိပ်သောက်ခြင်းသည် ရောဂါပိုးများ(
Infection) ကာလသားရောဂါများ အပါအ၀င် ပိုမိုဝင်ရောက်နိုင်မှု ဖြစ်နိုင်ကြောင်း ကို
ယခင်ကပင် သိရှိထားကြပြီ ဖြစ်ပါသည်။ သုတေသီတို့ ၏ သုံးသပ်ချက်အရ HIV ပိုးရှိမှု ( Positive) နှင့် ဆေးလိပ်သောက်မှု ဆက်စပ်ခြင်း ကို
လေ့လာခဲ့သည် လေ့လာချက် ခြောက်ခုအနက် ငါးခုတွင် ဆေးလိပ် သောက်သူများသည် HIV
ရောဂါပိုးရရန် အန္တရာယ် ပိုများသည်ကိုသိရ ကြောင်းနှင့် ရနိုင်ခြေမှာလည်း ဆေးလိပ်မသောက်သူများထက်
၆၀ ရာခိုင်နှုန်း မှ သုံးဆအထိပိုကြောင်း တွေ့ ရသည်ဟုဆိုပါသည်။
တစ်ဖန် ဆေးလိပ်သောက်သူများတွင် HIV ပိုးတွေ့ 
ရှိပြီးနောက် AIDS ရောဂါအဖြစ် မည်မျှလျင်မြန်စွာ ရောက်သွားနိုင်ခြေရှိသည်ကို သိရန်
လေ့လာချက် ၁၀ ခုပြုလုပ်ခဲ့ပါသည်။ ယင်းလေ့လာချက်တွင် လေ့လာချက် ၉ ခုက AIDS ရောဂါ
သို့ လျင်မြန်စွာ ရောက်စေနိုင်မှု အန္တရာယ် ကိုမူ မများစေကြောင်း
ကောက်ချက်ချခဲ့ပါသည်။ ဆေးလိပ်သောက်သူများတွင် ရောဂါပိုး ပိုမိုရလွယ်ခြင်းမှာ
ထိုသူတို့ ၏ အဆုတ်နှင့် ခန္တာကိုယ်၏
ခုခံနိုင်သည့် စွမ်းအားတို့ တွင် ပြောင်းလဲသွား ခြင်းကြောင့် ဖြစ်သည်ဟု
လေ့လာသူများက ဆိုပါသည်။
Good Health Journal , No-120 07/03/2007




