အန်အယ်ဒီပါတီမှ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပါက HIV ရောဂါပိုးရှိနေသူများ၏ ဆေးဝါးလိုအပ်ချက်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု PLWHA (people Leaving with HIV) များ မျှော်လင့်နေကြကြာင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားရင် PLWHAတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးတက်လာမယ်လို့ယုံကြည်တယ် အဲဒါကြောင့် NLD ကိုပဲမဲပေးမယ်”ဟု MSM Nekwork မှ ဦးချစ်ကိုကို ကပြောသည်။
PLWHAများ၏ ဘ၀ရပ်တည်ချက်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်သင့်ကြောင်းနှင့် လက်ရှိအချိန်တွင် ဆေးဝါး လိုအပ်ချက်များရှိနေ ဆဲဖြစ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။
“လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ရာထူးတက်ဖို့ စာမေးပွဲဖြေမယ် ဆိုရင် PLWHA မှန်းသိလို့ ထုတ်ပစ်တာတို့ အလုပ်နေရာတွေမှာ PLWHA မှန်းသိလို့ အလုပ်ကနေ ထုတ်ပစ်တာတို့ မရှိစေချင်ဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပါက မိမိတို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဟု ယုံကြည်၍ မဲဆ္ဒပြုမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နေ PLWHA တစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
“အန်တီစု လွှတ်တော်ထဲရောက်သွားရင် ကျတော်တို့အတွက် လိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ် လို့ယုံကြည်တယ် ပြီးတော့ ပျောက်ဆေးဆိုတဲ့ဟာမျိုးတွေ အရင်တုန်းက သုံးနှစ်နဲ့ ရမယ့်ဟာ အန်တီသာ လွှတ်တော်ထဲ ရောက်မယ်ဆိုရင် အမြန်ဆုံးဖြစ်လာမယ်လို့ ကျတော်နထင်တယ်”ဟု ၄င်းက ပြောသည်။
၂၀၁၀ ခုနှစ်တွင်မဲပေးမည့်နေ့၌ မဲဆန္ဒနယ်ပြင်ပရောက်နေ့သည့်အတွက် ဆန္ဒမပြုခဲ့ရသော်လည်း ယခုကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲဆန္ဒပြုမည်ဖြစ်ကြောင်း မရမ်းကုန်မြို့နယ် တွင်နေထိုင်သော PLWHA တစ်ဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“PLWHA မှန်းသိတာနဲ့ခြွဲ့ခားနှိမ်ချဆက်ဆံတာတွေ အလုပ်ကထုတ်ပစ်တာတွေ မဖြစ်စေချင်ဘူး ဘ၀ရပ်တည် ချက်အတွက် အခွင့်အရေးတွေရှိစေချင် အန်တီစု လွှတ်တော်ထဲရောက်သွားရင် PLWHA တွေ အတွက် မျှော်လင့်ချက်တခုခုဖြစ်လာနိုင်မယ်လို့ ယုံကြည်တယ်”ဟု ၄င်းက ပြောသည်။
ရှုမ၀အောင်
မြစ်မခ - ဆေးဝါးရရှိရေးအတွက် မျှော်လင့်ကာ PLWHAများ မဲပေးကြမည်




