13
May

ဆေးဝါးနှင့် ကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများ သေချာသိရန်လို

ယနေ့အချိန်တွင် ရောဂါဘယများ ပြန့်ပွားကူးစက်မှု လွယ်ကူလာပြီး
ရောဂါတစ်ခုခု ဖြစ်ပွားလာပါကလည်း အထိရောက်ဆုံးဖြစ်မည့် ကုထုံးအသစ်များဖြင့် ပျောက်ကင်းရန်
ဆေးကုသကြရသည်။

 

ဆေးကုသမှုတိုင်းတွင် ရောဂါအား သက်သာစေနိုင်မည် မှန်သော်လည်း
အသုံးပြုသည့် ဆေးဝါး၊ ကုထုံးများကြောင့် ရောဂါဝေဒနာရှင်တွေ ဆေး၏ ဘေးထွက်ဆိုးကျိုး အနည်းနှင့်
အများ ကြုံတွေ့ ခံစား ရကြောင်း သိရသည်။

 

ထိုဆေးဘေးထွက်ဆိုးကျိုး များမှာ ကျွမ်းကျင်ဆရာဝန်၏ လမ်းညွှန်မှုဖြင့်
သက်သာစေနိုင်သော်လည်း လူအများမှာ အပြင်ကြားဖူးနားဝ ဗဟုသုတများဖြင့်ကြားထားသည့် ကုထုံးများ၏
ဘေးထွက်ဆိုးကျိုး များအား ခံစားကြရမည်စိုး၍ ကုသမှုများအား ငြင်းပယ်ခြင်း၊ တိကျစွာ လိုက်နာမှုများ
အားနည်းခြင်း များလည်းရှိကြောင်း သိရသည်။

 

ယခုမြန်မာနိုင်ငံတွင် တွေ့ရှိမှု များပြားလာသော တီဘီရောဂါကုသသည့်
ကုထုံးများတွင်လည်း ဘေးထွက်ဆိုးကျိုး များအားခံစားကြရမည်စိုး၍ ကုသမှုများအား ငြင်းပယ်ခြင်း၊
တိကျစွာလိုက်နာမှုများ အားနည်းခြင်းများအားလည်း ရှိကြောင်းသိရသည်။

 

ယနေ့မြန်မာနိုင်ငံတွင် တွေ့ရှိရမှု များပြားလာသော တီဘီရောဂါကုသသည့်
ကုထုံးများတွင်လည်း ဘေးထွက် ဆိုးကျိုးများရှိပြီး ထိုဘေးထွက်ဆိုးကျိုးများ မခံစားရစေရန်
လမ်းညွှန်ချက်များအား လိုက်နာပါက လူအများ ထိတ်လန့် သော တီဘီဆေးသောက်ခြင်းကြောင့် ခံစားနိုင်သည့်
ဘေးထွက်ဆိုးကျိုးများ သက်သာစေနိုင်ကြောင်း သိရသည်။ လူတွေအပြောများတာက တီဘီဆေးသောက်ပြီး
နာလန်မထူတော့ဘူး။ ကလေးတွေဆိုရင်လည်း ကြီးထွားလာမှု နှေးကွေးသွားတယ်ဆိုတာတွေက အပြင်မှာ
အထင်တွေကို ပြောကြတာပါ။ အဲလိုမျိုး လုံးဝ မဖြစ်နိုင်ပါဘူးဟု ဒေါက်တာ ဒေါ်အေးအေးမူက ပြောသည်။

 

ငယ်စဉ်က တီဘီရောဂါဖြစ်ထားသည့် ကလေးများ အရွယ်ရောက်သောအချိန်တွင်
တခြားကလေးများထက် ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ အသက်ကြီးသူများ ၊တီဘီဆေးသောက်သည့်အခါ
ဆေးဒဏ်ကြောင့် အိပ်ရာထဲ လဲသွားလေ့ရှိသည် ဟု လူအများသာ ထင်မြင်လေ့ရှိကြောင်းသိရသည်။

 

တီဘီရောဂါရှိကြောင်း အတည်ပြုပြီး တီဘီဆေးစတင်သောက်သည့် ပထမဆုံးအပတ်တွင်
ဆေး၏ ဘေးထွက်ဆိုးကျိုး အဖြစ် အစားအသောက်ပျက်ခြင်း၊ အချို့တွင် ရင်ဘတ်အတွင်းမှပူခြင်း၊
ဆေးမတည့်သောသူများတွင် အသားများ ၀ါလာခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားကြရလေ့ ရှိကြောင်း
သိရသည်။

 

အခြားလက္ခဏာ များဖြစ်သည့် တစ်ခါတစ်ရံ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း
၊လက်ချောင်း ခြေချောင်း၊ အဆစ်အမြစ်နာခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပြီး
ထိုလက္ခဏာများမှာ အန္တရာယ်ရှိစေသည့် အခြေအနေမရှိကြောင်း သိရသည်။

 

တီဘီဆေးသည့်အခါ လူတွေမှာ အစားအသောက်အရမ်းပျက်တယ်။ အဲဒါကို
အစာဝင်အောင်ကျွေးဖို့ လိုပါတယ်။ အစာမ၀င်ရင်တောင် ရေများများ ၀င်အောင်တိုက်ရမယ်။ အိမ်သားတွေကိုလည်း မှာတယ်။ သူတို့စားချင်တာကို ချော့ကျွေး။ ခြောက်ကျွေးခိုင်းတယ် ဟု ဒေါက်တာ ဒေါ်အေးအေးမူက
ပြောသည်။

တီဘီဆေး သောက်သည့်အချိန်တွင် ဆေး၏ ဘေးထွက်ဆိုးကျိုးသည် အသည်းအား
ထိခိုက်မှုရှိနိုင်သောကြောင့် အသည်း ပျက်စီးခြင်း ပိုမိုဆိုးရွားစေမည့် အရက်သောက်ခြင်း
အားဆင်ခြင်ခြင်း၊ အသည်း ရောင်အသားဝါ ဘီပိုး ၊စီပိုး ရှိသူများမှာ အသည်းမထိခိုက်စေရန်
ဂရုပြုသင့်ကြောင်း သိရသည်။

 

အသည်းထိခိုက်မှု အလွန်အမင်း နည်းပါးသော်လည်း တီဘီဆေး၏ ဘေးထွက်
ဆိုးကျိုးကြောင့် အသည်း မထိခိုက် စေရန် အရက်သောက်ခြင်းအား ရှောင်ကြဉ်ခြင်း၊ နေ့စဉ် ရေနှစ်လီတာအထက်
သောက်သုံးခြင်း ၊ အိပ်ရေး၀၀အိပ်၍ အာဟာရ ပြည့်ဝသော အစားအစာများ စားသုံးခြင်းဖြင့် ကြိုတင်
ကာကွယ်နိုင်ကြောင်း သိရသည်။

 

ကလေးတွေပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ်  တီဘီဆေး 
သောက်တဲ့အခါ အစားမစားချင်လို့ မကျွေးဘဲ ထားရင် အာဟာရ ပြတ်သွားတာမျိုး တွေဖြစ်နိုင်တယ်။
ကလေးတွေဆိုရင် အစာ အာဟာရ မရရင် ဥာဏ်ရည်ဖံွ့ဖြိုးတဲ့ အချိန်တွေဆိုရင် အစာအာဟာရ မရရင်
ဥာဏ်ရည်ဖွ့ံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ ဒါပေမယ့် ဆေးသာက်တဲ့ ပထမတစ်ပါတ်ပါပဲ။
နောက်ပိုင်းမှာ အစာစားလွန်းလို့ မတတ်နိုင်လို့ ဆေးဖြတ်လိုက်တဲ့ တချို့မိသားစုတွေတောင်
တွေ့ဖူးတယ်ဟု အဆိုပါ ဆရာဝန်က ပြောသည်။

 

တီဘီရောဂါသည် တစ်ယောက်သည် ဆေးကုသမှု မရှိခြင်း၊ လုံလောက်စွာ
ကုသမှုမရပါက တစ်နှစ်လျှင် အခြားသူ ၁၀ဦး မှ ၁၅ ဦးအထိ ရောဂါပိုး ကူးစက်နိုင်ခြေရှိကြောင်း
သိရသည်။

 

တီဘီရောဂါဖြစ်ပြီး နှစ်လအတွင်း သလိပ်ပိုးထပ်မံ စစ်ဆေးပြီး
ဆေးလျှော့ခြင်းများ လုပ်ဆောင်ရပြီး မိမိဘသာ ဆေးဝယ်သောက်ခြင်း၊ တီဘီရောဂါရှင်များ၏
၇၀ ရာခိုင်နှုန်းမှာ အပြင်ဆေး ၀ယ်သောက်ခြင်းများရှိပြီး ရောဂါ သက်သာသည့်အခါ မိမိဘသာ
ဆေးဖြတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

တီဘီရောဂါသည် ကူးစက်နှုန်းမြန်ဆန်သည့်အတွက် တခြားသူတစ်ဦးသို့
ရောဂါပိုးကူးစက်မှု မရှိစေရန် အနေအထိုင် ဆင်ခြင်နေထိုင်ခြင်း၊ တီဘီဆေးအား ရောဂါပျောက်ကင်းသည်အထိ
သေချာသောက် သုံးခြင်း၊ တီဘီရောဂါ ဖြစ်ပွားနေသည့် အချိန်တွင် အရက်သောက်ခြင်းအား ရှောင်ကြဉ်ခြင်းတို့ဖြင့် တီဘီရောဂါအား ကုသသင့်ကြောင်း သိရသည်။

 

ဟင်းလေးအိုး - ဆေးဝါးနှင့် ကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများ သေချာသိရန်လို

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top