တောင်ကိုရီးယား HIV စစ်ဆေးရေး ဆေးသေတ္တာအမှားကြောင့် ကင်ညာအစိုးရ ဗျာများနေရ
ကင်ညာအစိုးရသည် HIV စစ်ဆေးသူ ၁ သန်းခန့်ကို ပြန်လည် စစ်ဆေးနေရကြောင်း ထုတ်ပြန် အသိပေးခဲ့သည်။ အကြောင်းမှာ ဆေးသေတ္တာများ၏ တိကျမှန်ကန်မှု မရှိသော အဖြေများပေါ်တွင် ကြောက်ရွံ့စိုးရိမ်သူများ ရှိလာနေ ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ကင်ညာနိုင်ငံအတွင်းရှိ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ HIV ၏ သတိပေးချက်ကို တိုးမြှင့် ထုတ်ပြန်ခဲ့ရသည့် အကြောင်းမှာ ဆေးသေတ္တာ၏ HIV စစ်ဆေးချက်အဖြေများ မှားယွင်းမှုများ ရှိနေခဲ့သောကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဝန်ထမ်း Shahnaz Sharif က ပြောပြခဲ့သည်။
တောင်ကိုရီးယားမှ ထုတ်လုပ်သော ၄င်း HIV စစ်ဆေးရေး ဆေးသတ္တာသည် လူများ အထိတ်တလန့် ဖြစ်စေအောင်ထိ လူပေါင်းများစွာကို HIV ဖြစ်ပွားမှုလက္ခဏာ အခြေအနေများ ပြနေခြင်းကြောင့် ဖြစ်သည်။ အာဖရိကတိုက်တွင် ကင်ညာနိုင်ငံသည် HIV ရောဂါ အများဆုံးခံစားနေရသော နိုင်ငံ တစ်ခုဖြစ်ပြီး ၄င်းကို တိုက်ဖျက်နိုင်ရန် WHO က ကြိုးစား နေရသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂ဝ ခန့်ကပင် HIV ရှိမရှိ စစ်ဆေးပေးသူ အကူအညီ အဖွဲ့များ အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြပြီး အစိုးရများမှလည်း ၄င်းရောဂါကို တိုက်ဖျက်ရန် စိတ်အားထက်သန်နေကြသည်။
၂ဝဝဝ ခုနှစ်တွင် စစ်ဆေးရေး အကူအညီပေးအဖွဲ့အစည်း ၃ ခုသာ ရှိခဲ့သော်လည်း ၂ဝဝ၇ တွင် အရေအတွက်နေရာ ၁ဝဝဝ ခန့် အထိ တိုးတက်လာခဲ့သည်။ ကင်ညာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေး ညွှန်ကြားရေးမှူးဒေါက်တာ Sharif က ဘီဘီစီသို့ ပြောကြားရာတွင် ”အာဖရိကကို အထူးအာရုံစိုက်ပြီး Standard Diagnostic Bioline (SDB) ဆေးသေတ္တာ တွေကို ပေးခဲ့ပါတယ်။ ဒီဆေးသေတ္တာတွေဟာ တောင်ကိုရီးယားကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့ပြီး မှားယွင်းတဲ့ အဖြေလက္ခဏာတွေကို ပေးခဲ့ပါတယ်” ဟု ဖော်ပြထားသည်။
Popular News - တောင်ကိုရီးယား HIV စစ်ဆေးရေး ဆေးသေတ္တာအမှားကြောင့် ကင်ညာအစိုးရ ဗျာများနေရ




