1
Aug

တောင်အာဖရိက ကမ္ဘာဖလားဘောလုံးပွဲ သွားရောက် အားပေးခဲ့သူများ HIV ပိုး ရှိ၊ မရှိ စစ်ဆေးသင့်



ပြီးခဲ့သည့်
၂၀၁၀ ကမ္ဘာ့ဖလားပွဲသို့ သွားရောက်အားပေးခဲ့ကြသော ဘောလုံးပရိတ်များအနေဖြင့် တောင်အာဖရိကတွင်
ရှိနေစဉ်အတွင်း လုံခြုံရေး စိတ်ချရသည့် လိင်ဆက်ဆံမှုမျိုး မရှိခဲ့ပါက HIV ဗိုင်းရပ်စ်
ပိုး ရှိ၊ မရှိ စစ်ဆေးသင့်ကြောင်း ဆရာဝန်များက အကြံပြု ပြောကြားနေသည်။

မကြာခင်က
အင်္ဂလန် ဘောလုံးပရိသတ် ၂၅၀၀၀ ခန့်သည် HIV ပိုး ရှိသူ ၆ သန်းခန့်ရှိသည့် တောင်အာဖရိကမှ
ပြန်လည် ရောက်ရှိလာကြရာ ၎င်းတို့အနေဖြင့် သွေးစစ်ဆေးမှုများ လုပ်ဆောင်သင့်သည်ဟု ဘာမင်ဂန်မြို့
Heartlands ဆေးရုံမှ လိင်ကျန်းမာရေးနှင့် HIV ပိုင်းဆိုင်ရာ အတိုင်ပင်ခံ ဒေါက်တာ စတိဗ်တေလာက အကြံပြု ပြောကြားသည်။

၎င်းက
လက်ရှိ တောင်အာဖရိကတွင် လူ ၅ ဦးတွင် ၁ ဦးမှာ HIV ကူးစက်ခံနေရပြီး အချို့နေရာများ၌လူ
၃ ဦးတွင် တစ်ဦးနှုန်းထိ ကူးစက်မှု မြင့်မားနေသည်ဟု ဆိုသည်။ ကမ္ဘာ့ဖလားပွဲ
သွားရောက် အားပေးကြတဲ့ အမျိုးသား ပရိသတ် ၃ ပုံ ၂ ပုံကျော်နဲ့ အမျိုးသမီးပရိသတ် ၄ ပုံ
၁ ပုံလောက်ဟာ ဒီလိုမျိုး အားလပ်ရက်တွေမှာ လိင်ဆက်ဆံမှုမျိုးတွေ ရှိခဲ့ဖို့ သေချာနိုင်ပါတယ်။
အထူးသဖြင့် အားလပ်ရပ် အပန်းဖြေသူတွေဟာ လုံခြုံစိတ်ချရမှု မရှိတဲ့ လိင်ဆက်ဆံမှုမျိုးတွေကို
ကြုံတွေ့ရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကျွန်တော့် ဆေးရုံအနေနဲ့ အခြား လိင်ကျန်းမာရေးဆိုင်ရာ ပညာပေးလုံဆော်မှုတစ်ခုကို
လုပ်ဆောင် ပေးနေပါတယ်” ဟု ဒေါက်တာတေလာက ဆိုသည်။

၎င်းကဆက်လက်ပြီး
အားလပ်ရက် ခရီးသွားသူများ အနေဖြင့် မိမိတို့ အိတ်ထောင်ထဲတွင် ကွန်ဒုံး (အကာအကွယ်) ပစ္စည်းကို
ဆောင်ထားသင့်ကြောင်းနှင့် မိမိကိုယ်မိမိ လုံခြုံစိတ်ချရမှု မရှိဟု ထင်ပါက HIV စစ်ဆေးမှုများ
ပြုလုပ်သင့်ကြောင်း အကယ်၍ HIV ပိုး ရှိနေခဲ့သည်ကို အစောပိုင်းကပင် သိရှိခဲ့ပါက ထိရောက်သော
ဟန့်ထားမှုများ ပြုလုပ်နိုင်နေပြီ ဖြစ်ကြောင်းကို သတိပေးပြောကြားခဲ့သည်။



မိုးတိမ်

Ref
– BBC

အတွဲ
၂၊ အမှတ် ၄၈၊ ၂၇ ဇူလိုင် ၂၀၁၀



True
News
- တောင်အာဖရိက ကမ္ဘာဖလား ဘောလုံးပွဲသွားရောက် အားပေးခဲ့သူများ HIV ပိုး ရှိ၊ မရှိ
စစ်ဆေးသင့်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top