ဆောင်ကြာမြိုင်တခုမှာ
လူကုန်ကူးခံရတယ်လို့ ယုံကြည်ရတဲ့ ထိုင်းအမျိုးသမီး ၂၁ ယောက်ကို တောင်အာဖရိက
ရဲတွေက ကယ်တင် လိုက်ရတယ်လို့ ပြောရေး ဆိုခွင့်ရှိသူတဦးက တနင်္ဂနွေနေ့က ပြောပါတယ်။
“သူတို့ ဟာလူကုန်ကူးခံရတာဖြစ်နိုင်တယ်လို့ ကျနော်တို့ သံသယရှိပါတယ်၊ တကယ် လူကုန်ကူး
ခံရတာ ဟုတ်မဟုတ်တော့ သေချာမ ပြောနိုင်သေးပါဘူး၊ ဒါကြောင့် ကျနော်တို့ လုပ်ပြီး တာကတော့
သူတို့ကို ဘေးကင်းလုံခြုံတဲ့နေရာတခုကို ပို့လိုက်ပြီး သူတို့နဲ့ တဦးချင်း တွေ့ဆုံ
မေးမြန်းတာတွေ လုပ်နေပါတယ်” လို့ အထူးရာဇ၀တ်မှုနှိမ်နှင်းရေးအဖွဲ့ဖြစ်တဲ့
သိမ်းငှက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါရာမလို ကို က ပြောပါတယ်။
အသက် ၂၃ နှစ်ကနေ ၂၇ နှစ်အကြားရှိတဲ့ အမျိုးသမီးတွေဟာ လူကုန်ကူးရောင်းဝယ်တာခံရပြီး
ဂျိုဟန်နက်စ်ဘာ့ မြို့ အရှေ့ဖက် မှာရှိ တဲ့ ကင့်ပ်တန်ပန်းခြံ မြို့မှာ ပြည့်တန်ဆာ
လုပ်နေ ကြရတယ် ဆိုတာကို စနေနေ့မနက် အစောပိုင်းက လျှို့ဝှက် သတင်းပေးခဲ့တာလို့ သူက
ပြောပါတယ်။ ဒီအမျိုးသမီးတွေဟာ တောင်အာဖရိကကို ရောက်တာ တလတောင် မပြည့် သေးပါဘူး။
တောင်အာဖရိက အမျိုး သမီး တဦးကို တရားမ၀င် ဆောင်ကြာမြိုင် ဖွင့်မှုနဲ့
ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းအမျိုးသမီးတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကိုတော့ ငွေတချို့ ဘိန်းဖြူ အနည်းငယ်နဲ့
အတူ ပြန်လည် သိမ်းဆည်း ရလိုက် ပါတယ် လို့ ရာမလိုကို က ပြောပါတယ်။
တောင်အာဖရိက နိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စတွေကို တိုးမြှင့်
လုပ်ဆောင်နေပါတယ်။ ဒီအထဲမှာ ဒီကိစ္စ အပေါ် တိုက်ရိုက် ဥပဒေပြု လုပ်ငန်းတွေ လုပ်ဖို့ အဆိုပြုတာတွေ
ပါဝင်ပါတယ်။ ဒီနောက် ဇွန်လ ၁၁ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ ဖလား ဘောလုံးပွဲ မတိုင်မီ
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ညှိနှိုင်း ဆက်စပ် ပေးသူတွေနဲ့ အထူး အလုပ်အဖွဲ့တွေ
ဖွဲ့စည်းလိုက်ပါတယ်။
မေ ၃၁၊ ၂၀၁၀ (ဘန်ကောက်ပို့စ်/ Monday, May 31, 2010)
နေ့သစ်- တောင်အာဖရိက
ဆောင်ကြာမြိုင်တခုမှ ထိုင်းအမျိုးသမီ ၂၁ ယောက် ကယ်တင်




