25
Aug

တောင်ပြုန်းပွဲတော်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ရောဂါ ပြန့်ပွားမှု...



တောင်ပြုန်းပွဲတော်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)
ရောဂါ ပြန့်ပွားမှု လျော့ကျစေရေး အတွက် ကာကွယ်လုပ်ငန်းများ ဆောင်ရွက်

ဝါခေါင်လဆန်း
၈ ရက် (သြဂုတ် ၁၈ ရက်) နေ့မှစ၍ ကျင်းပသည့် တောင်ပြုန်းပွဲတော်တွင် Man living the
Sex with Man (MSM) နှင့် မိမိခန္ဓာကိုယ်အား အရင်းတည်ကာ စားဝတ်နေရေး ဖြေရှင်းနေရသော
သူများအား အဓိကထား၍ HIV/AIDS ပြန့်ပွားမှု လျော့ကျစေရေး အတွက် မန္တလေးတိုင်း ခုခံအားကျ/ကာလသားရောဂါ
တိုက်ဖျက်ရေး National AIDS Program(NPA) အဖွဲ့၊ National NGOs Network (3) အဖွဲ့အစည်းများနှင့်အတူ
Care Myanmar, PSI တို့မှလည်း ပူးပေါင်းကာ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။

ယင်းကဲ့သို့
HIV/AIDS ပြန့်ပွားမှုနှုန်း လျော့ကျရေးအတွက် 
National AIDS Program (NAP) အဖွဲ့အစည်းမှ ဦးဆောင်ပြီး အခြား NGOs အဖွဲ့အစည်းများနှင့်
ရောဂါခံစားနေရသော ဝေဒနာရှင်များ ကိုယ်တိုင် ပါဝင်၍ အသိပညာ တိုးပွားလာရေး၊ ကြိုတင်ကာကွယ်ရေး၊
ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ပွဲတော်
ပြီးဆုံးသည့် နေ့အထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“တောင်ပြုန်းပွဲ
စတဲ့အချိန် ကစပြီး လုပ်ဆောင်တဲ့ အစီစဉ်ပါ။ ၀ါခေါင်လပြည့်ကျော် ၈ ရက် (စက်တင်ဘာ ၂ ရက်)
နေ့ စတင်ကျင်းပမယ့် ရတနာဂူ ပွဲတော်မှာလည်း ဒီအစီအစဉ်ကို ဆက်လက် ဆောင်ရွက် သွားပါ့မယ်။
NAP အဖွဲ့နဲ့ အခြား NGOs အဖွဲ့တွေလည်း ပါဝင်ပါတယ်။ ဒီပွဲမှာ အဓိက လာကြတဲ့ MSM တွေနဲ့
မိမိရဲ့ စားဝတ်နေရေးကြောင့် ဒီအလုပ်ကို လုပ်ရတဲ့ သူတွေကို အဓိက ထားပြီးတော့ ဆောင်ရွက်
ထားတာပါ။ MSM တွေက သွေးစစ်ဖို့နဲ့ ကာကွယ်ဖို့တွေကို သိကြတယ်။ တောင်ပြန်းပွဲမှာ ဒီလို
အစီအစဉ်တွေ လုပ်တော့ သူတို့က သွေးလာစစ်ကြတယ်။ တကယ် လုပ်နေတဲ့ သူတွေက သွေးစစ်ဖို့ကို
မသိကြတဲ့ သူတွေ များတယ်” ဟု အစီအစဉ်တွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ထိုအစီအစဉ်များတွင်
တောင်ပြုန်းပွဲတော် စသည့် နေ့မှစ၍ ပြီးဆုံးသည့်တိုင် ဆောင်ရွက် သွားလျက်ရှိပြီး သွေးစစ်ဆေးခြင်းများ၊
ဓာတ်ပုံပြပွဲများနှင့် သွေးလာစစ်သည့် အမျိုးသမီးတိုင်းကို လက်ဆောင်ပစ္စည်း ပေးခြင်းများလည်း
ပါဝင်ကြောင်းနှင့် ရောဂါ တွေ့ရှိသော သူများအား ART ဆေးများ ရရှိစေရန်လည်း စီစဉ်ဆောင်ရွက်သွားလျက်
ရှိကြောင်းလည်း ထပ်မံ သိရှိရသည်။

Eleven Media Group
- တောင်ပြုန်းပွဲတော်တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ရောဂါ ပြန့်ပွားမှု လျော့ကျစေရေး
အတွက် ကာကွယ်လုပ်ငန်းများ ဆောင်ရွက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top