4
Oct

တောင်ပြုံးပွဲတော်တွင် ကွန်ဒုံး နှစ်သောင်းကျော် ဖြန့်ဝေပေးခဲ့

ိတ်ခ်ျအိုင်ဗွီ
အေအ
ိုင်ဒီအက်စ် လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်လျကှိသည့် ကျန်းမာရှင်သန်ကူညီရေး အသင်းက တောင်ပြုံးပွဲတော်ရက်အတွင်း ကွန်ဒုံး နှစ်သောင်းကျောဖြန့့််ဝေ ပေးခဲပြီး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ရာ နှစ်တိုင်းထက
အောင်မြင်မှု ရရှိခဲ့ကြောင်း အဆိုပါ သတင်းမှ သိရသည်။

၂၀၀၄ ခုနှစ်မှ စတင်ကာ တောင်ပြုံးပွဲတွင် ယခုကဲ့သို့ သွားရောက်ပြီး အိတ်ခ်ျအိုင်ဗီ၊
အေ့စ် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျ
စေရန် ကာကွယ်တားဆီးရေး
လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ယခုနှစ်သည် အောင်မြင်မှုအရရှိဆုံးနှစ် ဖြစ်ကြောင်း
အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီနှစ်မှာ တောင်ပြုံးမှာ ရှိတဲ့ နတ်နန်းပေါင်း ၁၀၀ ကျော်ကို သွားပြီး
အသိပညာပေး ဟောပြောပွဲတွေ လုပ်နိုင်ခဲ့တယ်။ အဲဒီကို သွားစတုန်းက နှစ်တွေမှာ တချို့က နားမလည် ကြဘူး။ ပြီးတော့ စိတ်ဝင်စားမှုနည်းတဲ့အတွက် လူ စုရုံးရတာ ခက်တယ်။
အခုနောက်ပိုင်းမှာ အဲဒီမှာရှိတဲ့ နတ်ကတော်
တွေ ကိုယ်တိုင်ကလည်း သူတို့
နတ်နန်းတွေမှာ ဟောပြောပွဲတွေ လာလုပ်ခွင့်ပေးတယ်။ လူစုပေးတယ်။ သူတို့တွေ
ဝိုင်းကူညီကြတဲ့ အတွက် ပိုအောင်မြင် လာတယ်။ ၂၀၀၄ ခုနှစ် သွားတုန်းက ကွန်ဒုံး
တစ်ထောင်၊ နှစ်ထောင်လောက်ပဲ ဝေနိုင် ခဲ့တယ်” ဟု ကျန်းမာရှင်သန်ကူညီရေးအဖွဲ့မှ
ဒေါက်တာမြင့်မော်က ပြောသည်။

တောင်ပြုံးပွဲတော်
ရက်အတွင်း ကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့်
သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို ရန်ကုန် ဦးဝင်းနိုင်နတ်နန်း၊ ပြင်ဦးလွင်
ဦးတင်မောင် နတ်နန်း၊ ဘောင်းဆောင်း ဦးမြင့်စိုးနတ်နန်း၊ မန္တလေး နိုနိုနတ်နန်း၊
ဘောင်းဆောင်း ဦးဌေးနတ်နန်း၊ မန္တလေး လုံးလုံးနတ်နန်း၊ လှည်းကူး မ၀ါနတ်နန်း၊
ဦးဇော်မြင့် နတ်နန်း စသည့်နေရာများတွင် အဓိကလုပ်ဆောင်ခဲ့ကြောင်း ၄င်းက
ဆက်ပြောသည်။

“အဲဒီမှာ
လာနားထောင်ပြီးတဲ့ သူတွေထဲကနေ ချက်ချင်းပဲ မိုဘိုင်းသွေးစစ်ဌာနမှာ သွေးသွား စစ်ကြတဲ့
သူတွေရှိတယ်။ ဒီလိုလုပ်ပေးတဲ့ အတွက် ကာကွယ်ရေးရော၊ ကုသရေးအပိုင်းမှာပါ
ထိရောက်လာတယ်။ သူတို့ကို
သေချာချာ ပြောပြတာက ကွန်ဒုံး
သုံးကြဖို့နဲ့ တစ်ရာကျပ် လောက်ပဲ တန်ဖိုးရှိတာလေးမသုံးမိလို့ တစ်ဘ၀လုံး ဆုံးနိုင်တယ်ဆိုတဲ့
စကားပဲ။ ပထမ တုန်းက ဆိုရင် ဒီလိုပြောတဲ့အတွက် ဒီကိစ္စကို အားပေးတာလို့ ထင်ကြတယ်။ ဒါကိုလည်း
သေသေချာချာရှင်းပြရတယ်
'' ဟု အဆိုပါ အဖွဲ့မှ ဦးဇော်ဝင်းက ပြောသည်။

တောင်ပြုံးပွဲတော်ရက် အပြီးတွင်လည်း မန္တလေး၊ စစ်ကိုင်းနှင့် ပြင်ဦးလွင်မြို့
များတွင် အိတ်ခ်ျ အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ခံရမှုနှုန်း လျော့ကျစေနိုင်သည့်
အကာအကွယ် ပစ္စည်းများ ဖြစ်သော ကွန်ဒုံးများကို ဖြန့်ဝေခဲ့သေးကြောင်း အဆိုပါ
ကျန်းမာရှင်သန်ကူညီရေး အဖွဲ့မှ သိရသည်။ ထို့ပြင် တောင်ပြုံးပွဲတော်ရက် အတွင်း
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လျော့ချ ရေး လုပ်ငန်းများကို မြန်မာနိုင်ငံအထက်ပိုင်းရှိ
လူမှုရေးအဖွဲ့အစည်းများ လာရောက် ဆောင် ရွက်ခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ရွေ့လျားသွေးစစ်ဓာတ်ခွဲခန်း
လာရောက် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ကျန်းမာရှင်သန်ကူညီရေး အဖွဲ့သည် အိတ်ခ်ျအိုင်ဗီ ကူးစက်ခံထားရသူ ၁၃၀ ဦးအား လစဉ်
အာဟာရ ထောက်ပံ့ ပေးခြင်း၊ အိမ်
တိုင်ရာရောက်
စောင့်ရှောက်မှု လုပ်ပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း လုပ်ငန်း များကို လုပ်ဆောင်လျက်ရှိသော
ရပ်ရွာအခြေပြု လူမှုကူညီရေးအဖွဲ့ တစ်ခုဖြစ်ပြီး အဆိုပါအဖွဲ့ရုံးခန်းကို မာဃသာသနာပြု ကျောင်းတိုက်၊
(င) ရပ်ကွက်၊ သန္တာ ၅ လမ်း၊ မြောက်ဥက္ကလာပမြို့၊ ဖုန်း ၆၉၉၆၃၂ တွင် နေ့စဉ် တနင်္လာမှ
သောကြာ
အထိ ဖွင့်ထားကြောင်း သိရသည်။

မြတ်စုမွန
(ရန်ကုန်၊ စက်တင်ဘာ-၃)

7Day News Journal: Vol.9, No. 26, Sept 16,
2010 - စာ - ၁၃

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top