9
Jul

ဒေါ်စန္ဒာမင်း လွှတ်တော်တွင် ပြည့်တန်ဆာ ကိစ္စ မေးပြီး

ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ရှင်..

ကျွန်မ ဒီနေ့ မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့် ပတ်သက်ပီး မေးမြန်းလိုခြင်း ဖြစ်ပါတယ်။ ပြည့်တန်ဆာဆိုတာ ဗုဒ္စခေတ် ကတည်းက ရှိခဲ့တာပါ။ ကျမ်းဂန်တွေ အရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှ ပိုင်ဆိုင်တဲ့ အလှမယ်ဆိုတဲ့ အဓ္ဓိပါယ် ရပါတယ်။ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်း လိုက်ချင်းပါ။ ဆိုဘီနီ ခေါ်ပြည့်တန်ဆာဘွဲ့ အပ်နှင်းခြင်းကို ဝဇီ (Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရ သိရပါတယ်။ ရှေ့ဟောင်း ဗုဒ္စဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင် သဘော ထားတွေနဲ့ ဖော်ပြထားတာ မရှိပါဘူး။ ဗုဒ္ဓကိုယ်တိုင် ဒီလိုမျိုး အမျိုးသမီးတွေကို ဇာတ်နိမ့် ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗ္ဗာန်ကို လျှောက် လှမ်းခွင့် ပေးခဲ့ပါတယ်။ ဝေသာလီပြည်က အမပါလီ ဆိုတဲ့ ပြည့်တန်ဆာဟာ ကသဖ ဘုရားရှင် လက်ထက်မှာ ဘီက္ခူနီ ဖြစ်ခဲ့ပြီး တာဝတိံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံး ဘဝအဖြစ် ဂေါတမ ဘုရားရှင် လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္စရဲ့ တရားတော်တွေကြောင့် ရဟန်းနာ ဘဝကို ရောက်ခဲ့ပါတယ်။ သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့ မယ်တော်ပါ။ ဆိုလိုချင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္ဓ လက်ထက်ကတည်းက ရှိခဲ့ပြီး ကျွတ်တန်း ဝင်သွားခဲ့တယ် ဆိုတာပါ။

လေးစားအပ်ပါသော ဥက္ကဌကြီး ..ရှင့်....

ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေ ရှိနေပါတယ်။ ဘာသာရေး အထိန်းအကွပ်ကြောင့် ပြည့်တန်ဆာ လုပ်ငန်း ဖွံ့ဖြိုးတဲ့ နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်။ ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ ဥပဒေတွေ ကိုလည်း ကမ္ဘာနိုင်ငံ့ အများစုမှာ ပြထန်းထားပါတယ်။ အာရှဒေသက ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက် အဖြစ်ကို သက်မှတ်ပေးထားတာပါ။ ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့ လူတန်းစားတွေ အတွက် သီးခြားသက်မှတ်ပေးထားတာလည်း ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့ အများ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင် ရှိခဲ့ပြီး ယနေ့ အချိန်ထိ လျော့နည်း ပပျောက်သွားခြင်း မရှိသေးပါဘူး။

လေးစားအပ်ပါသော ဥက္ကဌကြီး .ရှင့်....

၁၉၄၉ ခုနှစ် အေပြီ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြား ကျင့်သုံးတဲ့ တာဝန်ရှိသူ အချို့ကြောင့် ပြည့်တန်ဆာတွေ အနေနဲ့ ပိုမိုနှစ်နာ ရပါတယ်။ ဘယ်သူမဆို ဒီဘဝကို ဝတ်ရှိလို့သာ ရောက်ခဲ့ရတာပါ။ ငွေကို လွယ်လွယ်ရလိုမှု၊ လုပ်စရာ အလုပ်အကိုင် မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ် ခင်းကြတဲ့ သူတွေလည်း အများကြီးပါ။ ရုန်းထွက် ချင်ပေမဲ့ ကောင်းရာကောင်းကြောင်း လုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊ ၅ ရက်လောက်နဲ့ တစ်သိန်း ရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ။ သူတို့အတွက် မထူးတော့တဲ့ အခြေအနေမို့ ဆက်လုပ်နေရတဲ့ သူတွေလည်း ရှိပါတယ်။

ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေကို အလွဲသုံးသူ တချို့ကိုလည်း ပြည့်တန်ဆာတွေ ရင်ဆိုင်နေကြရပါတယ်။ စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန် ရိုးရိုး မိန်ကလေး ကိုတောင်မှ ပြည့်တန်ဆာ အဖြစ် မြူဆွယ် လုပ်ကိုင်တယ် ဆိုပြီး ဖမ်းလို့ရပါတယ်။ ပြည့်တန်ဆာတွေ အနေနဲ့လည်း သူတို့ရဲ့ ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ။ ရဲတချို့ကတော့ လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲ ခေါ်သွားကြတယ် လို့လည်း ပြည့်တန်ဆာလောက ကနေ သိနေရပါတယ်။ ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်လို ထိန်းသိန်းမလည်းဆိုတာ ကျွန်မတို့ စဉ်စားရတော့မယ်..

၁။ ဒီအလုပ် လုပ်တဲ့ သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသား ဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
၂။ ပြည့်တန်ဆာ ဆိုပေမယ့် နိုင်ငံသား တစ်ဦးဖြစ်လို့ နိုင်ငံသား တစ်ဦး ရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့ အခွင်းအရေးတွေ ကိုလည်း ပြည့်တန်ဆာတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၃။ မနေနိုင်တဲ့ အမျိုးသားတွေ အနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့ အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့် ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေ အပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာ တစ်ခုထိ လျှော့ပါစေမှာ ဖြစ်ပြီး မဒိန်းမှု အန္တရာယ်ကိုလည်း အတိုင်းအတာ တစ်ရပ်အထိ လျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်။

လေးစားအပ်ပါသော ဥက္ကဌကြီး ..ရှင့်..

ကျမ မေးချင်တဲ့ မေးခွန်းတွေကတော့ ပြည်ထောင်စု သမ္မတ အစိုးရ လက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်း အရေအတွက် ဘယ်လောက် ရှိပါသလည်း အဆိုပါ မှုခင်းများ ဖြစ်ပွား ရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှု ပြဿနာနဲ့ အလုပ်အကိုင် ရှားပါမှုပြဿနာတို့ကြောင့် ပြည့်တန်ဆာ မှုခင်း အများအပြား ဖြစ်လာပြီး ဖမ်းစီး ပစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာ လုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေ များပြားလာခြင်းကို ဟန့်တားနိုင်မှာလား။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ အရ အရေးယူ ခံရတဲ့ အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါ ပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ် ပြန်လည် ထူထောင်ရေး အတွက်လည်းကောင်း၊ ကျန်းမာရေး လူမှုရေး ရှုထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့ အခါမှာ ဘယ်ကဲ့သို့ ကူညီထားပါသလဲ။ အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက် လာတဲ့ အခါမှာ မူလ ပြည့်တန်ဆာ လုပ်ငန်းကို ပြန်လည် မရောက်ရှိနိုင်ရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိပါသလဲ။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟာ ယနေ့ ခေတ် ကာလနှင့် လိုက်လျော ညီထွေးမှု မရှိတော့တဲ့ အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းကို မေးမြန်းချင်ပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်-----

National League for Democracy

Myanmar Online News - ဒေါ်စန္ဒာမင်း လွှတ်တော်တွင် ပြည့်တန်ဆာ ကိစ္စ မေးပြီး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top