မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်
၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မေလ ၁၆ ရက်နေ့မှ
၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ဈေးရောင်းပွဲ ကျင်းပမည် ဖြစ်သည်။ ဈေးရောင်းပွဲမှရရှိသော
အကျိုးအမြတ်ကို နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များထံ လှူဒါန်းမည်
ဖြစ်ကြောင်း၊ ယခုနှစ် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ကျင်းပသည့် NLD ဈေးရောင်းပွဲမှ အမြတ်ငွေ
ကျပ် သိန်း ၁၀၀ ကိုလည်း NLD လူမှု အထောက် အကူပြုလုပ်ငန်းသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
လာမည့် ဈေးရောင်းပွဲ တွင် NLD အဖွဲ့ဝင်အသီးသီး ၏ ဒေသထွက်ကုန်များကို ရောင်းချမည်ဖြစ်သည်။




