နေရာ ၃၀ တွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ကူးစက်ခံရသူများအတွက် အေအာတီ ဆေးပေးခန်းများ ဖွင့်လှစ်ထား
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) အနေဖြင့် မြန်မာတစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် နေရာပေါင်း ၃၀ တွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ကူးစက်ခံရသူများ
အတွက် အေအာတီ ဆေးပေးခန်းများ ဖွင့်လှစ် ပေးထားကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့တွင်
မြောက်ဥက္ကလာပမြို့နယ်ရှိ (ဝေဘာဂီ အထူးကု ဆေးရုံကြီး) နှင့် မင်္ဂလာဒုံမြို့နယ်ရှိ (မင်္ဂလာဒုံ
အထူးကု ဆေးရုံကြီး) တွင် လူနာများအား အေအာတီ ဆေးဝါးဖြင့် ကုသ ဆောင်ရွက်ပေးလျက်ရှိပြီး
မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ မကွေး၊ မုံရွာ၊ မော်လမြိုင်၊ ပြည်၊ တာချီလိတ်၊
မြ၀တီ၊ ကော့သောင်း၊ ထားဝယ်၊ ဘားအံ၊ စစ်တွေ၊ ပုသိမ်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ မြိတ်၊ ကျောက်ဆည်၊
ကျိုင်းတုံ၊ မြောင်းမြ၊ လွိုင်ကော်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်ခရိုင် ပျဉ်းမနား၊ ဗန်းမော်၊
ကလေး၊ မူဆယ်တို့တွင် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင်
၂၀၀၉ ခုနှစ်အတွင်း အေအာတီဆေးဖြင့် ကုသရန် လိုအပ်သည့် လူနာပေါင်း ခန့်မှန်း တွက်ချက်မှု
၇၂၁၄၆ ဦး ရှိပြီး ရန်ပုံငွေ ရရှိမှုအရ ၂၁၁၃၈ ဦး ပေးနိုင်ကြောင်း သိရသည်။
အေအာတီ
ဆေးကုသပေးနေသည့် နေရာပေါင်း ၃၀ တွင် အေအိုင်ဒီအက်(စ်) လူကြီးလူနာ ၂၄၄၇ ဦး နှင့် ကလေးလူနာ
၂၇၅ ဦး စုစုပေါင်း လူနာ ၂၇၂၂ ဦး တို့ကို အေအာတီ ဆေးတိုက်ကျွေး ကုသမှု ပေးနိုင်ခဲ့ကြောင်း၊
အခြားနိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး အေအိုင်ဒီအက်(စ်) လူကြီးလူနာပေါင်း
၂၀၀၀၀ ကျော်ကိုလည်း အေအာတီဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ကြောင်း သိရှိရပါ သည်။
Ref
- Eleven Media Group




