5
Jul

နေအိမ်တွင် ချက်ချင်း စမ်းသပ်နိုင်သည့် HIV စမ်း စက်များ အစိုးရ ခွင့်ပြုချက် ရရှိ

ဆယ်စုနှစ်များစွာ ကြာအောင် အငြင်းပွားမှုများ ဖြစ်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူများ အနေဖြင့် ၎င်းတို့တွင် HIV ရောဂါပိုး ရှိ ၊ မရှိကို မိမိတို့ နေအိမ်တွင်ပင် စမ်းသပ် နိုင်တော့မည် ဖြစ်သည်။ အဆိုပါ စမ်းသပ်သည့် ပစ္စည်းကို FDA ခေါ် အစားအစာ နှင့် ဆေးဝါး အဖွဲ့မှ အတည်ပြုပေးခဲ့ခြင်း ဖြစ်ကာ နေအိမ်များတွင် လွယ်လင့်တကူ သုံးစွဲနိုင်တော့မည် ဖြစ်သည်။

ယခုလို ဖြစ်ရပ်မျိုးမှာ တစ်ချိန်က ကိုယ်ဝန်ရှိ ၊ မရှိကို တိုင်းတာသည့် ပစ္စည်းကဲ့သို့ပင် ဖြစ်ကာ ထိုစဉ်ကလည်း ယင်းသို့သော ဖြစ်ရပ်များမှာ အရှက်ရစေသည့် ကိစ္စကြီး တစ်ခုအဖြစ် မှတ်ယူခဲ့ခြင်းပင် ဖြစ်သည်။ OraSure Technologies မှ ထုတ်လုပ်သည့် OraQuick စမ်းသပ်ပစ္စည်း မှာ ပါးစပ် အတွင်းသို့ သွင်းပြီး တိုင်းယူနိုင်ခြင်း ဖြစ်ကာ ရလာဒ်ကို မိနစ် ၂၀ မှ ၄၀ အတွင်း သိရှိနိုင်မည် ဖြစ်သည်။ ယခင်က စမ်းသပ်သည့် နည်းလမ်းမှာ အသုံးပြုသူများ အနေဖြင့် သွေးနမူနာကို ထုတ်ယူပြီးနောက် စမ်းသပ်ခန်း သို့ပေးပို့ စမ်းသပ်စေခဲ့ခြင်း ဖြစ်သည်။

MRTV-4 - နေအိမ်တွင် ချက်ချင်း စမ်းသပ်နိုင်သည့် HIV စမ်း စက်များ အစိုးရ ခွင့်ပြုချက် ရရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top