24
Jul

နေ့စဉ် ကလေးငယ် ၁ ထောင်ခန့် HIV ရောဂါ ကူးစက်ခံနေရ

ကုလသမ္မဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ ယူနီဆက်မှ ပြောရာ၌ ကလေးငယ်ပေါင်း ၁ ထောင်ခန့်မှာ နေ့စဉ် HIV ရောဂါပိုး ကူးစက်ခံနေရပြီး အများစုမှာ အာဖရိက တိုက်ရှိ ဆာဟာရ ဒေသ ပိုင်းမှ ဖြစ်ကြောင်း သိရသည်။

တနင်္လာ နေ့က ယူနီဆက်၏ ဝက်ဆိုက်တွင် ဖော်ပြရာ၌ ၎င်းတို့ အနေဖြင့် ကလေးသူငယ်များ အကြား ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေး အတွက် ကြိုးစားမှု အသစ်များကို အလေးထား လုပ်ဆောင်ရန် နှိုးဆော် လိုက်ကြောင်းလည်း ပြောခဲ့သည်။ AIDS ရောဂါ ကင်းစင်သည့် မျိုးဆက်သို့ ရောက်နိုင်ရေး မိမိတို့ အနေဖြင့် HIV ကူးစက်မှု မှ ၀ ရာနှုန်း ကင်းစင် ရမည် ဖြစ်သည်ဟုလည်း ၎င်းတို့မှ ပြောသည်။ လက်ရှိတွင် အဆိုပါ အာဖရိက ဒေသတွင် လူပေါင်း ၂၂.၉ သန်းမှာ HIV ကူးစက်ခံထားရပြီး ကမ္ဘာ့ HIV ကူးစက်မှု အများဆုံး ဒေသတစ်ခု အဖြစ် ရှိနေခဲ့ကာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း လူပေါင်း ၁.၂ သန်း အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

MRTV-4 - နေ့စဉ် ကလေးငယ် ၁ ထောင်ခန့် HIV ရောဂါ ကူးစက်ခံနေရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top