30
Jul

မေတ္တာရှင် အခမဲ့ဆေးခန်းဖွင့်လှစ်၊ ဒါနပြုလိုသူများ ဆက်သွယ်လှူဒါန်းနိုင်



မကွေးပရိယတ္တိစာသင်တိုက်၊ မေတ္တာရှင် အခမဲ့ဆေးကုခန်းကို(၂၆-၄-၂ဝဝ၉) သောကြာနေ့တွင် မ.ယ.က
ဥက္ကဌ၊ မြို့နယ်ဆရာဝန်ကြီးများ၊ ရပ်ကွက်ဥက္ကဌ စသော ရပ်မိရပ်ဖများနှင့်-

 

(၁)     သစ္စာ
ဆေးခန်းမှဒေါက်တာကျော်ဇောအောင် 


    M.B.,B.S (Ygn) (D.S.M.A)

(၂)     သုခိတာ
ဆေးခန်းမှဒေါက်တာသူဇာထွေး      


M.B.,B.S (Ygn) Second Year M.Med.Sc (Physiology) University of Medicine(2)
Yangon

(၃)     (၅၁)ရပ်ကွက်မှ
ဒေါက်တာကောင်းမြတ်လင်း  


M.B.,B.S (Ygn)

(၄)     ဒေါက်တာစည်သူကျော်
မ/ဥက္ကလာဆရာဝန်  


M.B.,B.S (Ygn)

(၅)    ဒေါက်တာကျော်မင်းအောင်                        

M.B.,B.S (Ygn)
အစရှိသောဆရာဝန်(၅)ဦး

(၆)     သူနာပြုများဖြစ်ကြသော
ဆရာမဒေါ်ယဉ်ယဉ်

(၇)     မအိအိ

(၈)     ကိုဖိုးချို

(၉)     ကိုကျော်မင်းလွင်
စသောသူနာပြု(၄)ဦးတို့ဖြင့် မေတ္တာရှင် အခမဲ့ ဆေးကုခန်းကို(၂၆-၄-၂ဝဝ၉) သောကြာနေ့တွင်
စတင်ဖွင့်လှစ်ခဲ့ပါသည်။

 

ဆေးခန်းဖွင့်ရက်မှာ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ၊ စနေနေ့ဟူ၍
တစ်ပါတ်လျှင်(၄)ရက်ဖွင့်လှစ်ပြီး၊ တနင်္ဂနွေ နေ့တွင်နံနက်(၉း၃ဝ)နာရီမှ နေ့လည် (၁း၃ဝ)နာရီအထိ၊
တနင်္လာနေ့တွင် နံနက်(၈းဝဝ) နာရီမှ(၁၂းဝဝ) နာရီအထိ၊ သောကြာနေ့တွင် (၉း၃ဝ)နာရီမှ(၁း၃ဝ)နာရီအထိ၊
စနေနေ့တွင် နေ့လည်(၂းဝဝ)နာရီမှ ၅းဝဝ)နာရီအထိ တစ်ချိန်လျှင်လူနာ(၅ဝ) မှ (၇၅) ယောက်အထိ
လူမျိုးမရွေး၊ ဘာသာမရွေး ဆင်းရဲ ချမ်းသာမရွေး ကုသပေးလျှက်ရှိပါသည်။

ရိုးရိုးအဖျားရောဂါ၊
ငှက်ဖျားရောဂါ၊ တုတ်ကွေး၊ ဝမ်းရောဂါ၊ လေငန်းရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ယားနာ
ရောဂါနှင့်အဘိုး/အဘွားများအား ပုလင်းကြီးချိတ်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသော
လူနာများအား ခွဲစိတ် ကုသပေးခြင်း စသောအထွေထွေရောဂါများကို တစ်နေ့လျှင်
ဆရာဝန်တစ်ဦးနှင့် သူနာပြုလေးဦးတို့ ဖြင့် ကုသပေးလျှက်ရှိပါသည်။

 

မေတ္တာရှင် အခမဲ့ဆေးကုခန်းကို
အမှီပြု၍နေထိုင်ကြသော ရပ်ကွက်များမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ မ.ထ.သ
တိုးချဲ့ရပ်ကွက်၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်၊ မဓကျေးရွာ အစရှိသောလူနာများနှင့်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ အမှတ်(၄၆/၄၉/၅ဝ/၅၁)ရပ်ကွက်များနှင့် ကျောက်ခွဲစက်မှ မိသားစုများ
စုစုပေါင်း ရပ်ကွက်(၁ဝ)ရပ်ကွက် အတွင်း၌ နေထိုင်ကြသောအစိုးရဝန်ထမ်း၊ လက်သမား၊
ပန်းရံဆရာ၊ ဆိုက်ကားသမား၊ အထည်ချုပ် လုပ်သားများနှင့် သပြေပန်းစသော ပန်းအမျိုးမျိုး ရောင်းဝယ်နေကြသော ကြုံရာကျပမ်း
ဆင်းရဲသား အများစုခန့်မှန်းခြေ အိမ်ထောင်စု ၇ဝဝဝခန့်သည် မေတ္တာရှင် အခမဲ့
ဆေးကုခန်းကို ကျန်းမာရေးအရ မှီခိုအားထားပြုနေရ ပါသည်။

 

မေတ္တာရှင် အခမဲ့ဆေးကုခန်းသည် တစ်ပတ်လျှင်လူနာ(၂ဝဝ)မှ(၂၅ဝ)အတွင်း၊
တစ်လလျှင်လူနာ(၈ဝဝ)မှ (၁ဝဝဝ)အတွင်း ကုသပေးလျှက်ရှိပါသည်။ တစ်နေ့လျှင် ဆရာဝန်နှင့် သူနာပြုများအတွက် ကုန်ကျစရိတ်မှာ
ဆရာဝန်အား (၆ဝဝဝိ/)ခြောက်ထောင်ကျပ်၊ ဆေးထိုးနိုင်သော သူနာပြု(၂)ယောက်အတွက်
တစ်ယောက်လျှင် (၂ဝဝဝိ/)နှစ်ထောင်ကျပ် ဆေးပေးသူနာပြု နှစ်ယောက်အတွက် တစ်ယောက်လျှင်(၁၅ဝဝိ/)
တစ်ထောင့် ငါးရာကျပ်ဖြင့် တစ်နေ့တာအတွက် ဆရာဝန်နှင့် သူနာပြုများကုန်ကျစရိတ်မှာ (၁၃ဝဝဝိ/)
တစ်သောင်းသုံးထောင် ကျပ်ဖြစ်ပြီး၊ တစ်ပတ်တာကုန်ကျစရိတ်မှာ (၅၂ဝဝဝိ/)ငါးသောင်းနှစ်ထောင်ကျပ်
ကုန်ကျ၍ တစ်လတာ ကုန်ကျစရိတ်မှာ(၂၈ဝဝဝဝိ/) နှစ်သိန်းရှစ်သောင်းကျပ် ကုန်ကျပြီး
ထိုးဆေး၊ စားဆေးအတွက် တစ်နေ့တာ ကုန်ကျစရိတ်မှာ (၄၅ဝဝဝိ/)လေးသောင်းငါးထောင် ကျပ်ဝန်းကျင်  ကုန်ကျပြီး တစ်ပတ်တာ ကုန်ကျငွေမှာ (၁၈ဝဝဝဝိ/)တစ်သိန်းရှစ်သောင်းကျပ် ကုန်ကျ၍
တစ်လတာကုန်ကျငွေမှာ  (၇၂ဝဝဝဝိ/) ခုနှစ်သိန်းနှစ်သောင်း ကျပ်ကုန်ကျပြီး
အထူးအစီအစဉ်အနေဖြင့် သက်ကြီးရွယ်အို အဘိုး/အဘွားများနှင့် အထူးလိုအပ်လျှက်ရှိ
သောလူနာများအား လစဉ်ဒုတိယအပါတ်အင်္ဂါနေ့တိုင်း ပုလင်းကြီးချိတ်ပေးရသောကုန်ကျငွေမှာ
လည်း (၅ဝဝဝဝိ/) ငါးသောင်းကျပ် ဝန်းကျင်မျှရှိပါသည်။

 

တစ်လလျှင် ဆရာဝန်နှင့်သူနာပြုများ ကုန်ကျစရိတ် (၂၈ဝဝဝဝိ/)နှစ်သိန်းရှစ်သောင်းကျပ်၊
ထိုးဆေး၊စားဆေး အတွက်ကုန်ကျငွေမှာ (၇၇ဝဝဝဝိ/)ခုနှစ်သိန်း ခုနှစ်သောင်းကျပ်၊
စုစုပေါင်းကုန်ကျငွေမှာ (၁ဝ၅ဝဝဝဝိ/) တစ်ဆယ်သိန်း ငါးသောင်းကျပ်
ကုန်ကျလျှက်ရှိပါသည်။ တစ်ပါတ်လျှင် ဆေးခန်းမဖွင့်နိုင်သော အင်္ဂါ၊ ဗုဒ္ဓဟူး၊
ကြာသာပတေးနေ့များ တွင် ထပ်၍ရက်တိုးဖွင့်မည်ဆိုပါက (၁၈ဝဝဝဝဝိ/) တစ်ဆယ့်ရှစ်
သိန်းကျပ်ဝန်းကျင်မျှ ကုန်ကျမည်ဟု ခန့်မှန်းရပါသည်။
သို့ပါ၍ မေတ္တာရှင် အခမဲ့ဆေးကုခန်း ထာဝရတည်တန့်ခိုင်မြဲစေရန်
ရည်သန်၍ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ပါသည်။

 

ဆက်သွယ်ရန်

ဘဒ္ဒန္တပါမောက္ခ၊

မကွေးပရိယတ္တိစာသင်တိုက်၊ အနော်ရထာလမ်း၊အမှတ်(၁)ရပ်ကွက်၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်။

ဖုန်းနံပတ် ဝ၉-၅ဝ၅၆၄၄၃

အီးမေးလ်လိပ်စာ

kyawminlwin2009@gmail.com

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top