မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏
လေ့လာသုံးသပ်မှုများအရ လူကုန်ကူးသူများ"အသုံးပြုသော နည်းလမ်းများတွင်
ပြည်တွင်း၌ Model Girl နှင့် Fashion
Show လုပ်ငန်းများဖြင့် စည်းရုံး၍ အဓမ္မပြည့်တန်ဆာ ပြုစေခြင်း
ဖျော်ဖြေရေးလုပ်ငန်း(ကာရာအိုအေ စားသောက်ဆိုင်၊ အနှိပ်ခန်း) များမှတစ်ဆင့် အဓမ္မပြည့်တန်ဆာ ပြုစေခြင်းတို့ကို
တွေ့နေရကြောင်း လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများကို ဆန်းစစ်မှုများ" အရ သိရသည်။
လူကုန်ကူးခံရသူများ၏ ဖြစ်စဉ်ကို လေ့လာရာတွင် ဖြတ်လမ်းနည်းဖြင့် ကြီးပွားလိုသူများ၊
ယုံကြည်" လွယ်သူများ၊ အားနာတတ်သူများ၊ ဗဟုသုတနည်းပါးသူများ၊ အကာအကွယ်မဲ့သော
ကလေးများ၊ နိုင်ငံခြားကို အထင်ကြီးသူများ၊ အများဆုံး ပါဝင်ပြီး
အမျိုးသမီးနှင့် ကလေးငယ်များသည် လူကုန်ကူးသူများ အတွက် အမြတ်အစွန်း" ပိုမိုရရှိစေကြောင်း
သုံးသပ်ပြထားသည်။
မြန်မာနိုင်ငံတွင်
ပြည်နယ်နှင့်တိုင်းအားလုံး၌ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့်
ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့သည် လူကုန်ကူးမှု အများဆုံး ဖြစ်ပေါ်သော
ဒေသများဖြစ်ပြီး မန္တလေးသည် လူကုန်ကူးမှု လမ်းကြောင်း၏ အဓိကနေရာတွင် ရှိကြောင်း
မန္တလေးတိုင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့မှရဲမှူး အေးစံက ပြောသည်။
မန္တလေးသည် အချက်အချာကျသော လမ်းဆုံမြို့ ဖြစ်သည့်အတွက် မန္တလေးမှ တစ်ဆင့်
ဗန်းမော်-မြစ်ကြီးနား- လွယ်ဂျယ်လမ်းပိုင်းမှ လည်းကောင်း၊ လားရှိုး- မူဆယ်လမ်းပိုင်းမှ လည်းကောင်း
တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးမှုများ ပြုလုပ်လေ့ရှိပြီး
တရုတ်ပြည်သို့ရောင်းစားခံရသောအမျိုးသမီးများမှာ နယ်စပ်ရှိ ကျေးရွာများတွင်
ကျပန်း အလုပ်လုပ်ကိုင်သူများ၏ ဇနီးမယားအဖြစ် အတင်းအားဓမ္မ လုပ်ကိုင်ခြင်းခံရပြီး အဆိုပါ လုပ်သားများ၏
ဇနီးမယားများ အဖြစ် မြန်မာအမျိုးသမီးငယ်များ လူကုန်ကူးခံရသူ တစ်ဦးကပြန်လည် ပြောကြားသည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူအများစုမှာ အလုပ်ပေါ်တွင်
လုပ်အားခေါင်းပုံဖြတ်ခြင်း ပြည့်တန်ဆာ လုပ်ငန်းများတွင် အတင်းအားဓမ္မ
ရောင်းစားခံရခြင်းတို့ကို တွေ့ရကြောင်းလည်းသိရပြီး ဘ၀ ရပ်တည်ရန် ခက်ခဲသော
အမျိုးသမီး ငယ်များကို တွေ့ရခဲ့ကြောင်း လူကုန်ကူးခံရသူတစ်ဦးကပြောပြ သည်။
မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်"လျက်ရှိသော လူကုန်ကူးမှုများမှာ
အမျိုးသမီးနှင့်ကလေးသူငယ်များကို လိင်စီးပွားရေး လုပ်ငန်းများတွင် ရောင်းချခြင်း၊
အမျိုးသမီးများကို အားဓမ္မမယားပြုစေရန် ရောင်းချခြင်း၊ ကလေးသူငယ်များကို လိင်မှုကိစ္စ
ကျူးလွန်ခြင်း၊ လိင်စီးပွားရေး လုပ်ငန်းများတွင် လုပ်အားခေါင်းပုံဖြတ် သည့်
လုပ်ငန်းများတွင် ရောင်းချခြင်း၊ ကလေးသူငယ်များကို အဓမ္မ မွေးစားရန် ရောင်းချခြင်းအစရှိသော
ပုံစံများဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို
ပိုမိုထိရောက်သည့် နည်းဗျူဟာများ ရေးဆွဲပြဋ္ဌာန်းကာ ကျယ်ကျယ် ပြန့်ပြန့်
အကောင်အထည်ဖော်သွားရန် စီစဉ်လျက်ရှိကြောင်းမဲခေါင်မြစ်ဝှမ်း
ဒေသအတွင်း လူကုန်ကူးခြင်းကို တိုက်ဖျက်သည့် ကုလသမဂ္ဂစီမံချက် (မြန်မာ) မှ
စုံစမ်းသိရှိရကြောင်း ၂၀၀၉ခုနှစ် မတ်လ၂၆ရက်နေ့ထုတ် Upper Myanmar ဂျာနယ်တွင်ဖော်ပြ ထားပါသည်။




