13
Jul

မျောက်ရော လူများမှာပါ တီဘီရောဂါ ကူးစက်ပျံ့နှံ့



ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ မျောက်များနှင့်
ဝန်ထမ်းများမှာပါ တီဘီရောဂါ ကူးစက်ပြန့်ပွားနေသည်ဟု ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ
တာဝန်ရှိသူတဦးက ပြောသည်။

 

တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ မျောက်များ ပုံမှန်မဟုတ်သည့်
သေဆုံးမှု ရှိလာသည့်အတွက် ရောဂါတမျိုးမျိုး ဖြစ်နေသည်ဟု သံသယရှိ၍ သက်ဆိုင်ရာ
တိရစ္ဆာန်ဆေးကု ဆရာဝန်များကို စစ်ဆေးခိုင်းရာမှ မျောက်များတွင် တီဘီရောဂါ ဖြစ်နေသည်ကို
သိရှိရခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

 

၎င်းက ကျနော်တို့ သိတဲ့အချိန်မှာ တကောင်နဲ့တကောင် ကူးနေပြီ။ ဒါနဲ့
မျောက်တွေကို ကိုင်တွယ်ရတဲ့ မျောက်ရုံအနား တာဝန်ကျတဲ့ ၀န်ထမ်းတွေကိုပါ
ဆေးစစ်ကြည့်တော့ တီဘီရောဂါဖြစ်တဲ့သူတွေ တွေ့ရတယ်။ နောက် ၀န်ထမ်းအားလုံးကို
စစ်တော့လည်း အတော်များများမှာ တီဘီရှိနေတာ တွေ့ရတယ်။ ဖြစ်နိုင်တာက လူတွေမှာ
အရင်ဖြစ်မယ်၊ နောက် မျောက်တွေကိုပါ ကူးစက်ပြီး နောက်တဆင့် မျောက်အချင်းချင်း
တကောင်နဲ့တကောင် ကူးစက်သွားတယ်လို့ ယူဆရတယ်။ ခုတော့ အဲဒီမျောက်တွေကနေ လူတွေကိုပါ
တဆင့်ပြန်ကူးတာမျိုး ဖြစ်မလား စစ်ဆေးနေတုန်းပဲ
ဟု ပြောသည်။

 

တီဘီရောဂါ ဖြစ်ပွားနေသည့် တိရစ္ဆာန် ဥယျာဉ်ဝန်ထမ်းများကို
သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ စေလွှတ်၍ ဆေးကုသမှု ခံယူစေကြောင်း၊ မျောက်များကို
ကုသရန်အတွက်မူ ဆေးဖိုးဝါးခ တန်ဖိုးကြီးသဖြင့် စိတ်ရှည်လက်ရှည် ကုသနိုင်ခြင်းမရှိဘဲ
မျောက်အချို့သေဆုံးကုန်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ယခုအခါ မျောက်ရုံတွင်
မျောက်ကောင်ရေ လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း မြို့ခံ မျက်မြင်တဦးက ပြောသည်။

 

တီဘီ အဆုတ်ရောဂါသည် လူအချင်းချင်း ကူးစက်နိုင်သကဲ့သို့
လူမှမျောက်၊ မျောက်အချင်းချင်း စသဖြင့် ကူးစက်နိုင်သည်ဟု ပုဂ္ဂလိက တိရစ္ဆာန်ဆေးကု ဆရာဝန်တဦးက
ပြောသည်။

တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်နေရတဲ့ လူတွေအနေနဲ့ မိမိဆီက
ရောဂါပိုး တိရစ္ဆာန်တွေဆီ မကူးစက်အောင်၊ တိရစ္ဆာန် တွေဆီမှာ ရောဂါရှိနေရင်လည်း
မိမိထံ မကူးစက်အောင် ပိုးသတ်ထားတဲ့ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ သုံးသင့်တာပေါ့။
ဒါပေမယ့် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်လို ငွေကြေးဘတ်ဂျက် နည်းတဲ့နေရာမှာတော့
ဒီလိုသုံးမယ်မထင်ဘူး
ဟု
၎င်းကပြောသည်။

 

သြစတြေးလျနိုင်ငံရှိ CSL တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ တိရစ္ဆာန်များ
တီဘီရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် စမ်းသပ်ချက်တွင်မူ လူတွင်ဖြစ်ပွားသည့်
တီဘီရောဂါသည် လူဝံ၊ မျောက် စသည့် အဆင့်မြင့် နို့တိုက်သတ္တ၀ါများသို့
ကူးစက်နိုင်ကြောင်း ဖော်ပြပါရှိသည်။

 

မြန်မာနိုင်ငံတွင် တီဘီရောဂါကို အဖြစ်များသည့်
ကူးစက်ရောဂါတခုအဖြစ် သတ်မှတ်ထားသော်လည်း တိုက်ရိုက်ကြည့်ရှု အချိန်တိုကုနည်း (
DOTS) ဖြင့် စနစ်တကျ ကုသပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည်။

 

သို့သော် စစ်အစိုးရကျန်းမာရေး ၀န်ကြီးဌာနသည်
တီဘီရောဂါတိုက်ဖျက်ရေးကို မြန်မာတနိုင်ငံလုံးတွင် အမျိုးသားစီမံကိန်း အနေဖြင့်
ပြုလုပ်သွားမည်ဟု ပြောဆိုနေသော်လည်း တိုက်ဖျက်ရေးအတွက်
ငွေကြေးစိုက်ထုတ်မှုနည်းခြင်း၊ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်မှုမရှိဘဲ
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီမှုများနှင့် လောက်သာ ဆောင်ရွက်နေသည့်
အတွက် ထိရောက်မှုမရှိခြင်း ဖြစ်ကြောင်း ပြည်တွင်းမှ အန်ဂျီအိုများက သုံးသပ်ကြသည်။

 

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တီဘီရောဂါဖြစ်ပွားသူ (၈၃,၄၀၃) ရှိပြီး လူ (၁) သိန်းတွင် (၁၇၁) ဦးနှုန်း ဖြစ်ပွားကာ
သေဆုံးသူ အရေအတွက်မှာ (၆
,၂၉၇) ဦးရှိကြောင်း၊ လူ (၁) သောင်းတွင် ဆရာဝန် (၄)
ဦးနှုန်းရှိကြောင်း ကမ္ဘာ့ ကျန်
မာရေးအဖွဲ့
(
WHO) အစီရင်ခံစာတွင်
ဖော်ပြသည်။

ခေတ်ပြိုင် အင်တာနက် ဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top