ခရမ်းလွန်ရောင်ခြည် မီးရောင် အောက်တွင် အစိမ်းရောင်လဲ့လဲ့ တောက်ပလေ့ရှိသော ကြောင်မျိုးစိတ်သည် အေ့ဒ်စ်ရောဂါကို ကုသရာတွင် အထောက်အကူ ပေးနိုင်ကြောင်း သိရသည်။ ဒီအင်အေ များပြောင်းလဲနေသည့် အဆိုပါ အိမ်မွေးကြောင် တို့နှင့် ရေအောက်တွင် အရောင် တောက်ပသော ဂျယ်လီငါးတို့သည် အိပ်ခ်ျအိုင်ဗီကဲ့သို့သော ဗိုင်းရပ်စ် ပိုးမွှားများကို တိုက်ဖျက်နိုင်ကြောင်း သုတေသီတို့ လေ့လာတွေ့ရှိကြ ရသည်။
အဆိုပါ မျိုးရိုးဗီဇ ပြုပြင်ထား သောကြောင်များကို အသုံးပြု၍ အေ့ဒ်စ်ရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများကို လေ့လာခြင်းသည် အခြားသာမန်နည်းလမ်းများထက် သုံးဆခန့် ပိုမိုလျင်မြန်စွာ ရလဒ်ကောင်းကို ရှာဖွေတွေ့ ရှိနိုင်မည်ဟု သုတေသီပညာရှင်တို့က မှတ်ချက်ချသည်။ သို့ရာတွင် တိရစ္ဆာန် အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များကမူ ကြောင်များအား ယခုကဲ့သို့ အသုံးချခြင်းကို ကန့်ကွက်လျက်ရှိကြ၏။ အဆိုပါကြောင်များအား အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ဖြင့် စမ်းသပ်ရာတွင် ၂၂ ကြိမ်မြောက် စမ်းသပ်မှုဝယ် မွေးဖွား လာသော ကြောင်ငါးကောင်အနက် သုံးကောင်သည် အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ကိုမမှုတော့ကြောင်း စမ်းသပ်တွေ့ရှိရခြင်း ဖြစ်သည်။
Popular Myanmar - မှောင်ထဲမှာ အရောင်တောက်တဲ့ ကြောင်က အိပ်ခ်ျအိုင်ဗီကို ကာကွယ်ပေးနိုင်မည်လော




