13
Mar

မျှော်လင့်ချက် ရောင်ခြည် HIV

နွေနေ့လယ်ခင်းဖြစ်၍ ရာသီဥတုက ပူလောင်နေ၏။ DREAM 2  စားသောက် ဆိုင်အတွင်း၌ လေအေးစက် အရှိန်ကြောင့် အေးမြလျက် ရှိ၏။

ထိုဆိုင်သည် ကမာရွတ် မြို့နယ်၊ လှည်းတန်း ပေငါး ဆယ်တွင် တည်ရှိ၏။

ထိုဆိုင်တွင်ထိုင်း၊ တရုတ်၊ ရှမ်း၊ အစားအစားမျိုးစုံရရှိနိုင်၏။

ယနေ့ နေလယ်တွင် ထို ဆိုင်၌ ဘာသာပြန်ဆရာမောင် သိန်းငှက် (ကယားပြည်)၊ ကဗျာ ဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမ မစပယ်၊ ကဗျာဆရာကျော် ခေါင်တို့စုဝေးရောက်ရှိနေကြ၏။

စာရေးဆရာမောင်ညိုပြာ က နေ့လယ်စာစားရန် ဖိတ်ကြား ထား၍ ဖြစ်၏။ ထိုစဉ် ဒေါက်တာ ကျော်ဆွေသိန်းရောက်ရှိလာ၏။

''ဟာ-ဆရာကျော်ကြွပါ၊ နေ့လယ်စာသုံးဆောင်ရအောင်''

''ဟာ-စားမှာပေါ့၊ ကျွန် တော့်လည်းမောင်ညိုပြာဖိတ်ထား တယ် ခု သူမလာနိုင်သေးဘူး၊ဂျပန် က စာပေတိုက် မန်နေဂျာရောက် နေ တယ်၊ အဲဒါစားနှင့်ပါတဲ့''

'' စားတာက ဟုတ်ပါပြီ၊ ဘာမှာရမှန်းမသိသေးဘူး''

''ရပါတယ်၊ ကျွန်တော်သိတယ်၊ ကြက်ပင်စိမ်းထမင်းမှာမယ်၊ ဒီအစားအစာက ယိုဒယားပင်စိမ်းရယ်၊ ထိုင်းဆော့စ်အနှစ် ရယ်ပါတယ်၊ ချဉ်စပ်အရသာရှိ တယ်၊ ထိုင်းခေါက်ဆွဲကြော်ရယ်၊ အခေါက်ကင်ရယ်၊ ကော်ရည်ရယ် မှာမယ်''

''နောက်ထပ် ဘာရသေး လဲ''

''ငါးရှဥ့်ခြောက်စပ်  ရ တယ်၊ မန္တလေးမြီးရှည်ရတယ်''

''ဟုတ်ပြီ၊ ဒါလောက်ဆို စုံပါပြီ၊ စားလို့ရပြီ''

''ဒါဆိုမှာလိုက်မယ်၊ စား ရင်းသောက်ရင်းစကားပြောလို့ရ တယ်''

''ကဗျာဆရာ မောင်ဒေါန မှာအိပ်(ခ်ျ)အိုင်ဗီပိုးတွေ့လိုဆိုပါလား''

''ဟာ- ဟုတ်ပါ့မလား၊ မောင်ဒေါနက လူရိုးပါ''

''ဒီလိုဗျ၊ ရောဂါရှိတဲ့ သင်္ဘောသားကို ကတုံးရိတ်တဲ့ သင်တုန်းဓားနဲ့ သူ့ကိုရိတ်မိတာတဲ့၊ သူကလည်း မသိလိုက်ဘူးတဲ့၊ ခုသွေးစစ်မှ သိတာတဲ့''

''ဒါဆို သတင်းသွားမေးဦး မှပဲ၊ ဝေဘာဂီဆေးရုံမှာလား''

''ဟုတ်တယ်၊ ဝေဘာဂီမှာ၊ စားပြီးရင်စုသွားကြတာပေါ့''

''ကောင်းတယ်၊ လူစုပြီး သားဖြစ်နေပြီ၊သွားကြတာပေါ့''

''အေအိုင်ဒီအက်စ် ရောဂါ ကို ကာကွယ်ဖို့ ဆေးမတွေ့သေး ဘူးလား''

''သုတေသီတွေ ကြိုးစား နေကြပါတယ်၊ ခုသတင်းကောင်း ကြားရတယ်''

''ဟုတ်လား၊ ဆရာကျော်၊ ရှင်းပြပါဦးဗျာ''

''ဒီလိုဗျာ၊ Califonia မှာ Scripps Research Institute ဆို တာရှိတယ်၊ သုတေသနဌာနကြီး ပေါ့ဗျာ၊ ပါရဂူတွေအများကြီးရှိ တယ်။ သုတေသီတွေက ကာကွယ် ဆေးဖေါ်ရာမှာ နည်းသစ်သုံးလိုက် တယ်၊ ဒါကို မျောက်မှာလက်တွေ့ စမ်းကြည့်တယ်၊ မျောက်တွေ ဟာ ရောဂါကိုလုံးဝကာကွယ်နိုင်တာ တွေ့ရတယ်တဲ့''

''ဟာ-ကောင်းတာပေါ့ဗျာ''

''အရင်က ကာကွယ်ဆေး တွေက ကိုယ်ခံစွမ်းအားစနစ်ကို ပြု ပြင်ထိန်းကျောင်းတဲ့ သဘောရှိတယ်၊ ခုသုတေသီတွေက ဒီနည်း မသုံးဘူး၊ မျောက်ခန္ဓာကိုယ်ထဲက DNA ကို ပြောင်းလဲလိုက်တယ်၊ DNA ပြောင်းသွားတော့ဆဲလ်တွေ က ရောဂါကိုခုခံနိုင်စွမ်းရှိတာ တယ်တဲ့''

''ထူးဆန်းတယ်ဗျာ''

''သုတေသီတွေက ကြီးမားတဲ့အောင်မြင်မှုဆိုပြီး ဝမ်းသာနေတယ်၊ လူမှာလက်တွေ့စမ်းတာကို အလျင်အမြန်လုပ်ချင်နေကြပြီ၊ တ ခြား ပါရဂူတွေကလည်း ဒါကိုဆက် လုပ်သင့်တယ်လို့ထောက်ခံနေကြ ပြီ''

''လုပ်သင့်တာပေါ့ ဆရာ ကျော်''

''ခု နည်းက သန်စွမ်းတဲ့ ကြွက်သားဆဲလ်ထဲက DNA အ စိတ်အပိုင်းအသစ်တစ်ခုထပ်ထည့် တယ်၊ ထည့်ဖို့က  Gene Therapy နည်းကိုသုံးတယ်''

'' Gene Therapy ကလည်း အရမ်းကို တိုးတက်နေတာကိုး''

''ဟုတ်တယ်ဗျ၊ ဒီ DNA Strip မှာ ညွှန်ကြားချက်တွေပါလာတယ်၊ အိပ်(ခ်ျ)အိုင်ဗီပိုးကို တိုက်ခိုက်ဖို့ ဒြပ်ပေါင်းတွေထုတ်ဖို့ အတွက်တဲ့ဗျ၊ ဒီဒြပ်ပေါင်းတွေကို ကြွက်သားဆဲလ်က အဆက်မပြတ် ထုတ်ပြီး သွေးထဲမှာ စီးဆင်းနေစေ တယ်တဲ့''

''မျောက်တွေက ရောဂါ ကူးပေမယ့် မသေဘူးပေါ့''

''ဟုတ်တယ်၊ မသေဘူး၊ ရောဂါပိုး မျိုးကွဲမျိုးစုံနဲ့ စမ်းတယ်၊ မသေဘူး၊ အနည်းဆုံး ၃၄ ပတ် ကြာအသက်ရှင်တယ်''

''ပညာရှင်တွေ သိကုန်ပြီ လား''

''သိကုန်ပြီ၊ Nature ဆိုတဲ့ ကမ္ဘာကျော် သိပ္ပံပညာ ဂျာနယ် ထဲမှာပါလာပြီးပြီ၊ ပညာရှင်အ သိုင်းအဝိုင်းမှာကျော်ကြားနေပြီ''

''ဟုတ်ကဲ့၊ ဆရာကျော်''

''ပိုးကောင်ရေသိပ်များ တာကိုလည်း မျောက်တွေကခံနိုင်ရည် ရှိနေတယ်၊ ဒါကလူနာမှာ တွေ့ရတဲ့ အခြေအနေမျိုးပဲ၊ ဒါ ကြောင့် သုတေသီတွေ က ပိုးကူး စက်ခံထားရတဲ့ လူနာမှာလည်း အ ကျိုးပြုလိမ့်မယ်လို့ ယူဆတယ်''

''ကောင်းတာပေါ့ ဆရာ ကျော်''

''သုတေသီခေါင်းဆောင် ပါမောက္ခ မိုက်ကယ်ဖါဇန်က ပြောတယ်၊ ရောဂါကာကွယ်ရေးအတွက် နည်းမျိုးစုံ ကြံဆနေကြပါတယ်တဲ့။ ခု သူတို့သုံးတဲ့နည်းက ကျန်တဲ့ တခြားနည်းတွေထက်ပိုပြီး အလားအလာ ကောင်းနေပါတယ်တဲ့။ ဒါပေမယ့် ရှေ့ဆက်ပြီးလုပ်ရပါဦး မယတဲ့၊ အခက်အခဲတွေကျော် ဖြတ်ရပါဦးမယ်တဲ့၊ အဓိကကဘေး ကင်းဖို့ပါတဲ့၊ လူနာပေါင်းများစွာ ကိုပေးရမှာဆိုတော့ မပေးခင်ဘေး ကင်းဖို့ကို အရင်လုပ်ရပါဦးမယ် တဲ့''

''ဘာပဲပြောပြော မျှော် လင့်ချက်ရောင်ခြည်ရှိလာပြီ''

''မှန်ပါတယ်၊ပါမောက္ခ ကြီးကဆက်ပြောတယ်၊ ခုတွေ့ရှိ ချက်ဟာ ကြီးမားပါတယ်တဲ့၊ ဒီတွေ့ ရှိချက်အတွက် ဂုဏ်ယူပါတယ်တဲ့''

''ဂုဏ်ယူစရာပါပဲ''

''ကာကွယ်ဆေးတွေအ ရင်ကလည်း သုတေသနလုပ်ခဲ့ပါ တယ်တဲ့၊ အဓိကပြဿနာက ပိုးက ခဏခဏပုံစံပြောင်းတယ်တဲ့''

Mutation ခေါ်တာပေါ့ ပစ်မှတ်ကပြောင်းပြောင်းသွားတဲ့ သဘောပဲ။ ပစ်မှတ်ပြောင်းတော့ ကာကွယ် ဆေးကလည်း ခဏခဏ ပြောင်း ရမလို ဖြစ်နေတယ်၊ ဒါက အဓိကအခက်ခဲပါပဲတဲ့''

''ဟုတ်ကဲ့၊ ဆရာကျော်''

''ခုသုတေသနမှာတွေ့တဲ့ ပဋိပစ္စည်းက အရင်ပဋိပစ္စည်းတွေ ထက်ပိုစွမ်းပါတယ်တဲ့။ အလားအ လာကောင်းပါတယ်တဲ့''

''ဟုတ်ကဲ့၊ ဆရာကျော်''

''တခြား ပါရဂူတွေကလည်း ချီးကျူးကြတယ် Oregon Health And Science University ဆိုတာက သုတေသနတွေအများ ကြီးလုပ်နေတဲ့ တက္ကသိုလ်ကြီးပဲ၊ အဲဒီတက္ကသိုလ်ကပါရဂူ Professor Nancy Halgwood ကပြောတယ်၊ ခုလောလောဆယ်မှာ ကာကွယ် ဆေးကလည်း မရှိသေးပါဘူးတဲ့၊ သုတေသန နယ်ပယ်မှာထူးခြားတဲ့ တွေ့ရှိချက်ကလည်း မရရှိသေးပါ ဘူးတဲ့၊ ခုလို အကျပ်အတည်းဖြစ် နေချိန်မှာ ခုလိုစမ်းသပ်ချက်ဟာ သိပ်ကို ကောင်းပါတယ်တဲ့၊ အလား အလာ ရှိပါတယ်တဲ့၊ ခု နည်းသစ် က ကာကွယ်ဆေးနဲ့ ကာကွယ်ထားသလို စဉ်ဆက်မပြတ်ကာ ကွယ်မှုရနေစေမယ့်နည်းလည်း ဖြစ်ပါတယ်တဲ့၊ စိတ်ဝင်စားစရာ ကောင်း ပါတယ်တဲ့၊ ခုလိုပြောသွား တယ်ဗျ''

''ဟုတ်ကဲ့၊ ဆရာကျော်''

''US National Institutes of Health ဆိုတဲ့ ဌာနကြီးလည်း ရှိသေးတယ်၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကျန်းမာ ရေး သုတေသနလုပ်နေတဲ့ဌာန ကြီးဆိုပါတော့ဗျာ၊ အဲဒီဌာနကြီးက ပါရဂူ Dr Anthony Fauci ကလည်းပြောတယ်၊ ခုတီထွင်ကြံ ဆမှုဟာ သိပ်ကို ကောင်းပါတယ် တဲ့၊ Innovative Research ပါပဲတဲ့၊ ရည်မှန်းချက် နှစ်ခုကိုရရှိစေဖို့ လမ်းစပါပဲတဲ့''

''ဘယ်လိုရည်မှန်းချက် တွေလည်း ဆရာကျော်''

''ဒီလိုဗျ၊ ပထမရည်မှန်းချက်က ရောဂါအန္တရာယ်ကနေ ရေရှည်ကာကွယ်မှုရရှိစေရေးဆိုတဲ့ ရည်မှန်းချက်ဗျ၊ ဒုတိယရည်မှန်းချက် က ရော ဂါကူးစက်ခံရပြီးတဲ့ လူနာမှာ Sustained remission ရရှိစေရေးဆိုတဲ့ ရည်မှန်းချက်ဗျ''

''ခုသုတေသနကြောင့် ဒီ ရည်မှန်းချက် နှစ်ခုရရှိဖို့ နီးစပ်လာ ပြီပေါ့နော်''

''ဟုတ်တယ်၊ နီးစပ်လာပြီ''

''ကြုံလို့မေးရဦးမယ်၊ပိုး ကူးစက်နည်းတွေပြန်ပြောပါဦး မေ့ တေ့တေ့ဖြစ်နေလို့ပါ''

စာပေလောကတွင် ဝါစဉ် ကြီးသော ဘာသာပြန်ဆရာမောင် သိန်းငှက်(ကယားပြည်) ကမေး လိုက်၏။

''ဟာ-ကယားကြီးကလဲ၊ တယ်မေ့တတ်သကိုး''

''အသက်ကြီးပြီလေဗျ၊ ခုနှစ်ဆယ်ကျော်ပြီဗျ''

''ဟုတ်ပါပြီ၊ ကျွန်တော်ပြန် ပြောပါမယ်၊ လိင်တူလိင်ကွဲဆက်ဆံရာကနေ ကူးနိုင်တယ်၊ မသန့်တဲ့ သွေးသွင်းရင်ကူးနိုင်တယ်၊ မူးယစ် ဆေးဝါးထိုးသွင်းရာကနေ ကူးနိုင် တယ်''

'' မောင်ဒေါန ကျတော့ ဘယ်လိုကူးသွားပါလိမ့်''

'' ရောဂါပိုးရှိနေတဲ့ သင်တုန်းဓားနဲ့ ခေါင်းရိတ်ရာကနေ ကူးတာ၊ မုတ်ဆိတ် ရိတ်ဓားကလည်း ကူးတတ်တယ်၊ ဆေးမင်ကြောင်ထိုး ရာကနေလည်း ကူးတတ်တယ်၊ မောင်ဒေါနဟာ အပျော်အပါး ကင်းရှင်းပါတယ်။ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့နဲ့ ရောဂါရှိတဲ့ သင်္ဘော သား ကတုံးရိတ်ထားတဲ့ သင်တုန်းဓားကို သုံးလိုက်မိတယ်၊ သင်ခန်း စာယူစရာပေါ့ဗျာ''

''အေးဗျာ၊ သင်တုန်းဓား တွေ၊ မုတ်ဆိတ်ရိတ်ဓားတွေ သီး သန့်ထားပြီးသုံးမှပဲ၊ ဒါမှ ရောဂါ မကူးစက်မှာ''

''ဟုတ်ပါတယ်၊ သီးသန့် သုံးသင့်ပါတယ်''

''မောင်ညိုပြာလည်း မ ပေါ်လာသေးပါလား''

''ဂျပန်စာအုပ်တိုက် မန် နေဂျာနဲ့ စကားမပြတ်သေးဘူးထင် တယ်၊ လာမှာပါ''

''ဂျပန်ကနေရောက်လာ တာလား''

''ဟုတ်တယ် ''မစိန်ရီသရက်'' ဆိုတဲ့ ဝတ္ထုတိုကနာမည်ကြီးတယ်၊ ဒီဝတ္ထုတိုပါတဲ့ ဝတ္ထုတို ပေါင်းချုပ်စာအုပ်ကို အဲဒီမန်နေ ဂျာက သဘောကျနေတယ်၊ ဂျပန် လိုဘာသာပြန်ပြီး သူတို့နိုင်ငံမှာ ထုတ်မယ်''

''စာမူခရမှာပေါ့''

''ရမယ်၊ သူတို့ကရာခိုင် နှုန်းနဲ့ပေးတယ်၊ များများရောင်းရ လေစာမူခများများရလေပဲ''

''ဟယ်ရီပေါ်တာရေးတဲ့ စာရေးဆရာမ ရသလိုမျိုးရမှာပဲ''

''ဟုတ်တယ်၊ နိုင်ငံခြားက အဲဒီပုံစံမျိုးချည်းပဲ''

''ကောင်းတယ်ဗျာ၊ အား ကျလိုက်တာ''

''မောင်ညိုပြာက 'ညို' စာ ပေတိုက် ထောင်ထားတယ်၊ ဝတ္ထု တိုပေါင်းချုပ်တွေထုတ်တယ်၊ ထွက် သမျှအရမ်းရောင်းကောင်းတယ်''

'' ဒါဆို  မောင်ညိုပြာ  သဌေးပဲ''

''ဟုတ်တယ်၊ ချမ်းသာနေ ပြီ၊ ဒါကြောင့်ကယားကြီးတို့ကို နေ့လယ်စာဖိတ်ကျွေးတာ''

စားသောက်၍ ပြီးစီးနေ သော်လည်း မော်ညိုပြာပေါ်မလာ သေး။

''ဆရာကျော်၊ လုပ်ပါဦး၊ ဘီလ်စာရွက်လာနေပြီ၊ ကျွန်တော် တို့ ထိုင်နေတာလည်း ကြာနေပြီ ကျွန်တော်တို့လည်း ပိုက်ဆံမပါ ဘူး၊ လုပ်ပါဦး''

''ဟဲဟဲ၊မပူပါနဲ့၊ လိုရမယ်ရ ခရက်ဒစ်ကတ်ပါ ပါတယ်။ မောင် ညိုပြာပေးလိုက်တာပါ၊ သည်းထိတ် ရင်ဖို ဖြစ်အောင်ဖွက်ထားတာပါ''

''မနောက်ပါနဲ့ ဆရာ ကျော်ရာ၊ ခုမှစိတ်ချမ်းသာသွားပြီ ဟဲဟဲ''

အောင်(ဆေး-၁)

ရည်ညွှန်းချက်။        ။ BBC News မှ "HIV vaccine that transforms cell DNA brings fresh hope" ဆေးပညာဆောင်း ပါးကို မှီငြမ်းကိုးကားပါသည်။

ဈေးကွက်ဂျာနယ် - မျှော်လင့်ချက် ရောင်ခြည် HIV

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top