22
Jan

ယောက်ျားသုံးဆေး (၁၈နှစ်ပြည့်မှဖတ်ပါ)

မေး။      ။ ကာမအားဆေးများ အမြဲသုံးရင် ဘာဖြစ်နိုင်သလဲ?

ဖြေ။       ။ ဆေးနာမည် စာလုံးပေါင်းပြောပါ။

အသက် ၃၉၊ ကျား၊ ဆေးက Duron-20 Tadalafil Tablets 20mg

Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်းချတယ်။ ဆေးဝါးဗေဒအရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ်တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါ တမျိုးအတွက် ဖြစ်တယ်။ အခု ခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုး အတွက်ဖြစ်တယ်။ Benign prostatic hyperplasia (BPH) ခေါ်တဲ့ ယောက်ျား အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း အတွက်လဲ သုံးပါတယ်။

တခြားရောဂါတွေအတွက် တနေ့မှာ 5 mg ပေးတယ်။ ပန်းသေနေတာအတွက် 5, 20, 40 mg ပေးရတယ်။ တနေ့မှာ တခါသာသောက်ပါ။ လိင်ဆက်ဆံဘို့ အချိန်ထက် ၃ဝ မိနစ် ကြိုတင်သောက်ပါ။ များသောအားဖြင့် ၃၆ နာရီအထိ ဆေးမသောက်တာထက် ပိုပြီး သန်မာနေတာတွေ့ ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေနဲ့ သတိထားစရာတွေ -
• မျက်နှာနီမြန်း (၁၃%)၊ သွေးတိုး (၃%)၊ နှလုံးခုန်မြန် (၂%)၊ နှလုံးကို သက်ရောက်မှုများ၊ အးယုတ်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊
• Priapism ခေါ်တဲ့ ၄ နာရီအထိ ကျားလိင်အင်္ဂါ သန်မာနေတာ ကျမသွားတာမျိုးလဲ တချို့မှာ ဖြစ်တတ်တယ်။
• ဆရာဝန်မညွှန်ဘဲ ဆေးကို တိုးမသောက်သင့်ပါ။
• တကယ်လို့ ခေါင်းမူးတာ၊ ရင်ပတ်နာလာတာ၊ သတိလစ်ချင်သလို ဖြစ်လာတာ။ မျက်စိအမြင် ဝေဝါးလာတာ၊ နာဲးမှာ ဝီဝီမြည်သံကြားလာတာ၊ နားကြားမကောင်းတာတွေ ဖြစ်လာရင် ဆေးကို ချက်ချင်းရပ်ပါ။ အရက်နဲ့ တွဲမသောက်ရပါ။ သွေးတိုး ကျဆေးသောက်နေရရင် ဆရာဝန်ပြောပါ။
• ဒီဆေးဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာကွယ်မပေးပါ။ ကိုယ်ဝန်မရအောင်လဲ တားမပေးပါ။

ဒေါက်တာတင့်ဆွေ (၁၉-၁-၂ဝ၁၃)

ဒေါက်တာတင့်ဆွေ -  ယောက်ျားသုံးဆေး (၁၈နှစ်ပြည့်မှဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top