ယောက်ကျားလေးတွေရော ကိုယ်ဝန်တားဆေး သောက်လို့ရပါသလား။ ရှိခဲ့ရင် ဆေးနာမည်ကို ပြောပြပါဦးဆရာ။
ယောက်ျားတွေအတွက် ကိုယ်ဝန်တားဆေးဆိုတာ စမ်းသပ်ဆဲမှာသာ ရှိပါသေးတယ်။ (ကွန်ဒွမ်)၊ သုက်ပိုးသတ်ဆေး၊ သားကြာဖြတ်တာ နဲ့ အပြင်မှာ သုက်လွှတ်တာတွေကိုသာ သုံးနိုင်ပါတယ်။ 1. Reversible Inhibition of Sperm Under Guidance ကို အတိုက်ကောက် RISUG ခေါ်တယ်။ Vasectomy သားကြောဖြတ်သလို ထိရောက်တယ်။ ပိုကောင်းတာက ကလေးရအောင် ပြန်လုပ်နိုင်တယ်။ သုတေသန လုပ်သူတွေ က Polymer ဆိုတဲ့ Vasalgel (ဂျဲလ်) ကို ယောက်ျားရဲ့ Vas deferens အကြောထဲ ထိုးပေးတယ်။ လမ်းကြောင်း ပိတ်ပြစ်တာဖြစ်ပါတယ်။ ကလေးပြန်လိုချင်ရင် နောက်ဆေး တမျိုးနဲ့ အရင် ထိုးထားတာတွေကို ထုတ်ပြစ်မယ်။
2. Heat Methods အပူသုံးနည်း
ဟိုရှေးရှေး (ဟစ်ပိုကရေတီးစ်) ခေတ်ကတည်းက ယောက်ျားသုက်ပိုးဟာ အပူမခံနိုင်တာကို သိထားခဲ့ပါတယ်။ သုက်ပိုး ထုတ်ပေးတဲ့ အစိဟာ ကိုယ်ခန္ဓာနဲ့ဝေးရာမှာ ရှိနေတာဟာ ဒါကြောင့်ပါ။ Dr. Voegeli ဆိုသူ (ဆွစ်) အမျိုးသမီးဆရာဝန် ပေးတဲ့နည်းကတော့ ၁၁၆ ဒီဂရီ ဖါရင်ဟိုက် (၄၆့၇ ဆဲလ်စီးယပ်စ်) အပူချိန်ရှိတဲ့ ရေနွေးထဲမှာ နေ့တိုင်း ၄၅ မိနစ်ကြာ၊ ၃ ပတ်ထိုင်ရတယ်။ ၆ လအထိ ကလေးမရစေဘူး။ အပူချိန် ဒိထက် နည်းရင် ဥပမာ ၁၁ဝ ဒီဂရီမှာထိုင်ရင် ၄ လခံတယ်။
3. Ultrasound (အာလ်ထွာဆောင်း) နည်း
ဆေးကုရာမှာသုံးတဲ့ (အာလ်ထွာဆောင်း) နဲ့ ၁၅ မိနစ်တာ အသံတဲ့မြန်တဲ့လှိုင်းတွေ လွှတ်ပေးလိုက်ရင် အကောင်တွေ ဆိုရင် ၆ လတာ ကလေးမရဖြစ်သွားစေတယ်။ လူတွေကိုတော့ စမ်းနေတုံးဘဲ။
4. Non-hormonal pills ဟော်မုန်းမပါ တားဆေး
• ၂ဝ၁၂ ဇန္နာရီလက ထွက်လာတဲ့ ကျန်းမာရေးသတင်းတခုက ဒီလိုဆိုပါတယ်။ ကာလီဖိုးနီးယား တက္ကသိုလ် သုတေသနတခုအရ Ultrasound နည်းနဲ့ ကြွက်၊ ခွေး နဲ့ မျောက်တွေကို မြုံအောင် လုပ်နိုင်တယ် မျောက် ဆိုရင် ပိုကြာကြာခံတယ်။ တပတ်မှာ ၃ ရက် မိနစ် ၃ဝ ကြာလုပ်ပေးတာ၊ ၆ ပတ်ခံတယ်။
• ဗီတာမင် (အေ) အလွန်နည်းနေသူတွေမှာ ကလေးမရဖြစ်တတ်တာကို သိပြီး (ကိုလန်ဘီယာ) တက္ကသိုလ်မှာ သုတေသန လုပ်ပါတယ်။ ဒီဗီတာမင် သိပ်နည်းနေရင် နေမကောင်းဖြစ်လို့ တားဆေးအနေနဲ့သုံးမရဘူး။ Dr. Debra Wolgemuth က Retionoic-acid receptor antagonists ခေါ်တာကို သုံးတယ်။
• တခြားနေရာတွေမှာ Gamendazole နဲ့ Justicia gendarussa (Indonesian pill) တွေကိုလဲ စမ်းသပ်နေတယ်။
• ၁၆-၈-၂ဝ၁၂ သတင်းတခုမှာ JQ1 Compound ဓါတ်သုံးပြီးစမ်းတော့ ကြွက်တွေမှာ သုက်ပိုး အရေအတွက်ရော၊ အရည်အသွေးပါ ကျဆင်းတာသိလာရတယ်။ အရင်က ကင်ဆာဆေးဖေါ်ဘို့ စမ်းနေတာပါ။
ဒေါက်တာတင့်ဆွေ (၂၇-၈-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - ယောက်ျား တားဆေး




