ကျွန်တော် အသက်က ၂၄ နှစ်ပါ။ တခါမှ မိန်ကလေးနဲ့ မဆတ်ဆံဘူပါ။ ကိုယ့်ဖါသာကို အာသာဖြေပါတယ်။ တခါတလေ အရသာရှိသလို တခါတလေ ဘာမှမခံစားရပဲ သုတ်ထွက်သွားပါတယ်။ အရှိန် အမြင့်ဆုံး ကို ရောက်ရင် အချိန်က ဘယ်လောက် ကြာပါသလည်း။ မိန်ကလေးနဲ့ဆတ်ဆံရင်ကော ဒီလိုပဲ မခံစားလိုက်ရပဲ ပြီးသွားမှာလား သိချင်ပါတယ်။ ယောက်ျားတွေ Orgasm (အော်ဂဇင်) ရလို့ လိင်ဆန္ဒပြည့်ဝသွားရင် အချိန်ဘယ်လောက်ကြာကြာ သာယာနေပါသလဲ။
သူများဖြေတာတွေက ဒီလိုရှိပါတယ် -
• “အများအားဖြင့် ၂ဝ-၃ဝ စက္ကန့်ကြာတယ်၊ ကျွန်တော်တော့ ၂ မိနစ်ကြာတယ်” လို့ ပြောသူရှိတယ်။ ဒီအဖြကို ထောက်ပြတာက သူပြောတဲ့ ၂ မိနစ်ဆိုတာ Orgasm with pissing တကယ်တန်းပြီးစီးတဲ့နောက်က အချိန်ကိုပါ ထည့်တွက်ပုံ ရတယ်တဲ့။
• “၃-၉ စက္ကန့်ကြာတယ်။ ကွာခြားတဲ့ အချိန်ဆိုတာ Level of arousal စိတ်နိုးထမှု အနည်း-အများ နဲ့ Mood စိတ်မူ အခြေအနေတွေပေါ်မှာ မူတည်တယ်။”
• “ကျွန်တော်ကတော့ ၅-၂ဝ စက္ကန့်ကြာတယ်။ လူအပေါ်မှာ မူတည်တယ်။ ပျမ်းမျှ ၁ဝ စက္ကန့်ကြာတယ်။ တခါတလေ ပြင်းထံမယ် ပိုကြာမယ်။”
• “၃ စက္ကန့်သာကြာတယ်။ တခါတလေ ပိုကြာမယ်။ အချက်ပေါင်း ၁ဝ-၁၅ ခါလောက် Sperm တုံခါမှုရတယ်။ စက္ကန့် ၃ဝ အထိလဲရှိတယ်။ “
• ကျွန်တော်က “၁၅ စက္ကန့်ကြာတယ်။”
• ကျွန်တော် ဖါသာ အာသာဖြေတာ ပြီးဘို့ရာ ၁ဝ မိနစ်ကြာတယ်။ (အော်ဂဇင်) ရနေတာ ၅ စက္ကန့်ကြာတယ်။
• “သုတေသနတခုက အမျိုးသမီးတွေက ၁၈ စက္ကန့် နဲ့ ယောက်ျားတွေက ၂၂ စက္ကန့်” တဲ့။
• ဒီတွေ့ရှိချက်နဲ့ ပြောင်းပြန်လဲရှိတယ်။ အမျိုးသမီးတွေက ပြီးစီးဘို့ အချိန်ပိုယူသလို ပြီးနေတာလဲ ပိုကြာတယ်။
• “ပိုကောင်းချင်၊ ကြာချင်ရင် Kegel exercises လုပ်ပါ” လို့ အကြံပြုတယ်။
• နောက်သုတေသနတခုအရ ယောက်ျားတွေမှာ (အော်ဂဇင်) ဖြစ်နေတာ ၁ မိနစ်နဲ့ ၁၃ စက္ကန့်ကြာတယ်။ သုက်ပိုးကောင်ရေ သန်းပေါင်း ၃ဝဝ-၅ဝဝ ထုတ်တယ်။
• Masters and Johnson ကနေလုပ်တဲ့ လေ့လာမှုအရတော့ (မာစတာဘိတ်) လုပ်တာ ၂့၎ စက္ကန့်နေရင်ပြီးတယ်။ မိန်းမလိင်အင်္ဂါထဲကို ကျားအင်္ဂါထိုးသွင်းမှုပြုချိန်ကစပြီးနောက်မှာ ၇့၃ မိနစ်နေရင် ယောက်ျားပြီး တယ်။ အမျိုးသမီးတွေက တိုက်ရိုက်နှိုးဆွမှုကိုပါလုပ်ပေးရင် ၃့၉ မိနစ်နေရင်ပြီးတယ်။ ဒါပေမဲ့ အမျိုးသမီး ၇၅% ဟာ လိင်ဆက်ဆံမှု ပြုပေမဲ့ Female orgasm အပြီးထိမရောက်ပါ။
တယောက်တည်းမှာကို တခါနဲ့တခါ မတူပါ။ ပြီးစီးမှုရလို့ သာယာနေချိန်မှာ အနှောင့်အယှက်လို၊ စိတ်ပြောင်းစရာလို ဝင်လာရင် ချက်ချင်းတန့်သွားတတ်တယ်။ တဖက်သူဆီကနေ လိင်ကတဆင့်ကူးစက်ရောဂါ ကူးလာမလား စိုးရိမ်စိတ်လဲ ရှိနေနိုင်တယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရသွားမလားလဲ စိတ်ထဲပေါ်လာနိုင်တယ်။
အဲလိုသောကတွေမရှိဘဲ စိတ်အေးလက်သာရှိနေရင် အလေ့အကျင့်ရှိသူဟာ ကောင်းနေချိန်ကို ပိုကြာစေအောင်လဲ စွမ်းနိုင်တယ်။ အချိန်ကာလကို သာမက ပြင်းအားလဲ တခါနဲ့တခါ မတူနိုင်ပါ။ ဆက်ဆံမှု မတိုင်ခင် အခြေအနေ၊ ဆက်ဆံနေချိန်၊ ဆက်ဆံသူမိန်းကလေးကို ဘယ်လို သဘောထားလဲ၊ ဆက်ဆံဘက်က ဘယ်လို တုံ့ပြန်မှုပေးသလဲ၊ နှစ်ယောက်သား အပြန်အလှန်နားလည်မှု အတိုင်းအတာ၊ ယောက်ျားသား၊ မိန်မသား တို့ရဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပါတယ်။
Male Orgasm ယောက်ျား ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/male-orgasm.html
ဒေါက်တာတင့်ဆွေ (၃-၁-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - ယောက်ျား ပြီးခြင်း (၂)




