29
Feb

ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက်

1. Depression စိတ်ဓါတ်ကျခြင်း
လိင်စိတ်ဖြစ်ပေါ်တာ ဦးနှောက်ကနေ စတယ်။ စိတ်ဓါတ်ကျနေရင် ဘယ်လိုစိတ်မျိုးမဆို ပုံမှန်မဖြစ်စေတာထဲမှာ Erectile dysfunction (ED) လိင်အင်္ဂါမသန်မာနိုင်တာလဲ ပါတယ်။ ပြဿနာက စိတ်ကျဆေးသောက် လို့ ပိုဆိုးနိုင်ပြန်သေးတယ်။

2. Alcohol အရက်
အရက်နဲနဲသောက်ရင် စိတ်ပေါ့ပါးပြီး လုပ်ရဲကိုင်ရဲဖြစ်လာမယ်လို့ ယူဆကြတယ်။ တန်ဆေး-လွန်ဘေးအစစ်က အရက် ဖြစ်တယ်။ အရက်များရင် လူရော လိင်အင်္ဂါပါ မသန်မာနိုင်မာတာ့ဘူး။ ဒီလိုဖြစ်တာက ယာယီ သဘောပါ။

3. Medications ဆေးဝါး
ED ဖြစ်စေနိုင်တဲ့ ရောဂါကု ဆေးဝါးတွေရှိတယ်။ သွေးတိုးကျဆေး၊ အနာသက်သာဆေး၊ စိတ်ကျဆေး၊ နောက်ပြီး Street drugs မူးယစ်ဆေးတွေထဲက Amphetamines, Cocaine နဲ့ Marijuana တွေ ကနေ လဲ ဖြစ်စေနိုင်တယ်။

4. Stress စိတ်-ရုပ် ဖိစီးမှု
ရုံးအလုပ်၊ အိမ်အလုပ် လုပ်စရာတွေ များနေတာကနေ လူ-စိတ်ပင်ပန်း၊ ကျားအင်္ဂါ မလန်းနိုင်ဖြစ်စေတယ်။ လူနေမှုပုံစံပြင်ပါ။ အိပ်ချိန်-စားချိန်မှန်ပါစေ။ ကိုယ်လက်လှုတ်ရှား၊ အားကစားလုပ်ပါ။ လိုအပ်ရင် ပညာရှင်နဲ့ ကုသမှုခံယူပါ။

5. Anger ဒေါသ
ဒေါသထွက်နေသူ မျက်နှာနီရဲလာတယ်။ လိင်မှုကိစ္စအတွက် သွေးပိုလျှောက်လာဘို့က ကျားအင်္ဂါမှာဖြစ်နေတယ်။ စိတ်တိုနေရင် စိတ်ကူးလေးတွေ ဘယ်လိုယဉ်မလဲ။

6. Anxiety စိုးရိမ်စိတ်
ဆက်ဆံမှု မပြုခင်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်စိတ် နည်းနေရင်၊ ဖြစ်မှဖြစ်ပါ့မလား၊ ရောဂါရမှာလား၊ ကိုယ်ဝန်ရသွားမှာလား၊ သူများတွေ သိသွား-မြင်သွားမှာလား၊ အထင်သေးသွားမှာလား၊ မုန်းသွားမှာလား စိုးရိမ်နေရင် အလုပ်မဖြစ်နိုင်ပါ။

7. Middle-Aged Spread အဝလွန်ခြင်း
လူက သူများတွေထက် သိသိသာသာဝနေရင် ကိုယ့်ကိုယ်ကိုလဲ မကျေနပ်ဖြစ်နေမယ်။ ကျား-ဟော်မုန်းကလဲ အထွက်နည်းနေမယ်။ လူကဝတော့ သွေးတိုးတို့ နှလုံးရောဂါတို့လဲ တွဲနေနိုင်တယ်။ သွေးကြောကျဉ်းတာ ဆိုရင် လိင်အင်္ဂါဆီ သွေးအလာနည်းစေမယ်။

8. Low Libido စိတ်နည်းနေခြင်း
Low libido လိင်စိတ်နည်းတာနဲ့ ED လိင်အင်္ဂါမသန်မာတာ မတူပါ။ ဖြစ်စေနိုင်တာတွေက ထပ်နေတတ်တယ်။

9. Your Health ကျန်းမာရေး
အာရုံကြော၊ ကြွက်သား၊ သွေးလှည့်ပတ်မှုတွေ ကောင်းနေရမယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောကျဉ်း၊ ဆီးအကျိတ် ရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ ဒီရောဂါအတွက် ဆေးတွေကလနေလဲ ဖြစ်နိုင်တာ တချို့ရှိတယ်။

10. How to Solve Erection Problems ဘယ်လိုကောင်းအောင်လုပ်မလဲ
ကိုယ့်လိင်ကိစ္စ အားနည်းနေတာကို ဆရာဝန်ပြောဘို့ ရှက်တတ်ကြတာ ပြောမထွက်တာ လူအများစုဖြစ်တယ်။ သူငယ်ချင်းကို တိုင်ပင်တာလဲ နည်းလှတယ်။ စာတွေဖတ်ချင်ပေမဲ့ ကောင်းတာ ဘယ်မှာရှာရမလဲ မသိဘူး။ ကြော်ညာကောင်းတာကို အဟုတ်ထင်ကြတာလဲ မနည်းဘူး။

ဒေါက်တာတင့်ဆွေ (၂၉-၂-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top