23
Jan

ယောင်္ကျားပေါင်း ၃၀ ကျော်နှင့် လိင်ဆက်ဆံပြီး HIV ပြန့်နှံ့စေခဲ့သူကို ရဲက တရားစွဲဆို

အမေရိကန် နိုင်ငံမှာ ရှိတဲ့ အသက် (၂၂) နှစ် အရွယ် တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်တဲ့ မိုက်ကယ်ဂျွန်ဆင်ဟာ ယောက်ျားပေါင်း (၃၀) ကျော်ကို HIV ပိုး ကူးစက်အောင် ပြုလုပ်ခဲ့လို့ အရေးယူမှုနဲ့ ရင်ဆိုင်နေ ရပြီ ဖြစ်ပါတယ်။ မိုက်ကယ်ဂျွန်ဆင်ဟာ မိန်းမလျာ တစ်ဦးဖြစ်ပြီး အင်တာနက် ပေါ်ကနေ ယောက်ျားတွေကို ဆွဲဆောင်စည်းရုံးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မိုက်ကယ်ဂျွန်ဆင်ဟာ အမျိုးသား အဖော်တွေနဲ့ အကာ အကွယ်မဲ့ လိင်ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူနဲ့ ပျော်ပါး ခဲ့တဲ့သူတွေ အားလုံးကိုလည်း ဗွီဒီယိုမှတ်တမ်း တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုက်ကယ် ဂျွန်ဆင်ဟာ စိန့်ချာလီမြို့က လင်အိုဝုဒ် တက္ကသိုလ်မှာ ပညာသင်ကြား နေသူဖြစ်ပြီး နပန်းကစားသမား ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က မိုက်ကယ် ဂျွန်ဆင်ကို HIV ပိုး ကူးစက်ပျံ့နှံ့စေမှုဖြင့် စွဲချက် တင်ထား ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဟာ မိုက်ကယ်ဂျွန်ဆင်ကြောင့် HIV ရောဂါပိုး ဘယ်နှယောက် ကူးစက်သွား သလဲဆိုတာ စုံစမ်း နေဆဲ ဖြစ်ပြီး ဗွီဒီ ယိုခွေ မှတ်တမ်းတွေ အရ သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သူ (၃၂) ဦးအထိ ရှိတယ်လို့ သိရပါတယ်။ တရားရေး အရာရှိ တစ်ဦးက မိုက်ကယ် ဂျွန်ဆင်ဟာ သူနဲ့ ဆက်ဆံတဲ့ အဖော်တွေကို ဗွီဒီယို ရိုက်ကူးမှု ပြုလုပ်ထားကြောင်း၊ ဒါကိုလည်း ဘယ်သူကမှ သိခဲ့ပုံ မရကြောင်း၊ ဗွီဒီယို ဖိုင်မှတ်တမ်းတွေကို သူ့ရဲ့လက်တော့ပ်မှာ သိမ်းဆည်းရမိကြောင်း ပြောကြားခဲ့ပါတယ်။

မိုက်ကယ် ဂျွန်ဆင်နဲ့ လိင်ဆက်ဆံခဲ့သူ တစ်ဦးဟာ ရောဂါကူးစက်ကြောင်း သိရှိပြီးတဲ့နောက် တိုင်ချက်ဖွင့်ခဲ့ရာမှ အခုလို အဖြစ်အပျက်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ အမှုကို ခိုင်မာစွာ တည်ဆောက် နိုင်ဖို့ မိုက်ကယ်ဂျွန်ဆင်နဲ့ ပျော်ပါးခဲ့သူတွေကို ရဲစခန်းထံ လာရောက်ပြီး ဆက်သွယ်ဖို့ တိုက်တွန်းနှိုးဆော် ထားပါတယ်။ ဒီအမှုကို စုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်နေတာ ငါးလကျော်သွားခဲ့ ပြီဖြစ်ပြီး သက်သေပြ ထွက်ဆိုချက်တွေ မခိုင်မာသေးတာမို့ ကြာမြင့်နေတာ ဖြစ်ပါတယ်။

Myawaddy News - ယောင်္ကျားပေါင်း ၃၀ ကျော်နှင့် လိင်ဆက်ဆံပြီး HIV ပြန့်နှံ့စေခဲ့သူကို ရဲက တရားစွဲဆို 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top