5
May

ရေဆန်လမ်းမှာ အားတင်းခဲ့သူ



၂၀၀၆
ခုနစ်မှာပဲ ကျွန်မဘ၀မှာ မထင်မှတ်တဲ့အဖြစ်မျိုး ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မ ဘာဆက်လုပ်ရမလဲ။
ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ HIV ပိုး ကူးစက်ခံထားရတဲ့အကြောင်း သိခဲ့ရတယ်။ ဆေးခန်းမှာ သွေးစစ်ခဲ့ရင်း သိလာခဲ့ရပါတယ်။
ပထမဦးဆုံး ကျွန်မရဲ့အသိထဲမှာ ငါဟာ သေမင်းဆီသွားဖို့ နီးနေပါလားဆိုတဲ့ အသိမျိုး ၀င်လာပါတယ်။
ကျွန်မ မသေချင်သေးဘူး။ ဒီသားလေးတွေနဲ့ ခွဲခွာပြီး ကျွန်မ မသွားချင်သေးတဲ့ အခြားဘ၀ကို
မသွားပါရစေနဲ့လားရှင်။

စားဝတ်နေရေး
ချို့တဲ့မှု၊ ခင်ပွန်းသည်ရဲ့ ငြိုငြင်မှုတွေဟာ ကျွန်မဟန်ဆောင် ရပ်တည်နေခဲ့ရတဲ့ ဘ၀ကြီးနဲ့
အင်မတန်ကို ဆိုးရွားလွန်းခဲ့ပါတယ်။ ကျွန်မကိုယ် ကျွန်မ ကြေကွဲနေလို့မဖြစ်ဘူး။ လူ့ဘ၀ကြီးကို
ဒီလိုမျိုးထပ်ဆင့် အရှုံးမပေးနိုင်ဘူးဆိုပြီး ဈေးလေးရောင်းပြီး မဲစုငွေထဲမှာ ၀င်စုခဲ့ပါတယ်။
တစ်နေ့ ၃၀၀ နှုန်းနဲ့ လူ ၁၅ ယောက် ဆယ်ရက်တစ်မဲကျကို နောက်ဆုံးမှ ရယူ ခဲ့ပါတယ်။

အဲဒီအချိန်မှာ
ကျွန်မရဲ့သားငယ်လေး ဘိုဘိုကို လွယ်ပိုးထားတာ ကိုယ်ဝန် ၇ လပြည့်ခါ နီးပါပြီ။ တကယ်တော့
လက်ရှိခင်ပွန်းဟာ ကျွန်မ အတွက်ဒုတိယ အိမ်ထောင်ပါ။ ပထမ ခင်ပွန်းရဲ့ သစ္စာ မရှိမှုကြောင့်
သားနှစ်ယောက်နဲ့ ဒုက္ခပင် လယ်ဝေခဲ့ရတဲ့ ကျွန်မဟာ နောက်ဆုံးတော့ ဆင်းရဲချို့တဲ့မှု ဒဏ်ကို
မခံနိုင်တဲ့အတွက် အိမ်ထောင်သစ်ပြုမိခဲ့ပါတယ်။ အစမှာတော့ ကျွန်မတို့အပေါ်မှာ ကောင်းမလိုလိုနဲ့
အိမ်ထောင်သက် တစ်နှစ် မပြည့်ခင်မှာပဲ ပထွေးဆိုတဲ့ ဇာတိရုပ်နဲ့ သားတွေ အပေါ် အနိုင်ကျင့်
နှိပ်စက်တော့တာပါပဲ။ ဈေးဖိုးကိုလည်း လောက်ချင်လောက် မလောက်ချင်နေ ဆိုပြီး တစ်နေ့တစ်ထောင်ပဲ
ပေးခဲ့တယ်။ ကိုယ်ဝန် ၆ လကျော်မှာ သားအငယ်လေးက ဖျားတော့ ကိုယ်ဝန်နဲ့ ဆီးစစ် သွေးစစ်ဖို့
ပေးထားတဲ့ ငွေရှစ်ထောင်ဟာ သားငယ်ရဲ့ဆေးဖိုးဝါးခနဲ့ ကုန်ခဲ့ရတယ်။ ဒါကြောင့်ပဲ အခမဲ့
သွေးစစ်ပေးတဲ့ ဆေးခန်းကို လာခဲ့ပါတယ်။ အဲဒီမှာပဲ ရောဂါပိုးဝင် ရောက်နေကြောင်းကို သိခွင့်ရခဲ့တာပါပဲရှင်။

လောကမှာ
ကောင်းလွန်လွန်းတဲ့ ပထွေးတွေ မိထွေးတွေ ရှိကြပါတယ်။ မိဘရင်းနဲ့ တန်းတူ ကြင်နာမှုပေးနိုင်တဲ့
လူတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ကျွန်မရဲ့ခင်ပွန်းများ ပါလေမလားလို့ စိတ်ကူးယဉ်ခဲ့သမျှတွေဟာ
သဲထဲ ရေသွန်ဖြစ်ခဲ့ရတယ်။ ကျွန်မရဲ့ရင်ထဲမှာတော့ အဖေအရင်း မဟုတ်တာတောင် သားနဲ့ဖအေ ချစ်ကြည်မှုကို
မြင်ချင်ခဲ့မိတယ်။ သင်္ဘောဝင်လို့ ပထွေးပြန် ရောက်ရင် အော်ဟစ်ပြေးလွှား အနားကပ်ချင်တဲ့
သားတွေကိုလည်း အော် ငေါက် မောင်းထုတ်ပစ်ခဲ့ပါတယ်။

အငယ်ဆုံးသားဖြစ်တဲ့
သူ့ရဲ့ကလေး ဘိုဘိုကို ကိုယ်ဝန်ဆောင်ထားရင်း သားအလတ်ကောင်ဟာ မိုးရွာမိုးခြိမ်းရင် ကြောက်တတ်ပေမယ့်
မအေနဲ့ ခွဲအိပ်ရတော့ မအိပ်ရဲရှာသလို ငိုလည်း မငိုရဲခဲ့ဘူး။ ကျွန်မ နားလည်ပါတယ်။ ကျွန်မသူ့ကို
ယူခဲ့ပေမယ့် အတိုက်အခံ လုပ်ပြီး သားတွေခြင်ထောင်ထဲကိုပဲ တိုးဝှေ့အိပ်ခဲ့တာ များပါတယ်။
သူ နိုးလာလို့ သူ့ဘေးမှာကျွန်မ မရှိခဲ့ရင်လည်း ရန်လုပ် ခံခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ကျွန်မရဲ့သားတွေကိုလည်း
ကိုယ်ချင်းမစာ နာ ချိုးချိုးဖဲ့ဖဲ့ အမြဲပြောဆိုတော့ သူ့ကို မမြင်ချင်လောက်အောင်ကို
မုန်းတီးမိလာပါတယ်။ ကိုယ်ချင်းစာနာမှု မရှိတဲ့ လူတစ်ယောက်ရဲ့ အနားမှာ နေရတဲ့ဒုက္ခက ငရဲမီး
အရှိန် ထင်ဟပ်နေသလိုပဲ အင်မတန် ပူလောင်လှပါတယ်။

သူနဲ့အကြောင်းဆုံပြီး
အိမ်ထောင်သစ် ထူခဲ့၊ ကိုယ်ဝန်ဆောင်ခဲ့၊HIV ရှိ တယ်လို့ သိခဲ့ရမှုတွေဟာ သူ့ကြောင့်ရယ်လို့
ယိုးစွပ်ရမှာလား။ ယခင်အိမ် ထောင်ကြောင့်လား ဆိုတာ မဝေခွဲတတ်ပေမယ့် ကျွန်မသူ့ကို နာကြည်းမုန်းတီး
နေမိပါတယ်။ ဒါပေမယ့် ကျွန်မ သားတွေနဲ့ သေကွဲမခွဲနိုင်သေးဘူးလေ။ ကျွန်မဘ၀ကို ကျွန်မ
အရှုံးမပေးချင်သေးဘူး။

ကိုယ်ဝန်
၇ လလောက်မှာ ဆရာမတွေက အိမ်လိုက်လာပြီး ရက်ချိန်း မှန်မှန်နဲ့ ဆေးတစ်မျိုးသောက်ဖို့
လိုအပ်တဲ့ အတွက် ကျွန်မနဲ့ လာတွေ့ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မ ဆေးကုသမှုကို မှန်မှန်ယူခဲ့ပါတယ်။
ကလေးကို ကာကွယ်ဖို့ အတွက် မနက် ၈ နာရီနဲ့ ည ၈ နာရီပုံမှန် ဆေးသောက်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေကလည်း
ကျွန်မကို ဂရုတစိုက်နဲ့ ကုသ စောင့်ရှောက်ပေးခဲ့ပါတယ်။

၂၀၀၇
ဧပြီလ ၆ ရက်နေ့မှာ သားလေးကို မွေးခဲ့ပါတယ်။ ဗိုက်နာလို့ မွေးခါနီးရင် သောက်ဖို့ဆေး
၃ လုံးနဲ့ သားလေးကို တစ်ရက်သားကနေ ၇ ရက်သားအထိ တိုက်ရမယ့်ဆေးရည်ကိုလည်း ပေးခဲ့ပါတယ်။
အဲဒီမှာပဲ ကျွန်မရဲ့ ပေါ့ဆမှု မဟာအမှားကြီးဟာ ပြန်ပြင်လို့မရတော့ပါဘူး။ သားလေး ဟာHIV
မလွတ်ဘဲ ကူးစက်ခဲ့ပါတယ်။ မွေးဖွားပြီးလို့ မွေးခန်းထဲက ထွက်လာကတည်းက အအေးပတ်ပြီး ကိုယ်ပူကြီးခဲ့တဲ့
သားလေးကို နောက် တစ်နေ့မနက်မှာပဲ ကလေးများ သီးသန့်ခန်းထဲ ပို့လိုက်ရပါတယ်။ သားလေးကို
တခြားကလေးတွေနဲ့ ယှဉ်ပြီး ဒီရောဂါကြောင့် ပစ်ထားကြမလားဆိုပြီး တွေးပူမိတယ်။ သားလေးသောက်ရမယ့်
ဆေးဟာ အချိုးအစား မပြည့်ဘဲ ထွေး ထုတ်ဖိတ်ဆင်မှုနဲ့ ပြန်ပြီး မခန့်မှန်းတတ်မှုဟာ သားလေးအတွက်
ဆိုးရွားတဲ့ဘ ၀ကြီးကို ရရှိစေခဲ့ပါတယ်။ ကျွန်မဘ၀မှာ သားအတွက် ကြေကွဲခံစားရခြင်း တွေကို
ရင်နှင့်အမျှ ခံစားခဲ့ရသလို ခင်ပွန်းသည်ရဲ့ ငြိုငြင်မှု၊ စီးပွားရေးမ ပြည့်စုံမှု၊ သားတွေရဲ့ထိခိုက်အနာတရ
သွေးထွက်သံယိုမှုတွေကြောင့် စိတ်ဓာတ် ကျဆင်းလာခဲ့ပြီး တစ်နေ့တခြား CD4ကိုယ်ခံအားဟာလည်း
ကျဆင်းခဲ့ ရပါတယ်။

CD4
တစ်ရာ့ခုနစ်ဆယ်ကျော်လောက်မှာHIV ပိုးထိန်းဆေး ART အတွက် ဆွေးနွေးခန်း ၀င်ခဲ့ရပါတယ်။
အဲဒီကာ လတွေမှာပဲ ထပ်ဆင့်တီဘီရော ဂါဝင်ရောက်ခံ ခဲ့ရပြီး ကုသခဲ့ရပါသေးတယ်။ တီဘီဆေး နှစ်လ
ကျော်လောက် သောက်အပြီးမှာ ဆရာတွေက ART ဆေးတိုက်ဖို့ စီစဉ်ပေးခဲ့တယ်။ မိဘ မောင်နှမ
(သို့မဟုတ်) လင်ယောက်ျား တစ်ဦးဦး ရဲ့ ပြုစုစောင့်ရှောက်သူု လက်မှတ် မထိုးပေးနိုင် တာကြောင့်
အချိန်တွေ ကြန့်ကြာခဲ့ပါတယ်။ ရုပ် ကျပြီး ပိန်လှီလာတဲ့ ကျွန်မကိုကြည့်တဲ့ ခင်ပွန်း
သည်ရဲ့အကြည့်ဟာ ကျွန်မကို မသတီစရာ သတ္တ၀ါ တစ်ကောင်လိုပဲ ခံစားခဲ့ရပါတယ်။ ဈေးဖိုးကိုလည်း
မပေးချင်တော့သလို လူကလည်း အကြောင်းမရှိ အကြောင်းရှာပြီး ပြန်မလာတော့ပါဘူး။ နောက်ပိုင်း
သူ ပေးတဲ့ ငွေကို မတတ်သာလို့ ယူငင်သုံးစွဲ နေရပေမယ့် ကျွန်မ မလိုချင်တော့ဘူး။ ဒါပေမယ့်
ချို့တဲ့ ဆင်းရဲမှုတွေကြောင့် ကျွန်မ သူ့ဆီကိုပဲ ဒူးထောက် တောင်းပန်ပြီး တစ်လ ငွေနှစ်သောင်း
ထောက်ပံ့ပေးဖို့ ခယခဲ့ ရပါတယ်။

၅.၇.၂၀၀၉
မှာ ARTအတွက် ကျွန်မရဲ့ ကြီးမေက အားတက်သရောနဲ့ လက်မှတ်ထိုး ပေးမှုကြောင့် ကျွန်မ ဒီဆေးကို
သောက်ခွင့်ရခဲ့ ပါတယ်။ ကံအားလျော်စွာပဲ ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာကိုလည်း ဆေးခန်းကနေ တစ်လတစ်ကြိမ်
ပုံမှန်ရခဲ့ပါတယ်။ သားလေးဘိုဘိုဟာလည်း ကျွန်မနဲ့အတူ ဆေးကုသမှု ခံယူရင်း ကျန်းမာ နေပါတယ်။
ကျွန်မ အခုရပ်ကွက်ထဲမှာ အ၀တ် လျှော်ပြီး စားဝတ်နေရေးကို ကြိုးစား ဖန်တီးယူ ပါတယ်။ သားကြီးက
လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးဘ၀နဲ့ မိဘကို လုပ်ကျွေးပြီး သားလတ် ကတော့ ပညာ သင်ကြားနေပါတယ်။
ကျွန်မခင် ပွန်းကတော့ လှေထွက်သွားပြီးကတည်းက ပေါ်မလာတော့တာ အခုထက်ထိပါပဲ။ သတ္တိ ဆိုတာ
သေရဲတာမှ မဟုတ်ဘဲ ဘ၀ကို ရှင်သန်ရဲ၊ ရင်ဆိုင်ရဲတာလည်း သတ္တိပါပဲဆိုတဲ့ ကျွန်မ ဆရာရဲ့
အားပေး စကားဟာ ကျွန်မအတွက် ခွန်အား တစ်ရပ်ပါပဲ။

မြင့်မြတ်နိုင်
 

Monday, 03 May 2010 03:22

ရွှေအမြူတေ
- ရေဆန်လမ်းမှာ အားတင်းခဲ့သူ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top