ဆရာဝန်များက
ရေယုန်ပေါက်သောသူများသည် HIV ဖြစ်ရန် အလားအလာပိုမိုနီးစပ်သည်ဟု ကာလရှည်ကြာစွာကပင် သံသယရှိခဲ့ကြသည်။
ထိုကဲ့သို့ သံသယရှိခဲ့သောကြောင့်ပင် ၎င်းတို့သည် ရေယုန်ကို ကုသလိုက်ရုံဖြင့် လူတစ်ဦး၏
အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် အန္တရာယ်ကို ကုသဖြတ်တောက် နိုင်မည်ဟု ထင်မြင်ယူဆခဲ့ကြသည်။
သို့ရာတွင် လေ့လာချက်အသစ်တစ်ရပ် ဤမဟာဗျူဟာကို စမ်းသပ်ခဲ့ရာတွင် ထိုယူဆချက်သည် မှားကောင်းမှားနိုင်ကြောင်း
တွေ့ရှိခဲ့ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ
လိင်မှတစ်ဆင့် ကူးဆက်တတ်သောရောဂါများ ထိန်းချုပ်ရေးအဖွဲ့မှ ညှိနှိုင်းရေးမှူး ဖရန်စစ်နဒိုဝါက
“တွေ့ရှိချက်ကတော့ စိတ်ပျက်စရာပါပဲ၊ ဒါပေမဲ့ ဒါဟာ အရေးပါ ပါတယ်”ဟု ပြောကြားခဲ့သည်။
နဒိုဝါသည်
ထိုသုတေသနနှင့် ဆက်နွှယ်သူတစ်ဦးမဟုတ်ပေ။ ထိုတွေ့ရှိဖော်ပြချက်ကို ဇွန် ၂၀ရက်တွင် ထုတ်ပြန်သော
ဆေးပညာဆိုင်ရာဂျာနယ် တစ်ခုဖြစ်သည့် ‘လန်ဆက်’တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်း - ရေယုန်ကိုကုသရုံဖြင့် အိတ်ခ်ျအိုင်ဗွီကို
ကြိုတင်ကာကွယ်နိုင်ခြင်း မရှိဟုဆို




