7
Mar

ရေယုန်ရောဂါ ပျောက်ဆေးများသည် အိတ်ခ်ျအိုင်ဗွီ ပိုးအားထိန်းချုပ်နိုင်ကြောင်းတွေ့ ရှိ





လိင်အင်္ဂါတစ်ဝိုက်တွင် ဖြစ်ပွားသော
ရေယုန်ရောဂါများအား ကုသရန်ဖန်တီးထားသော ဆေးဝါးတစ်မျိုးသည် သွေးထဲတွင်
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ် ပါဝင်မှု ပမာဏ ၇၀ ရာခိုင်နှုန်း လျော့ချပေးနိုင်ပြီး
လိင်အင်္ဂါ လမ်းကြောင်းတစ်လျောက်ရှိ အိတ်ခ်ျအိုင်ဗွီ ပမာဏ ကိုလည်း
လျော့ချနိုင်ကြောင်း ဗြိတိလျှ သုတေသန ပညာရှင်များ၏ လေ့လာစစ်ဆေးချက်အရ သိရှိရသည်။

 

ဖိလစ်မာရုတ် ဦးဆောင်သော သုတေသန ပညာရှင်များသည်
အာဖရိကတိုက် အနောက်ပိုင်း ဘာကီနာဖက်စ်ကို မြို့ တွင် အိတ်ခ်ျအိုင်ဗွီနှင့် ရေယုန်
ရောဂါစွဲကပ်နေသော အမျိုးသမီး ၁၄၀ တို့ ကိုစုစည်း၍ အမျိုးသမီးတစ်ဝက်ကို
ရေယုန်ကာကွယ်ဆေး Valacyclovir ပေး၍ အခြားတစ် ၀က်ကို အရောင်ကျဆေး Placebo သုံးလခန်
့တိုက်ကျွေးခဲ့ကြသည်။

 

လေ့လာတွေ့ ရှိချက်အရ Val acyclovir
ဆေးဝါးသုံးဆောင်သူ အမျိုးသမီးများတွင် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးသည် သွေး
တစ်မီလီမီတာတွင် ကောင်ရေ ၂၅၀၀၀ ခန့် ရှိရာ ၈၀၀၀ ခန့် အထိလျော့ကျသွားပြီး
အခြားရောင်ကျဆေး သုံးစွဲသူ အမျိုးသမီးများမှာမူ မသိမသာ တိုးပွားလာ ကြောင်းတွေ
့ရှိခဲ့ရသည်။

 

ရေယုန်ကုသဆေး Val acyclovir သည် အိတ်ခ်ျအိုင်ဗွီ
ကုသဆေး(AZT) ကဲ့သို့ အစွမ်းအာနိသင်ရှိပြီး အခြားရေယုန်ပျောက်ဆေး များသည်လည်း
အိတ်ခ်ျအိုင်ဗွီ ပြန့် ပွားမှုကို လျော့ချနိုင်ကြောင်း သုတေသီများ အဆိုအရသိရသည်။

 

Val acyclovir ဆေးသည် ရေယုန် ရောဂါ
ဗိုင်းရပ်ပိုးကောင်ရေ လျှော့နည်းစေခြင်းဖြင့် အိတ်ခ်ျအိုင်ဗွီပြန့် ပွား မှုကို
သွယ်ဝိုင်သောအားဖြင့် လျော့ချပေးပြီး ရေယုန်ရောဂါများအား ကုသခြင်းမရှိပါက
လိင်အင်္ဂါတစ်ဝိုက်တွင် အနာများဖြစ်ပေါ်လာနိုင်ကာ နောက်ပိုင်းတွင် အိတ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်ပိုးခိုအောင်ရာဆဲလ်များ ဖြစ်ပွားလာနိုင်သည်ဟု သုတေသီများက ယုံကြည်ယူဆနေကြသည်။

The Yangon
Times ( March 2007)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top