လွတ်လပ်သောအာရှအသံ
မြန်မာဌာန၊ သတင်းများ
200-08-11
မြန်မာနိုင်ငံမှာ တီဘီအဆုတ်ရောဂါ၊ ငှက်ဖျားနဲ့ HIV/AIDS
ရောဂါသုံးမျိုး တိုက်ဖျက်ရေး အကူအညီပေးမယ့် 3D ရောဂါသုံးမျိုး
ရန်ပုံငွေသစ်မှာဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၇ သန်းလောက်နဲ့ ညီမျှတဲ့ ပေါင်ငွေ
သန်း ၂၀ ထည့်ဝင်မယ်လို့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ၀န်ကြီး မစ္စတာ ဂါးရက်သ်
သောမတ်စ် (Mr.
Gareth Thomas) က သြဂုတ် ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့်
ငါးနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ပူးတွဲ အကူအညီပေးရေးရဲ့ တစိတ်တပိုင်းအနေနဲ့
ထည့်ဝင်တာ ဖြစ်ပါတယ်။
ဒီရောဂါဆိုးကြီးသုံးမျိုး တိုက်ဖျက်ရေးအတွက် အကူအညီပေးနေတဲ့
Global Fund အဖွဲ့ကြီး
မြန်မာနိုင်ငံမှာ အကူအညီပေးနေရာက မနှစ်က နုတ်ထွက်သွားခဲ့ပြီးနောက် ခုပြောနေတဲ့ 3-D အဖွဲ့ပေါ်ပေါက်လာတာပါ။
3-D ရန်ပုံငွေဟာ
ရောဂါသုံးမျိုး မဖြစ်ပွားအောင် ကာကွယ်ရေး၊ ကုသရေးနဲ့ စောင့်ရှောက်ရေး အတွက်
မြန်မာနိုင်ငံက အားကိုးရာမဲ့နေသူတွေကို အများဆုံး ထောက်ပံ့မှာပါ။ မြန်မာနိုင်ငံဟာ
ဒီတီဘီ၊ ငှက်ဖျားနဲ့ HIV
ရောဂါသုံးမျိုးကြောင့် အသေအပျောက် အမြောက်အမြားရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီရန်ပုံငွေသစ်ဟာ ဒေသအဆင့်အတွက်ဖြစ်ပြီး နိုင်ငံတကာ အစိုးရ
မဟုတ်တဲ့ NGO
တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဒေသ NGO တွေ၊ ရပ်ရွာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကဏ္ဍနဲ့ ဒေသအဆင့် ပြည်သူ
ကျမ်းမာရေး ၀န်ထမ်းတွေက ကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြည်သူ ကျမ်းမာရေး လိုအပ်ချက်အတွက် 3-D ရန်ပုံငွေအဖွဲ့ကို
ဗြိတိန်၊ သြစတေးလျ၊ ဥရောပကော်မရှင်၊ နယ်သာလန်၊ နော်ဝေးနဲ့ ဆွီဒင်စတဲ့ အလှူရှင်တွေက
ထူထောင်ခဲ့တာပါ။ နယ်သာလန် နိုင်ငံက အမေရိကန်ဒေါ်လာ သုံးဒဿမရှစ်သန်း ထည့်ဝင်ဖို့
သဘောတူထားပြီး ၂၀၀၆ ခုမှာ ဒေါ်လာ တစ်ဒဿမ ခုနှစ်သန်းနီးပါး ထုတ်ပေးပါမယ်။
မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာပေါ်ပေါက်နေပါတယ်၊
နိုင်ငံရှိ အဆင်းရဲဆုံးလူတွေနဲ့ အကူအညီမဲ့သူတွေကြား ငှက်ဖျား၊ TB နဲ့ HIV ရောဂါတွေ
ခံစားနေရပါတယ်လို့ ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိးရေးဝန်ကြီး ဂါးရက်သ် သောမတ်စ်က
ပြောပါတယ်။ FHAM လို့ခေါ်တဲ့
မြန်မာနိုင် HIV/AIDS
အေအိုင်ဒီအက်စ် ရန်ပုံငွေအဖွဲ့ကို ထောက်ပံ့ရေး အပါအ၀င် မြန်မာနိုင်ငံမှာ DFID ဗြိတိန်နိုင်ငံတကာ
ဖွံ့ဖြိုးတိုးတက်ရေးဌာနက အရင်က ဆောက်ရွက်ခဲ့တာပေါ် ရန်ပုံငွေသစ်
ထည့်ဝင်မှာဖြစ်ပါတယ်၊ အဖော်လို့ခေါ်တဲ့ ကွန်ဒွန်သုံးတာ အပါအ၀င် အန္တရာယ်ကင်းကင်း
လိင်ဆက်ဆံရေး၊ HIV ပိုးရှိစစ်ဆေးရာမှာနဲ့
ရောဂါနဲ့ ပတ်သက်ပြီး တိုင်ပင်ရာမှာ ပြင်ပမပေါက်ကြားဘဲ လျှို့ဝှက်ထားရေး HIV နဲ့
အေအိုင်ဒီအက်စ် ရောဂါရှင်တွေကို ပြုစုစောင့်ရှောက် ကုသရေး ။ အပ်နဲ့
ဆေးထိုးပြွန်လဲတာအပါအ၀င် အန္တရာယ်လျော့ပါးအောင် လုပ်ပေးရေး။ TB ဆေးနဲ့
ကုသရေး အထောက်အကူပစ္စည်းတွေ တိုးပေးရေး အများပြည်သူနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးမှာ
ငှက်ဖျားရောဂါကို ထိရောက်စွာ ကုသရေးတို့မှာ ရန်ပုံငွေ သုံးစွဲမှာဖြစ်ပါတယ်။
တရားဝင် စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၀၅ ခုက
ငှက်ဖျားရောဂါကြောင့် လူသုံးထောင်နီးပါး သေဆုံးခဲ့ တယ်ဆိုပါတယ်၊
၂၀၀၄ခုမှာ အရွယ်ရောက်သူ သုံးသိန်းကျော် HIV ရောဂါ ခံစားရတယ်လို့
ခန့်မှန်းထားတယ်။ နှစ်စဉ် HIV
ရောဂါထပ် ဖြစ်လာသူ နှစ်သောင်းခွဲရှိတယ် ခန့်မှန်းရပါတယ်။
DFID က
မြန်မာနိုင်ငံ HIV/AIDS
ရန်ပုံငွေအတွက် လွန်ခဲ့တဲ့ သုံးနှစ်က ဒေါ်လာ ၁၆ သန်းခွဲ ထည့်ဝင်ခဲ့ပါတယ်။
ဒီရန်ပုံငွေနဲ့ ၂၀၀၅ခုမှာ ကွန်ဒွန် ၄၈သန်း ဖြန့်ဝေပေးသလို လူတသိန်းခြောက်သောင်းကို
HIV
ရောဂါ အတိုင်ပင်ခံလုပ်ခဲ့ပြီး ရောဂါစစ်ဆေးခဲ့ပါတယ်။ ၂၀၀၂ ခုမှာ လူ
၈၀၀ ကို ဒီလိုဝန်ဆောင်ပေးခဲ့ပါသည်၊ AIDS ဝေဒနာရှင်တွေကို အများပြည်သူကဏ္ဍကနေ
ကုသပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်လည်မတိုင်ခင် လူနာ ၃၄၀၀ ကို NGO
ဆေးခန်းတွေနဲ့ ပြည့်သူ့ဆေးရုံးမှာ ကုသပေးခဲ့ပါတယ်။




