29
Oct

ရောဂါသုံးမျိုးရန်ပုံငွေ အစီအစဉ်များ၏ ရလဒ်များကို သုံးသပ်သည့် အစည်းအဝေးပြုလုပ်



ရောဂါသုံးမျိုးရန်ပုံငွေ (3D fund)
ပြီးခဲ့သည့်နှစ်တွင် ဆောင်ရွက်ခဲ့သော အစီအစဉ်များ၏ ရလဒ်များကို သုံးသပ်သည့် နှစ်ပတ်လည် ပြန်လည်သုံးသပ်ရေး
အစည်းအဝေးကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၄ရက်နေ့က ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။

 

ယင်း အစည်းအဝေးသို့ ကျန်းမာရေး ဝန်ကြီးဌာနမှ
တာဝန်ရှိသူများ အလှူရှင်နိုင်ငံများ ကိုယ်စားလှယ်များ ပြည်တွင် ပြည်ပ လူမှုကူညီရေး
အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ရောဂါသုံးမျိုးရန်ပုံငွေမှ တာဝန်ရှိသူများ
တက်ရောက် ခဲ့ကြကြောင်းနှင့် ဆောင်ရွက်ခဲ့သော အစီအစဉ်များ၏ ရလဒ်များကို
သက်ဆိုင်သူများအား မျှဝေလို၍ ဖြစ်ကြောင်း သိရသည်။

 

ရောဂါသုံးမျိုးရန်ပုံငွေသည်
အလှူရှင်ခြောက်နိုင်ငံဖြစ်သော သြစတေးလျ၊ ဥရောပကော်မရှင်၊ နယ်သာလန်၊ နော်ဝေ၊
ဆွီဒင်နှင့် ဗြိတိန်နိုင်ငံများမှ မြန်မာနိုင်ငံတွင် တီဘီ၊ငှက်ဖျားနှင့် ခုခံအားကျ
ကူးစက်ရောဂါများ တိုက်ဖျက်ရာတွင် အသုံးပြုနိုင်ရန် အမေရိကန်ဒေါ်လာ ၁၁၄သန်းကို
စုပေါင်း ထောက်ပံ့ကြသည့် ရန်ပုံငွေတစ်ရပ်ဖြစ်ပြီး ၂၀၀၆ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့၌
ငါးနှစ်တာ လုပ်ငန်းများ ဆောင်ရွက်ရန် စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။

 

ယခုအချိန်တွင် ရန်ပုံငွေ သတ်မှတ်ထားသော
(၂၀၀၆-၂၀၁၁) ခုနှစ်၏ အလယ်ကာလတွင် ရောက်ရှိနေချိန်ဖြစ်ပြီး အဖွဲ့၏
ဆောင်ရွက်မှုများကို လွတ်လပ်သော ဆန်းစစ်လေ့လာရေး အဖွဲ့ဖြင့် အကဲဖြတ်ခဲ့ကြောင်းနှင့်
ကျန်းမာရေး ဝန်ဆောင်မှုများကို ကောင်းစွာ ဆောင်ရွက် နိုင်ခဲ့သည်ကို ယင်းအဖွဲ့ခေါင်းဆောင်၏
ပြောကြားချက်အရသိရသည်။

 



ရောဂါသုံးမျိုးရန်ပုံငွေ
အစီအစဉ်များ၏ ရလဒ်များကို သုံးသပ်သည့် အစည်းအဝေးပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top