15
Mar

ရောမရှိ ကျောင်းတွင် ကွန်ဒုံး ရောင်းစက် ထားသဖြင့် ဗာတီကန်မှ ဝေဖန်



အီတလီနိုင်ငံ၊
ရောမ
မြို့တော်ရှိ အထက်တန်း ကျောင်းတခုက ကွန်ဒုံး ဝယ်ယူနိုင်သည့်
စက်များ
စီစဉ်ပေး ထားခြင်းအား
ဗာတီကန် နန်းတော်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ရိုမန်ကက်သလစ်
ဘာသာရေး အကြီးအမှုး နန်းတော်က ယခုလုပ်ရပ်သည် လူငယ်များနှင့် လိင်ကိစ္စကို ပိုမို နီးယှက်
ဆက်နွယ်သွား
စေမည်ဟု ကန့်ကွက်ခဲ့ခြင်း
ဖြစ်သည်။ ပုပ်ရဟန်း

မင်းကြီး၏ လက်ထောက် ဘုန်းတော်ကြီး အဂေါ့စတီနို ဗယ်လီနီက ယခုလုပ်ရပ်သည် အလွန် စိတ်ပျက်
စရာကောင်းကြောင်း အတိအလင်း
ပြောဆိုခဲ့သည်။ ယင်း အထက်တန်းကျောင်းကမူ လူငယ်ပိုင်းတွင် ကိုယ်ဝန်
ဖျက်ချမှု အရေအတွက် မြင့်
တက်လာခြင်း၊ HIV ပိုး နှင့် AIDS ရောဂါ ကူးစက်မှုများကို ကာကွယ်နိုင်ရန် ယခုလို စီစဉ်
ပေးထားခြင်းဟု ခုခံ ပြောဆိုလိုက်သည်။

ကီပီလီယို
ခေါ် ယင်းကျောင်းရှိ ကျောင်းသားများမှ အသက်(၁၅)နှစ် မှ (၁၉)နှစ်ကြား ဖြစ်ကြပြီး စုစုပေါင်း
ကွန်ဒုံးဝယ်စက် (၆)ခုကို တပ်ဆင်ပေးထားသည်။ ကျောင်းအုပ်ဖြစ်သူ အန်တိုနီယို ပန်နော့ဆီယွန်
က မိမိတို့ အနေနှင့် လူငယ်များ လိင်မှုပညာပေး

အသိနည်းပါးခြင်းကြောင့် မလိုလားအပ်သော ကိစ္စများနှင့် မကြုံတွေ့ စေလိုကြောင်း ပြောကြား
ခဲ့သည်။

ဗာတီကန်
နန်းတော်သည် ကွန်ဒုံး အသုံးပြုမှုကို အစဉ် ရှုတ်ချလေ့ရှိပြီး ယမန်နှစ်က ပုပ်ရဟန်းမင်း
ဘင်နီဒစ် (၁၆)
သည် အာဖရိက အပါအဝင် ကမ္ဘာ့နေရာ အသီးသီးတွင် AIDS ရောဂါ
ထူပြောနေမှုအတွက် ကွန်ဒုံးများ ဝေငှ
ခြင်းသည်
အဖြေ မဟုတ်ကြောင်း အတိအလင်း ဝေဖန်ခဲ့ဖူးသည်။

 

လူထုအသံ
- ရောမရှိ ကျောင်းတွင် ကွန်ဒုံး

ရောင်းစက် ထားသဖြင့် ဗာတီကန်မှ ဝေဖန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top