5
Jun

ရေကျောက်ထိုးဆေးက အိတ်ခ်ျအိုင်ဗွီပိုးကို ကာကွယ်နိုင်ဟုဆို



မကြာသေးမီက
ပြုလုပ်သော လေ့လာမူတစ်ခုအရ vaccinia အမည်ရှိ ရေကျောက် ကာကွယ်ဆေး
ထိုးသူများသည် အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုးကို  ဆန့်ကျင် ကာကွယ်နိုင်စွမ်း
ရှိကြောင်းသိရသည်။

ကယ်လီဖိုးနီးယား
တက္ကသိုလ် လော့စ်အန်ဂျလိစ်နှင့် ဂျော့ခ်ျမေဆင် တက္ကသိုလ်တို့မှ သုတေသီများက လေ့လာခဲ့ကြခြင်း
ဖြစ်သည်။ ရေကျောက်ထိုးဆေးမှာ ၁၉၅၀ နှင့် ၁၉၇၀ ခုနှစ်ကြား ကာလများက တစ်ကမ္ဘာလုံး သုံးစွဲမှု
ရပ်နားခဲ့သည်။

“အာဖရိကမှာ
အိတ်ခ်ျအိုင်ဗွီ ပျံ့ပွားနှုန်းမြန်တာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တွေ အများကြီးရှိပါတယ်။
အခုလေ့လာမှုအရ Vaccinia ဗိုင်းရပ်စ်က အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက်တာကို အဆင့်တစ်ခုအနေနဲ့
ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်” ဟု ဂျော့ခ်ျမေဆင် တက္ကသိုလ်မှ ဒေါက်တာ ရေမွှန်ဝိန်စတိန်က
ပြောသည်။

သုတေသီများက
ရေကျောက်ထိုး ဆေးသုံးသည့် လူနာများ၏ သွေးဖြူဆဲလ်များကို လေ့လာခဲ့ရာတွင် အိတ်ခ်ျအိုင်ဗွီ ပိုးနှင့်
ထိတွေ့ပြီးနောက် ကာကွယ်ဆေး ထိုးထားသူများ၏ သွေးဆဲလ်သည် အိတ်ခ်ျအိုင်ဗွီပိုး ပျံ့ပွားမှုကို
ငါးဆ ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ရေကျောက် ထိုးဆေးက အိတ်ခ်ျအိုင်ဗွီ ပိုး
မကူးစက်နိုင်ရန် ကိုယ်ခံအားကို ကာလရှည်ကြာ ပေးနိုင်သည်ဟု သိရသည်။

အခုလိုရလာဒ်မျိုးက
အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်တာကို ထိန်းချုပ် တိုက်ဖျက်နိုင်မယ့် လက်နက်သစ် တစ်ခုဖြစ်ပါတယ်” ဟု ဒေါက်တာရေမွှန်က ပြောသည်။

ရှင်းရှင်းသန့်

True: News - အတွဲ
၂၊ အမှတ် ၄၀၊ ၁ ဇွန် ၂၀၁၀ (စာမျက်နှာ ၂၉)

Souce:
Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top