<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />The Voice Journal 4/11/2007
ရေနွေးကြမ်းသောက်ခြင်းဖြင့် AIDS ရောဂါကာကွယ်ရေးကို အထောက်အကူ ပြုနိုင်ကြောင်း ဗြိတိန်သုတေသီတို့က တွေရှိခဲ့ဟု BBC သတင်းကတစ်ဆင့် သိရသည်။ လက်ဖက်ခြောက်ထဲတွင်ပါဝင်သည့် ဓါတုဒြပ်ပေါင်းတစ်ခုဖြစ်သည့် epipgallocate - chingallate ( EGCG ) သည် ဆဲလ်အတွင်းရှိ ခုခံအား စနစ်အတွင်း အရင်ဝင်ရောက်ဓါတ်ပြု နိုင်သောကြောင့် HIV ဗိုင်းရပ်စ် အနေနှင့် သမားရိုးကျ ၀င်ရောက် တိုက်ဖျက်နိုင်ချိန် မရှိတော့ဟု သိပ္ပံပညာရှင် များက ဆိုသည်။
သို့ရာတွင်ဗြိတိန်နှင့် အမေရိကန် သိပ္ပံပညာရှင်များ ပူးတွဲပြုလုပ်ခဲ့သော အဆိုပါလေ့လာတွေ့ရှိမှုသည် ကနဦးပိုင်း အဆင့်တွင်သာ ရှိသေး၍ ပို၍နက်နဲသော လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်လိုသေးသည်ဟုသိရသည်။ရေနွေးကြမ်းသောက်ခြင်းက AIDS ကူးစက်ခံရမှု အလားအလာကို လျော့နည်းစေသည့် အပြင် ရောဂါပျံ့နှံ့မှုကို နှေးကွေးစေကြောင်း တွေရှိခဲ့ရသော်လည်း ပျောက်ကင်းစေသည့် ဆေးဝါးနှင့်ကာကွယ်သည့် ဆေးဝါးအဖြစ် အသုံးမပြုနိုင်သေးပေ။သို့ရာတွင် AIDS သမားရိုကျ ဆေးဝါးများနှင့်တွဲဖက် အသုံးပြုသွားရန် လေ့လာမှုများ ဆက်လက်ပြုလုပ် သွားဦးမည်ဟု သူတေသနဦးစီးသူ ပါမောက္ခ Mike Williamson ကပြောကြားသည်။လက်ရှိအနေအထားတွင် ကွန်ဒုံးအသုံးပြုခြင်းဖြင့် AIDS ရောဂါကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားကောင်းစေနိုင်သည့် အစားအစာများ စားသုံးသွားခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု AIDS ရောဂါတိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။
ရေနွေးကြမ်းသောက်ခြင်းသည် နှလုံးရောဂါ၊ ကင်ဆာနှင့် အယ်လ်ဆိုင်းမား အစရှိသည့် ရောဂါဝေဒနာများအတွက် အထောက်အကူ အကျိုးရလဒ်များ ဖြစ်စေနိုင်ကြောင်း သိရှိပြီးဖြစ်သည်။ The Voice Journal
26
Feb




