28
Jun

“ရှေးရိုးအိန္နိယသားများ၊ လိင်ပညာရေးသင်ရိုးအပေါ်အမျက်ထွက်”



လူခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ထားမှုကို ဖေါ်ပြသည့် ရုပ်ပုံကို
အသက် ၁၅
နှစ်အရွယ် ကျောင်းသားလူငယ်
တစ်ယောက်သည် ကြည့်ရှုသင့်ပါသလား။
အိန္နိယလူမျိုးများ၏ တန်ဖိုးထားခြင်းများ၊ မျက်မှောက်ခေတ် ကိုယ်ကျင့်သိက္ခာ တို့နှင့်စပ်လျဉ်း၍
အခြေအတင် ငြင်းခုံဆွေးနွေးကြခြင်း၏ အဓိကအကြောင်း အရင်းသည် အထက်ပါ ရိုးစင်းသော မေးခွန်းလေးဖြစ်သည်။

 

အိန္နိယလူ့အဖွဲ့အစည်းသည် အရှိန်ဖြင့်ပြောင်းလဲနေသော လူမှုရေးဘ၀ကို
ဖြတ်ကျော်နေရသည်။ ယခု ငြင်းခုံမှုကယဉ်ကျေးမှုအရ လက်ခံနိုင်စွမ်းနှင့်
လိင်မှုတားမြစ်ချက်တို့၏ အစဉ်
လှုပ်ရှားပြောင်းလဲနေသော နယ်နိမိတ်နှစ်ခုကို မီးမောင်းထိုးပြသည်။
အနောက်တိုင်း အဆိုအကများ၊ ရုပ်မြင်သံကြား အစီအစဉ်များနှင့်
တစ်ကမ္ဘာလုံးနှင့်ဆိုင်သော တန်ဖိုးများနှင့်အတူ ကြီးပြင်းလာကြသော မျိုးဆက်သစ် လူငယ်များ၏
လူမှုဘ၀ပြောင်းလဲမှုကို တားဆီးပိတ်ပင်ရန် ရှေးရိုး အိန္နိယ အင်အားစုသည် အပြင်းအထန် အားထုတ်လျှက်ရှိသည်။

 

ပညာရေးဝန်ကြီးဌာနနှင့် AIDS တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ရေးဆွဲ၍၊
နိုင်ငံတော်ကျောင်းများရှိ အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွှယ် လူရွှယ်များအတွက် ရည်ရွှယ်သော
ကြီးကောင်ဝင်များအတွက် ပညာရေးအစီအစဉ်၏ သင်ရိုးတွင် တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်း
လဲလာပုံကို ရေးဆွဲထားသော ကားချပ်များပါဝင်သည်။
သင်ရိုးတွင်ပဋိသန္ဓေတား နည်းနှင်
လိင်ကြောင့်ဖြစ်ပွားသော
ရောဂါများအကြောင်း လည်းပါရှိသည်။ ဤသင်ရိုးညွှန်းတမ်းသည် ကလေးများ၏ စိတ်ဓါတ်ကိုပျက်ပြားစေသည်
စသည်
ကြောင်းအမျိုးမျိုးပြ၍ ပြည်နယ်ရှစ်ခုက ကန်ကွက်ကြသည်။

 

 AIDS တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများစိတ်ပျက်ကြရသည်။ အိန္နိယတွင်
HIV ပိုးရှိသူ 5.7 သန်း ရှိလေသည်။ ယင်းအနက် သုံးပုံတစ်ပုံသည် အသက် ၁၅ နှစ်မှ
၂၉ နှစ်အရွယ်တွင်းမှဖြစ်သည်။ ဤကိစ္စသည် ယဉ်ကျေးမှုအခြေခံ သဘောတရားများနှင့် စပ်လျဉ်း၍
အခြေအတင် ဆွေးနွေးရမည့်ကိစ္စမဟုတ်ပါ။ လူ့အသက်များကို ကယ်တင်ရမည့်အခြေခံ

ကိစ္စဖြစ်သည်ဟု AIDS ဌာနညွှန်ကြားရေးမှုး ဆူဂျာသာရောင်းကပြောသည်။ လက်ရှိမျိုးဆက်သစ်
လူငယ်များသည် လိုက်လျော ညီထွေရှိကြ၍ လိင်အကြောင်း ပိုမိုသိကြပါသည်။


သတင်းအချက်အလက်
နည်းပညာကြောင့်
လိင်ဆိုင်ရာ
သတင်းအချက်အလက် များကို လွယ်လွယ်ကူကူ လေ့လာနိုင်ကြပါသည်။ အန္တရယ်ကြီးမားပုံကို သိရှိရန်
ဗဟုသုတရှိဖို့လိုပါသည်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲမှုများကို ရိုးရာဖက်တွယ်ထားသူများ
အမှီမလိုက်နိုင်
ဖြစ်နေကြပါသည်။ လေ့လာမှုတစ်ခုက အိန္နိယ ဆယ်ကျော်သက် ၈%သည် ရှောင်တခင်
လိင်ဆက်ဆံမှု ပြုလုပ်သည် ဟုဆိုသည်။ အသက် ၁၈ မှ ၃၀အတွင်း အမျိုးသမီး လေးယောက်တွင် တစ်ယောက်နှုံး
လက်မထပ်မီ လိင်ဆက်ဆံမှု ပြုသည်ကိုတွေ့ရသည်။ လွန်ခဲ့သော ဆယ်နှစ်ခန်
က ဆိုလျှင် ဤကိစ္စမျိုး သင်ကြားရန်မလိုအပ်ပါ။

 

ယခု အခါအိန္နိယသည် အနောက်ယဉ်ကျေးမှုနှင့်
ပို၍ပို၍ရောထွေးလာရပါသည်။ ရုပ်မြင်သံကြားနှင်
အင်တာနက်တွင် အိမ်ထောင်စု ပြင်ပဖိုမကိစ္စများ၊ အမျိုးသမီးက စတင်သည့် အဖြစ်အပျက်များကို
မကြာခဏမြင်တွေ
နေရသဖြင့် လူရွယ်တို့ကိုယ်တိုင်က
စမ်းကြည့်ချင်နေကြသည်။ တကယ့်ပြဿနာမှာ လိင်ပညာသင်ကြားရေး
သင်ရိုးမဟုတ်၊ ဖေါ်ပြပါရုပ်ရှင်၊ ဗီဒီယို၊ အင်တာနက် ဇာတ်လမ်းများသာဖြစ်ပါသည်
ဟုအမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးမှုး ဗန်ဒါနာရှားမားက ပြောဆိုပါသည်။



ရှေးရိုးအိန္နိယသားများ၊ လိင်ပညာရေးသင်ရိုးအပေါ်အမျက်ထွက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top