11
Dec

ရွှေ့ပြောင်းအလုပ်သမားများ အိပ်ခ်ျအိုင်ဗီ အဖြစ်များ



ကမ္ဘာ့ပေါ်တွင်
အိပ်ခ်ျအိုင်ဗီ ကူးစက်ခံ ထားရသူ ၆၄ သန်းမျှရှိနေပြီး ကူးစက် ခံရသူ အများစုမှာ ရွေ့ပြောင်း
အလုပ် လုပ်ကြသူများဖြစ်ကြောင်း ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၂၂)ကြိမ်မြောက်
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မူးယစ်ဆန့်ကျင်ရေး အသင်းမှ တာဝန်ရှိသူက
ပြောသည်။

ကူးစက်ခံသူများအနက်
ရွှေ့ပြောင်း အလုပ်လုပ်သူများမှာ ပိုမိုလွတ်လပ်မှုရှိ ၍ အခြားသူများထက် ပိုမို ကူးစက်ခံနေ
ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုသူများမှာ
မိသားစုနှင့် ဝေးကွာခြင်း၊ အလုပ်ပင်ပန်းမှုတို့ကို ဖြေဖျောက်ရန် အပေါင်းအသင်းများ နှင့်ဆုံ၍
အပျော်အပါးလိုက်စားခြင်း၊ အရက်သေစာသောက်စားခြင်း၊ ကွန်ဒုံးအသုံးမပြုဘဲ အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်း တို့ကြောင့် ယခုကဲ့သို့ ကူးစက်ခံရ ခြင်းဖြစ်သည်။

"ရွှေ့ပြောင်းအလုပ်လုပ်သူမှာ
အိပ်ခ်ျ အိုင်ဗီပိုး ကူးစက်ခံရမှု၊ ပျံ့နှံ့မှုကို ကာကွယ်ဖို့ အလွန်အရေးကြီး လာပြီ။ ဒီလူတွေကနေ
တခြားသူတွေကို ကူးစက်ပျံ့နှံ့စေပါတယ်"ဟု ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိ သူတစ်ဦးက
ပြောသည်။

မြန်မာနိုင်ငံတွင်
အိပ်ခ်ျအိုင်ဗီဖြစ်ပွားသူ ဦးရေမှာ ၂၀၀၀ ပြည့်နှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ
၂၀၀၅ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်းနှင့် ၂၀၀၇ ခုနှစ် တွင်
သုည ဒသမ ၆၇ ရာခိုင်နှုန်း ထပ်မံ လျော့ကျခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြထားသည်။

၂၀၀၈
ခုနှစ်တွင် လိင်ကိစ္စနှင့် စီးပွားရှာသူများ၊ လိင်တူဆက်ဆံသူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ
အုပ်စုတွင် အိပ်ခ်ျအိုင်ဗီ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးတက်လာသည့်အပြင် ပြုစု
ကုသမှုခံယူသူဦးရေလည်း တိုးပွားလာကြောင်း၊ သို့သော် နည်းပညာဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာနှင့်
လူ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကန့်သတ်ချက်များမှာ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင်
အဟန့်အတား ဖြစ်နေကြောင်းလည်း ဖော်ပြထားသည်။



မြန်မာတိုင်းမ် - ရွှေ့ပြောင်းအလုပ်သမားများ
အိပ်ခ်ျအိုင်ဗီ အဖြစ်များ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top